Saturday, May 25, 2013

လက်နက် အရောင်း အ၀ယ်ဂိုဏ်း ဒက္ကားမြို့တွင် ဖမ်းမိ

မြန်မာ နယ်စပ် အနီး တွင် ဘင်္ဂလာဒေခ်ျ့မှ နယ်ခြားစောင့် တပ်ရင်း တစ်ရင်း တိုးချ

New BGB Battalion opened Burma border

မြန်မာနယ် အနီးတွင် တည်ရှိသော ဘင်္ဂလာဒေခ်ျ့မှ ရာမူး (ပန်းဝါ) မြို့နယ်တွင် နယ်ခြားစောင့် ဘီဂျီဘီ တပ်ရင်း တစ်ခုကို တိုးချလိုက်သည်ဟု သိရသည်။

ဂျပန်ဝန်ကြီးချုပ် အာဇာနည်ဗိမာန်ကို သွားရောက်ဂါရ၀ပြု

ဂျပန်ဝန်ကြီးချုပ် အာဇာနည်ဗိမာန်ကို သွားရောက်ဂါရ၀ပြု 

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ မေလ ၂၅ရက်နေ့ မနက်က ရန်ကုန်မြို့ အာဇာနည်ဗိမာန်ကို သွားရောက် ဂါရ၀ပြုနေပုံ မြင်ကွင်း။ (Photos: Reuters) - From : DVB TV News —

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ မေလ ၂၅ရက်နေ့ မနက်က ရန်ကုန်မြို့

မေလ ၂၅ ရက် မြန်မာစံတော်ချိန် နံနက် ဝ၉၃ဝ နာရီတွင် တွေ့မြင်ရသည့် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်

Photo: မေလ ၂၅ ရက် မြန်မာစံတော်ချိန် နံနက် ဝ၉၃ဝ နာရီတွင် တွေ့မြင်ရသည့် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် တိမ်ထု ဖြစ်ပေါ်မှု အခြေအနေဖြစ်ပါသည်။ လေဖိအားနည်းဆဲလ် သို့မဟုတ် လေဖိအားနည်း ရပ်ဝန်း ဖြစ်ပေါ်နိုင်မည့် အခြေအနေမရှိသေးပါ။

အေးချမ်းမွန် Credit & Copy From >MMweather Page < Thank For Your Post
သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်
မေလ ၂၅ ရက် မြန်မာစံတော်ချိန် နံနက် ဝ၉၃ဝ နာရီတွင် တွေ့မြင်ရသည့် ဘင်္ဂလားပင်လယ်အော်နှင့်

“ရင်သားကင်ဆာ ဓာတ်ရောင်ခြည်ကုထုံးသစ် ဂျပန်တွင် စမ်းသပ်”

Photo: “ရင်သားကင်ဆာ ဓာတ်ရောင်ခြည်ကုထုံးသစ် ဂျပန်တွင် စမ်းသပ်”

ဂျပန်နိုင်ငံမှ ကင်ဆာရောဂါ အထူးကု ဆရာဝန် တစ်ဦးသည် ရင်သားကင်ဆာအတွက် ထိရောက်မှုရှိပြီး ခွဲစိတ်ကုသမှု မပါဝင်သည့် ရေတို ဓာတ်ရောင်ခြည် ကုထုံးသစ်တစ်ခုကို ပထမဆုံးအကြိမ် စတင် စမ်းသပ်လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဒေါက်တာ ကူမီကို ကာရာဆာဝါက သူမအနေဖြင့် အားပြင်းသည့် ion ဓာတ်ရောင်ခြည် ကုထုံးတစ်ခုကို ဆေးရုံဆေးခန်းတွင် အသုံးပြုသည့် ပထမဆုံး စမ်းသပ်မှုကို လုပ်ဆောင်နေခြင်းဟု ရှင်းပြခဲ့သည်။ အမျိုးသား ဓာတ်ရောင်ခြည် သိပ္ပံဌာနကလည်း အဆိုပါ စမ်းသပ်မှုအတွက် ပါဝင်ကူညီ ပံ့ပိုးပေးခဲ့သည်။

ဟောလီးဝုဒ်မင်းသမီး အန်ဂျလီနာ ဂျိုလီ၏ သားမြတ်ဖြတ်ထုတ် ကုသမှုနှင့်အတူ ကမ္ဘာပေါ်တွင် ရင်သားကင်ဆာ တိုက်ဖျက်ရေး လုပ်ငန်းကို တစ်ကမ္ဘာလုံး စိတ်ဝင်စားမှု မြင့်တက်နေချိန်တွင် ယခုကုထုံးသစ်ကို ကာရာဆာဝါက စမ်းသပ်လာခြင်း ဖြစ်သည်။

Read more http://www.planet.com.mm/news/read.cfm/id/21618


ဂျပန်နိုင်ငံမှ ကင်ဆာရောဂါ အထူးကုဆရာဝန် တစ်ဦးသည် ရင်သားကင်ဆာအတွက် ထိရောက်မှုရှိပြီး

“လူမျိုးရေးခွဲခြားမှုအတွက် ပြစ်ဒဏ်ချမှတ်မှုပုံစံသစ် FIFA အဆိုပြု”

Photo: “လူမျိုးရေးခွဲခြားမှုအတွက် ပြစ်ဒဏ်ချမှတ်မှုပုံစံသစ် FIFA အဆိုပြု”

ဘောလုံးပွဲစဉ်အတွင်း လူမျိုးရေးခွဲခြားမှုအတွက် ပြစ်ဒဏ်ချမှတ်မှုပုံစံသစ်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က မိတ်ဆက် အဆိုပြုလိုက်ပြီ ဖြစ်သည်။ FIFA က အဆိုပြုလိုက်သည့် အရေးယူမှုအသစ်အရ လူမျိုးရေးခွဲခြားသည့် ကစားသမားကို ၅ ပွဲပယ်ပြစ်ဒဏ် ချမှတ်မည်ဖြစ်သည်။ 

ထို့အတူ တစ်ဖက်အသင်း ကစားသမားအား ပရိသတ်များ အနေဖြင့် လူမျိုးရေးခွဲခြားစော်ကားမှု ပြုမူကြောင်း တွေ့ရှိရပါက ထိုပရိသတ်များ၏ သက်ဆိုင်ရာ ဘောလုံးကလပ်အသင်းအား အမှတ်လျှော့ပြစ်ဒဏ် ချမှတ်သွားမည်ဖြစ်သည်။

Read more http://www.planet.com.mm/news/read.cfm/id/21619
ဘောလုံးပွဲစဉ်အတွင်း လူမျိုးရေးခွဲခြားမှုအတွက် ပြစ်ဒဏ်ချမှတ်မှုပုံစံသစ်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်

အိမ်ရိုက် သံဟောင်း ခုနစ်ချောင်း မျိုချခဲ့သူအား ဖြူးမြို့ ပြည်သူ့ ဆေးရုံ၌ အောင်မြင်စွာ ခွဲစိတ် ဖယ်ရှားပေးနိုင်

အိမ်ရိုက် သံဟောင်း ခုနစ်ချောင်း မျိုချခဲ့သူအား ဖြူးမြို့ ပြည်သူ့ ဆေးရုံ၌ အောင်မြင်စွာ ခွဲစိတ် ဖယ်ရှားပေးနိုင်
ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့နယ် ပြည်သူ့ဆေးရုံ၌ အိမ်ရိုက်သံဟောင်း ခုနစ်ချောင်း  မျိုချခဲ့သူအား အရေးပေါ်ခွဲစိတ်ပြီး   အသက်ကယ် ပေးနိုင်ခဲ့ကြောင်း သိရသည်။

ဝက်ဘ်ဆိုဒ်များ လွတ်လပ်ခွင့် အဖွဲ့ (Web Freedom Group) ၏ အဖွဲ့ဝင်သစ် FACEBOOK

Photo: ၀က်ဘ်ဆိုဒ်များ လွတ်လပ်ခွင့် အဖွဲ့ (Web Freedom Group) ၏ အဖွဲ့ဝင်သစ် FACEBOOK

Facebook ကုမ္ပဏီသည် အင်တာနက် လွတ်လပ်ခွင့်နှင့် သုံးစွဲသူများ လုံခြုံမှုဆိုင်ရာ အခွင့်အရေးများ မြှင့်တင်နိုင်ရန်
ရည်ရွယ် ဖွဲ့စည်းထားသော အစိုးရ မဟုတ်သည့် အဖွဲ့အစည်း ကမ္ဘာလုံးဆိုင်ရာ ကွန်ယက် ချိတ်ဆက်မှု ကနဦး အဖွဲ့ (GNI)  ၏ အပြည့်အ၀ အဖွဲ့ဝင်အဖြစ် ယမန်နေ့က ၀င်ရောက်ခဲ့ကြောင်း သိရှိရသည်။

 Facebook သည် ဒီမိုကရေစီနှင့် နည်းပညာစင်တာ ၊ သတင်းထောက်များ ကာကွယ်ရေးနှင့် အီလက် ထရွန်နစ် ဖောင်ဒေးရှင်း အစရှိသည့် IT အဖွဲ့အစည်းများ ၊ Microsoft ၊ Yahoo ၊ Google အစရှိသည့် အင်တာနက် ၀န်ဆောင်မှု ကုမ္ပဏီတို့လည်း အဖွဲ့ဝင်များ အဖြစ် ပါဝင်သည့် GNI တွင် ပထမ တစ်နှစ်တာ ကာလက လေ့လာသူ အဖြစ်သာ ပါဝင်ခွင့်ရခဲ့သည်။
 
ယခုကဲ့သို့ အပြည့်အ၀ အဖွဲ့ဝင်အဖြစ် တရားဝင် ၀င်ရောက်လာပြီး နောက်ပိုင်း Facebook နှင့် အတူတကွ လက်တွဲကာ ကမ္ဘာတစ်ဝှမ်း အင်တာနက် သုံးစွဲသူများအတွက် တစ်ဦး တစ်ယောက်ချင်း လုံခြုံမှုများ ၊ 

Network ကွန်ယက် ချိတ်ဆက်မှုများတို့နှင့် ပတ်သက်ပြီး လွတ်လပ်စွာ လုပ်ဆောင် သွားနိုင်ရန် မျှော်လင့်ကြောင်း ၊ GNI အဖွဲ့ဝင်များ အနေဖြင့် အချင်းချင်း စည်းလုံး ညီညွတ်စွာဖြင့် အင်တာနက် ၀န်ဆောင်မှု လုပ်ငန်းများမှတဆင့် ကမ္ဘာ့နိုင်ငံ အသီးသီး၏ နိုင်ငံရေး ၊ 

စီးပွားရေးနှင့် လူမှုအရေး အခန်းကဏ္ဍများ အတွက် တဖက်တလမ်းမှ ထောက်ကူပေးနေသည့် အကျိုးရလာဒ်ကောင်းများ ပေါ်ထွက် လာစေရန် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း GNI အုပ်ချုပ်မှု ဒါရိုက်တာ တစ်ဦးဖြစ်သည့် Susan Morgan က ပြောကြားခဲ့သည်။

 Facebook အနေဖြင့်လည်း အဖွဲ့အစည်းမှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လူ့အခွင့်အရေး လွတ်လပ်မှု အပြည့်ဖြင့် အင်တာနက် ၀န်ဆောင်မှုများအား ချိတ်ဆက် ဆောင်ရွက်နိုင်ရန် ပါဝင် ပူးပေါင်းသွားမည် ဖြစ်ကြောင်း Facebook မှ ဒုဥက္ကဌ Elliot Schrage ကလည်း ပြန်လည် ကတိပြု ပြောကြားခဲ့သည်။
 
Source: AFP

MRTV4
Facebook ကုမ္ပဏီသည် အင်တာနက်လွတ်လပ်ခွင့်နှင့် သုံးစွဲသူများလုံခြုံမှုဆိုင်ရာ အခွင့်အရေး များ မြှင့်တင်နိုင်ရန် ရည်ရွယ်ဖွဲ့စည်းထားသော အစိုးရမဟုတ်သည့် အဖွဲ့အစည်း ကမ္ဘာလုံးဆိုင်ရာ

အင်းစိန်မြို့နယ်တွင် အသက် ၅၀ ခန့်ရှိ စိတ်ကျန်းမာရေးမကောင်းသူအားမုဒိမ်းမှုကျူးလွန်

၂၃.၅.၂၀၁၃ ရက်နေ့ ၁၀၀၀ အချိန်ခန့်တွင် အင်းစိန်မြို့နယ်နေ မ---- သည် အတူနေ စိတ် ကျန်းမားရေး မကောင်းသူမိခင် ဒေါ်------၊ (၅၀) နှစ် နှင့်အတူ လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင်သို့ တီဗွီ

ဆင်းရဲတဲ့ ကလေးငယ်တွေအတွက် ပညာသင်ထောက်ပံ့ရေး ဆွေးနွေး

Photo: ဆင်းရဲတဲ့ ကလေးငယ်တွေအတွက် ပညာသင်ထောက်ပံ့ရေး ဆွေးနွေး

နောင်လာမယ့် ၂၀၁၃-၂၀၁၄ ခုနှစ်မှာ မြန်မာတစ်ပြည်လုံးမှာ ပညာသင်ကြားဖို့ ခက်ခဲနေသေးတဲ့ ကလေးငယ်တွေအတွက် ပညာသင်ထောက်ပံ့မှုတွေ ပေါ်ထွက်လာနိုင်အောင် သမ္မတဆီတင်ပြဖို့ စီစဉ်ထားတယ်လို့ ကရုဏာလူမှုဘ၀မြှင့်တင်ရေးအဖွဲ့က ပြောပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ကျင်းပခဲ့တဲ့ လက်လုပ်လက်စား အခြေခံလူတန်းစားကလေးများ ပညာသင်ထောက်ပံ့ခြင်း အလုပ်ရုံဆွေးနွေးပွဲကိုစီစဉ်တဲ့ ကရုဏာလူမှုဘ၀မြှင့်တင်ရေးအဖွဲ့ ဥက္ကဌ ဦးအာကာစိုးနောင်က အဲသလို ပြောကြားခဲ့တာပါ။

"ကလေးတွေကို မြေတောင်မြှောက်ပေးခြင်းအားဖြင့် ကလေးတွေရဲ့ဘဝကို ဂရုစိုက်ပေးခြင်းအားဖြင့် လာမယ့် ၂ဝ၁၄၊ ၂ဝ၁၅ မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒီလုပ်ငန်းကိုလုပ်နိုင်အောင် ကြိုးစားပြီးတော့ အကောင်အထည်ဖော်နိုင်မယ်ဆိုလို့ရှိရင် ကျနော်တို့နိုင်ငံဟာ လာမယ့် ၁ဝ နှစ်၊ ၁၅ နှစ်အတွင်းမှာ ဆင်းရဲမွဲတေမှုတွေလည်း လျော့ကျသွားမယ်၊ မှုခင်းတွေလည်းလျော့ကျသွားမယ်၊ ပိုပြီးတော့ အေးချမ်းသာယာဝပြောတဲ့ တိုင်းပြည်ဖြစ်လာမယ်"

ဆင်းရဲနွမ်းပါးသူ မိဘတွေရဲ့ သားသမီးတွေ ပညာသင်ကြားနိုင်ဖို့ ရည်ရွယ်ပြီး ဒီဆွေးနွေးပွဲကို ကျင်းပတာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကို ရန်ကုန်တိုင်းထဲက ဆင်းရဲသားလူတန်းစားတွေ အများစုနေထိုင်ကြတဲ့ လှိုင်သာယာ၊ ရွှေပြည်သာ၊ မှော်ဘီ၊ တောင်ဒဂုံစတဲ့ မြို့နယ်တွေက ဆရာ၊ ဆရာမတွေ တိုင်းဒေသကြီး အစိုးရတာဝန်ရှိသူတွေနဲ့ ပညာရှင်တွေ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။
နောင်လာမယ့် ၂၀၁၃-၂၀၁၄ ခုနှစ်မှာ မြန်မာတစ်ပြည်လုံးမှာ ပညာသင်ကြားဖို့ ခက်ခဲနေသေးတဲ့

Friday, May 24, 2013

တာဝန်ခံတဲ့ ရင်းနှီးမြှုပ်နှံမှု အစီရင်ခံလွှာတင်ပြဖို့ အမေရိကန်အစိုးရ ကြေညာ

Photo: တာဝန်ခံတဲ့ ရင်းနှီးမြှုပ်နှံမှု အစီရင်ခံလွှာတင်ပြဖို့ အမေရိကန်အစိုးရ ကြေညာ

မြန်မာနို်င်ငံတွင်း ဒေါ်လာ ၅ သိန်းအထက် ရင်းနှီးမြုပ်နှံလုပ်ကိုင်နေတဲ့ အမေရိကန်လုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့လုပ်ကိုင်နေတဲ့လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး  ရင်းနှီးမြုပ်နှံမှုဆိုင်ရာတာဝန်ခံမှု ပထမအစီရင်ခံလွှာကို တင်သွင်းရမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ကြေညာပါတယ်။

တင်သွင်းရမယ့် အစီရင်ခံလွှာမှာ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ မြေယာအခွင့်အရေး၊ လူမှုအဖွဲ့အစည်းတွေနဲ့ ညှိုနှိုင်းတိုင်ပင်မှု၊ သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေး၊ ၊ အဂတိလိုက်စားမှု ရှောင်ကြဉ်ရေး၊ လုံခြုံရေးဆိုင်ရာ စီမံဆောင်ရွက်မှုတွေ၊  လုပ်ငန်းဆိုင်ရာ ကြုံတွေ့ရနိုင်တဲ့ အန္တရာယ်တွေနဲ့ ဆိုးကျိုးဖြစ်နိုင်တာတွေကို သုံးသပ်ကာကွယ်လျှော့ချနိုင်မှု၊ အစိုးရကို ငွေပေးချေမှု၊ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းမှာ  ရင်းနှီးမြုပ်နှံလုပ်ကိုင်မှုအခြေအနေ၊  အစိုးရစစ်တပ် သို့မဟုတ် အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့  ထိတွေ့ဆက်စပ်မှုစတာတွေကို ဖေါ်ပြရမှာဖြစ်ကြောင်း သိရပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံတွင်း ရင်းနှီးမြုပ်နှံဆောင်ရွက်ရာမှာ အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ကိုက်ညီမှုရှိ မရှိ အမေရိကန်လုပ်ငန်းရှင်တွေက ပြန်လည်အစီရင်ခံတင်ပြဖို့ လိုအပ်ကြောင်း၊ မြန်မာနိုင်ငံမှာ  တာဝန်သိ၊ တာဝန်ခံတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံရေး ယဉ်ကျေးမှု ပေါ်ပေါက်လာဖို့အတွက်  အမေရိကန် စီးပွားရေးလုပ်ငန်းတွေက စံပြဖြစ်လာနိုင်မယ်လို့ မျှော်လင့်ကြောင်း၊ ဒီလိုတာဝန်ခံတဲ့ ရင်းနှီးမြုပ်နှံမှုတွေကြောင့် အပြောင်းအလဲတွေ ထပ်မံပေါ်ပေါက်လာပြီး၊ ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့အတူ မြန်မာပြည်သူတွေရဲ့ ဘ၀လူမှုဖူလုံရေးအတွက် အထောက်အပံ့တွေဖြစ်လာနိုင်မယ်လို့ ယုံကြည်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
မြန်မာနို်င်ငံတွင်း ဒေါ်လာ ၅ သိန်းအထက် ရင်းနှီးမြုပ်နှံလုပ်ကိုင်နေတဲ့ အမေရိကန်လုပ်ငန်းရှင်တွေ

မြန်မာရှိ အမေရိကန် စီးပွားရေးလုပ်ငန်း အစီရင် ခံစာများ တင်ဖို့ ရက် သတ်မှတ်

မြန်မာနို်င်ငံမှာရင်းနှီးမြှုပ်နှံနေတဲ့ အမေရိကန်စီးပွားရေးလုပ်ငန်းတွေအနေနဲ့ အခုလာမယ့် ဇူလှိုင် ၁ ရက်နေ့မှာ တာဝန်သိရင်းနှီးမြုပ်နှံမှုဆိုင်ရာ ပထမဆုံးအစီရင်ခံစာကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနထံ တင်သွင်းကြရမှာဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ မြန်မာနိုင်ငံတွင်း တာဝန်သိရင်းနှီးမြှုပ်နှံ မှု တွေဖြစ်ဖို့နဲ့ မြန်မာနိုင်ငံအပြောင်းအလဲတွေအားဖြစ်စေဖို့ ရည်ရွယ်တာဖြစ်တယ်လို့ အမေရိကန်နိုင် ငံခြားရေး ဌာနက ထုတ်ပြန်လိုက်ပါတယ်။ ဒီအကြောင်းကိုတော့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

သီချင်း အလွတ်ရခြင်းနှင့် ကျန်းမာရေး အကျိုးကျေးဇူး

songs 
တော်တော်များများ ဖြစ်ကြမှာပါ။ စာကျက်ရင်တော့ အလွတ်မရပဲ သီချင်းကျတော့ တစ်ခါနားထောင်ရင် အလွတ်ရသွားတာတို့။ သုံးလေးခါ နားထောင်တာနဲ့ပေါ့။ ဟုတ်ကဲ့။ အဲဒါ ကောင်းတဲ့ အမှုအကျင့်ပါ။ 

ကချင် ဒုက္ခ သည် ကလေး များ ကျောင်း ဆက် တက် ရန် ခက်ခဲနေ

Photo: ကချင် ဒုက္ခသည် ကလေးများ ကျောင်းဆက်တက်ရန် ခက်ခဲနေ

မေလ ၂၄ ရက် ၂၀၁၃ 

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်စပ် နမ့်ခမ်းမြို့နယ်ရှိ ကချင်စစ်ဘေးရှောင် နေ၀န်းနီ ပလောင်ဒုက္ခသည်စခန်းမှ ကလေးငယ်များသည် စာမေးပွဲအောင်သော်လည်း အတန်းတက်ရန် အခက်အခဲရှိနေကြောင်း သတင်းရရှိသည်။

ဒုက္ခသည်စခန်းတွင် ကျောင်းနေအရွယ်ကလေး ၃၄ ယောက်ရှိပြီး နမ့်ခမ်းမြို့နယ်ရှိ ကျောင်းများ၌ ၂၀၁၂-၂၀၁၃ စာသင်နှစ် တ၀က် တက်ရောက်၍ စာမေးပွဲ ဖြေဆိုခဲ့ကြသူများ ဖြစ်သည်။

ထိုကလေးများသည် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် နောက်အတန်း တတန်း တက်ရောက်ရန် စာမေးပွဲ အောင်မြင်သော် လည်း ကျောင်းပြောင်း လက်မှတ် မပါရှိသောကြောင့် ကျောင်းမှလက်မခံသေးကြောင်း ပလောင် အမျိုးသမီး အစည်းအရုံးမှ ဒေါ်လွင်မိုခမ်း က ပြောပြသည်။

နေ၀န်းနီ ဒုက္ခသည်စခန်းတွင် ကူညီနေသူ ပလောင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ မှ ဦးဘသန်း ကလည်း“မနှစ်က စာသင်နှစ် ၀က် လက်ခံတာက ကျောင်းက ယာယီပဲတက်မှာဆိုပြီး လက်ခံထားတာလို့ ပြောတယ်။ ဒါပေမယ့် အခုတက်မယ်ဆိုရင် ကျောင်းမှာစာရင်းသွင်းဖို့ ကျောင်းပြောင်းလက်မှတ် ပါမှ တက်လို့ရမယ်တဲ့”ဟု ပြောသည်။

ကလေးမိဘများ အနေဖြင့် ခရီးဝေးခြင်း၊ ကုန်ကျစရိတ်မတတ်နိုင်ခြင်း တို့ကြောင့် မူလကျောင်းများသို့ ပြန်၍ ကျောင်းပြောင်း လက်မှတ် ယူရန် အခက်အခဲဖြစ်နေကြကြောင်းလည်း သိရသည်။

ဦးဘသန်း က ဆက်လက်ပြီး မြို့နယ်ပညာရေးမှူးနှင့် ဆွေးနွေး၍ ကျောင်းပြောင်းလက်မှတ်ရယူရန် ကူညီသွားမှာဖြစ်ကြောင်းနှင့် ကလေးများ ယခု ပညာသင်နှစ်တွင် ကျောင်းတက်ခွင့် ရရန် အတတ်နိုင်ဆုံး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။

နေ၀န်းနီ ဒုက္ခသည်စခန်းမှ တာဝန်ခံ ဦးကျော်ဆွေကလည်း“အစက ကလေးတွေ အောင်စာရင်းမှာ နာမည် မပါလာလို့ စိတ်ပူသွားတယ်။ အတန်း တက်ဖို့ စာရင်းသွင်းရမှာပါ။ ကျောင်းပြောင်းလက်မှတ်ရရင် အဆင်ပြေပါပြီ”ဟု ဆိုသည်။

နေ၀န်းနီဒုက္ခသည်စခန်းတွင် မိသားစုပေါင်း ၉၇ စုရှိပြီး ကလေးအများစုမှာ ၅ နှစ်အောက် ကလေးများဖြစ်ကြောင်း၊ တချို့ကျောင်း နေအရွယ် ကလေးများမှာ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းမျာသို့ ပို့ထားကြောင်း သိရသည်။

နေ၀န်းနီဒုက္ခသည်စခန်းတွင် စစ်ဘေးရှောင် ဒုက္ခသည်များအား ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ပြီး ထားရှိခဲ့ခြင်း ဖြစ်သည်။

ယခုမိုးရာသီဝင်ရောက်ပြီ ဖြစ်သောကြောင့် ဒုက္ခသည်စခန်းများရှိ ကလေးငယ်များ ၀မ်းပျက် ၀မ်းလျှော ဖြစ်ပွားမည်ကို စိုးရိမ်ရကြောင်းနှင့် ဆေးဝါးမလုံလောက်မှုလည်း ရှိကြောင်း ဒုက္ခသည်စခန်း တာဝန်ရှိသူများက ပြောသည်။

လက်ရှိတွင် ဒုက္ခသည်စခန်း၏ စားရေးသောက်ရေးအတွက် ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်မှ လစဉ် ဆန်ထောက်ပံ့မှုရှိပြီး ဒုက္ခသည်များကို ကူညီနေသည့် ကရုဏာ အဖွဲ့က တရက်လျှင် ဒုက္ခသည် တဦးအတွက် ကျပ်၂၀၀ ထောက်ပံ့ကြောင်း သိရသည်။

“ဒုက္ခသည်တွေအတွက် အိမ်ဆောက်ပေးဖို့ ရှိတယ်။ ပစ္စည်းမစုံသေးလို့ မဆောက်ဖြစ်သေးတာ။ အခုမိုးရာသီအတွက်တော့ နေ စရာ နေရာ အဓိကပဲ”ဟု ဦးကျော်ဆွေ က ဆိုသည်။

ဒုက္ခသည် အများစုမှာ ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မန်စီမြို့နယ် အူလံဘာ ကျေးရွာအုပ်စုရှိ အထက် မန်လွယ်ရွာ၊ အောက် မန်လွယ်ရွာနှင့် ကျူဝိုင်း ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်လာကြသူများ ဖြစ်သည်။

နမ့်ခမ်းမြို့နယ်တွင် ဒုက္ခသည်စခန်းပေါင်း ၄ ခုရှိပြီး မိသားစုဝင်ပေါင်း ၃၀၀ ကျော် ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်း အစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့အကြား ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဒေသခံ ကချင်ပြည်သူ သောင်းချီ၍ စစ်ပြေးဒုက္ခသည်များအဖြစ် ဒုက္ခသည် စခန်းများတွင် နေထိုင်ကြရဆဲ ဖြစ်သည်။

ဧရာဝတီ
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်စပ် နမ့်ခမ်းမြို့နယ်ရှိ ကချင်စစ်ဘေးရှောင် နေ၀န်းနီ ပလောင်ဒုက္ခသည် စခန်းမှ ကလေးငယ်များသည် စာမေးပွဲအောင်သော်လည်း အတန်းတက်ရန် အခက်အခဲရှိနေကြောင်း သတင်းရရှိသည်။

လိုအပ်ချက်ကြောင့် တီထွင်ပညာရှင်ဖြစ်ခဲ့သော ရောဂါသည် တစ်ဦး

chinese 
Necessity is the Mother of Invention ဆိုတဲ့ ဆိုရိုးစကားအတိုင်းပါပဲ။ လိုအပ်ချက်ကြောင့် တကယ်ပဲ ကမ္ဘာကျော် တီထွင်ပညာရှင်ဖြစ်သွားသူကတော့ တရုတ်နိုင်ငံ၊ နန်ကျင်းပြည်နယ်က အမျိုးသား တစ်ဦး ဖြစ်ပါတယ်။ ဖြစ်ပုံက ဒီလို ဖြစ်ပါတယ်။

ကမ္ဘာ့ ပထမဆုံး နိုဘယ်ဆု ရရှိသော အမျိုး သမီး

noble 
ပိုလန်နိုင်ငံမှာဖွားပြီး ပြင်သစ်မှာ ရူပနဲ့ ဓာတုဗေဒပညာ လေ့လာတဲ့ Marie Curie အမည်ရ အမျိုးသမီး ဟာ ကမ္ဘာ့ပထမဆုံးနိုဘယ်လ်ဆုရှင် အမျိုးသမီးဖြစ်ပါတယ်။ ဒါကြောင့် ပိုလန်ငွေစက္ကူတွေထဲမှာလည်း သူမပုံကို ထည့်သွင်း အသိအမှတ်ပြုခဲ့ကြပါသေးတယ်။

ယာဉ်ကြော ပိတ်မှု လျော့ ချရေး အမြန်မြို့ပတ် လမ်းများဖောက် မှု ရန်ကုန်မြို့ပြ စီမံကိန်း တွင်ပါဝင်

Photo: ယာဉ်ကြောပိတ်မှု လျော့ချရေး အမြန်မြို့ပတ်လမ်းများဖောက်မှု ရန်ကုန်မြို့ပြ စီမံကိန်းတွင်ပါဝင်

မေလ ၂၄ ရက် ၂၀၁၃ 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် JICA တို့ ပူးပေါင်း အကောင်အထည်ဖော်မည့် မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းတွင် ယာဉ်ကြောပိတ်ဆို့မှုများ လျော့ချနိုင်ရေးအတွက် အမြန်မြို့ပတ်လမ်းများ ဖောက်လုပ်မှုလည်း ပါဝင်မည်ဖြစ်ကြောင်း JICA လေ့လာရေးအဖွဲ့ (ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး စီမံကိန်း) မှ သိရှိရသည်။

ရန်ကုန်မြို့တွင် ယာဉ်အစီးရေများစွာ တိုးပွားလာမှုကြောင့် မြို့တွင်းနှင့် နေရာအများစုတွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားလာကြောင်း၊ မဟာရန်ကုန် မြို့ပြစီမံကိန်းတွင် ယာဉ်ကြောပိတ်ဆို့မှုများကို လျော့ချနိုင်ရန်အတွက် အမြန်မြို့ပတ်လမ်းအပြင် လမ်းကွန်ရက်များ ပြုလုပ်ရန်ပါ ထည့်သွင်းထားသည်ဟု သိရသည်။

လက်ရှိ ရန်ကုန်မြို့လယ် ဗဟိုစီးပွားရေးဇုန်တွင် ယာဉ်သွားလာမှု၊ ယာဉ်ကြော သိပ်သည်းမှု များပြားနေရာ ယင်းနေရာများသို့ ၀င်ထွက်သွားလာရန်အတွက် ခရီးသွား ပြည်သူများ အနေဖြင့် အချိန်များစွာ ကုန်ဆုံးနေရကြောင်း၊ ယင်းအတွက် အမြန်မြို့ပတ်လမ်းများမှာ ယာဉ်ကြောပိတ်ဆို့မှုနှင့် အချိန်ကုန်ဆုံးမှုတို့အား လျော့ချပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၏ ဒေသန္တရ စီမံကိန်း ဥပဒေကြမ်းတွင် ရန်ကုန်မြို့ပြင်မှပတ်၍ အမြနမြို့ပတ်လမ်းနှင့် ရထားလမ်း ဖောက်လုပ်ခြင်းတို့ကို ပြုလုပ်မည်ဟု ရည်မှန်းထားသည့်အပြင် ရန်ကုန်မြို့လယ် စီးပွားရေးဇုန်အတွင်း ယာဉ်သိပ်သည်း ကျပ်တည်းမှု လျော့ချနိုင်ရန်အတွက် မြို့လယ်စီးပွားရေး ဇုန်အတွင်းပတ်၍ ပြေးဆွဲမည့် မိုးပျံရထား စနစ်ကိုပါ ပြုလုပ်ရန်လည်း ရည်မှန်းထားသည်။

ရန်ကုန်မြို့တွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်တွင် ဘတ်စ်ကားဖြင့် စီးနင်းအသုံးပြုမှုမှာ ၈၅ ရာခိုင်နှုန်းဖြင့် အများဆုံး ဖြစ်နေပြီး ယာဉ်ကြောပိတ်ဆို့မှု များကြောင့် လိုရာခရီးကို ရောက်ရှိအောင် အချိန်များစွာပေး၍ သွားလာနေရသည်။

သို့ဖြစ်ရာ ရန်ကုန်မြို့၏ မြို့ပြ သယ်ယူပို့ဆောင်ရေး စီမံကိန်းအတွက် အများပြည်သူ၏ ခရီးသွားလာမှုဆိုင်ရာ စစ်တမ်းကို JICA မှ လာမည့် ဇွန်လတွင် ရန်ကုန်စည်ပင် နယ်နိမိတ် ၃၃ မြို့နယ်နှင့် စည်ပင် ပြင်ပနယ်နိမိတ် ၆ မြို့နယ် စုစုပေါင်း ၃၉ မြို့နယ်ရှိ အိမ်ထောင်စုပေါင်း ၁၂၀၀၀ ကျော်ထံမှ ကောက်ယူသွားမည်ဖြစ်ပြီး ယင်းစစ်တမ်းမှ ရရှိသော အချက်အလက်များကို မူတည်၍ Master Plan ရေးဆွဲမည်ဖြစ်ကာ ရန်ကုန်မြို့တွင် နေထိုင်သော သူများနှင့် လူ့အဖွဲ့အစည်းများအား ထိရောက်ကောင်းမွန်သည့် ပြည်သူ့သယ်ယူ ပို့ဆောင်ရေးစနစ်နှင့် လမ်းကွန်ရက်များ လျင်မြန်စေရန် ဦးတည်သွားမည်ဟု သိရသည်။

Eleven
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် JICA တို့ ပူးပေါင်း အကောင်အထည်ဖော်မည့် မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းတွင် ယာဉ်ကြောပိတ်ဆို့မှုများ လျော့ချနိုင်ရေးအတွက် အမြန်မြို့ပတ် လမ်းများ ဖောက်လုပ်မှုလည်း ပါဝင်မည်ဖြစ်ကြောင်း JICA လေ့လာရေးအဖွဲ့ (ရန်ကုန်မြို့ပြ သယ်ယူ ပို့ဆောင်ရေး စီမံကိန်း) မှ သိရှိရသည်။

ဝင်ငွေခွန်၊ ကုန်သွယ် လုပ်ငန်းခွန် စသည့် ပြည်သူများ လိုက်နာနိုင်မှု မရှိ သည့် အခွန် များအား အသစ်ပြန် လည် ပြဋ္ဌာန်းမည်

Photo: ၀င်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန် စသည့် ပြည်သူများ လိုက်နာနိုင်မှု မရှိသည့် အခွန်များအား အသစ်ပြန်လည် ပြဋ္ဌာန်းမည်

မေလ ၂၄ ရက် ၂၀၁၃ 

ဝင်ငွေခွန်၊ ကုန်သွယ်ခွန် စသည့် ပြည်သူများ လိုက်နာနိုင်မှု မရှိသည့် အခွန်စည်းကြပ်များအား ပြည်သူများ လိုက်နာနိုင်သည့် အနေအထားအထိ ရောက်ရှိရန် အသစ်ပြန်လည် ပြဋ္ဌာန်းမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ သိရသည်။

မြန်မာနိုင်ငံ၏ GDP တွင် အခွန်ပါဝင်မှု အချိုးမှာ သုံးရာခိုင်နှုန်းခန့်သာ ရှိနေပြီး အခွန်ဆိုင်ရာ နယ်ပယ်ကျယ်ပြန့်ပြီး ပြည်သူများ လိုက်နာနိုင်သည့် နှုန်းထားသို့ ရောက်ရှိရန် ယခင်နှစ် ဧပြီ ၁ ရက်မှ စတင်၍ အခွန်နှုန်းထားများ ပြင်ဆင်သတ်မှတ်ခဲ့သော်လည်း ပြည်သူများ လိုက်နာနိုင်မှု နည်းပါးသည့်အတွက် ဥပဒေသစ် ထပ်မံပြဋ္ဌာန်းရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

''ပြည်သူတွေ လိုက်နာနိုင်တဲ့ နှုန်းထားအထိ ရောက်အောင် ၀င်ငွေခွန်တွေ ကုန်သွယ်လုပ်ငန်းခွန်တွေကို အသစ်ပြန်လည် ပြဋ္ဌာန်းပါမယ်'' ဟု ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ထို့ပြင်၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အစဖြစ်သည့် ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်မှ စတင်၍ ရုံးခွန်နှင့် တံဆိပ်ခေါင်းခွန်များအား အစပေါင်း ၁၀၀ အထိ တိုးမြှင့်ခဲ့သော်လည်း ပြည်သူများအကြား လိုက်နာနိုင်မှု မရှိသည့်အပြင် ရုံးခွန်နှင့် တံဆိပ်ခေါင်းခွန်များ ပြန်လည်လျော့ချပေးရန် ဆန္ဒဖော်ထုတ်မှုများ နိုင်ငံတော် သမ္မတထံ တင်ပြမှုများ ဖြစ်ပွားခဲ့သဖြင့် ပြန်သူများ လိုက်နာနိုင်စေရန် ရာခိုင်နှုန်း ၁၀၀ အထိ တိုးမြှင့်ခဲ့သည့် တံဆိပ်ခေါင်းခွန်နှင့် ရုံးခွန်များအား ရာခိုင်နှုန်း ၃၀ အထိ လျော့ချမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ သိရသည်။

''လာမယ့်ဇွန်လအတွင်း ပြန်လည်ကျင်းပမယ့် လွှတ်တော်မှာ အဆပေါင်းများစွာ တင်ထားတဲ့ ရုံးခွန်၊ တံဆိပ်ခေါင်းခွန်တွေကို အဆပေါင်း ၃၀ အထိ လျော့ချဖို့ အတည်ပြု ဆွေးနွေးပြီးရင် တရားဝင် ထုတ်ပြန်ပေးပါတယ်'' ဟု ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင် ဦးဖြိုးမင်းသိန်းက ဆိုသည်။

လက်ရှိကောက်ခံနေသော အခွန်များနှင့် ပတ်သက်၍ စိစစ်ကြပ်မတ်ခြင်း၊ အကြံပြုခြင်းများ ဆောင်ရွက်နိုင်ရန် အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့အား မေ ၈ ရက်က ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

အဆိုပါအဖွဲ့ အနေဖြင့် ရသင့်ရထိုက်သော အခွန်များရရှိရန်၊ နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီရန်၊ လက်ရှိအခွန် ကောက်ခံမှုနှင့် ပတ်သက်၍ လေ့လာသုံးသပ် အကြံပြုရန်နှင့် မြန်မာနိုင်ငံ၏ အခွန်ကောက်ခံမှု စနစ်တကျ ဖြစ်စေရေးနှင့် အခွန်ပြည့်ပြည့်၀၀ ရရှိစေရေး စသည့်လုပ်ငန်းစဉ်များ လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

Eleven
ဝင်ငွေခွန်၊ ကုန်သွယ်ခွန်စသည့် ပြည်သူများ လိုက်နာနိုင်မှုမရှိသည့် အခွန်စည်းကြပ်များအား ပြည်သူများ လိုက်နာနိုင်သည့် အနေအထားအထိ ရောက်ရှိရန် အသစ်ပြန်လည် ပြဋ္ဌာန်းမည်ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ သိရသည်။

သမ္မတအိုဘားမား စစ်တက္ကသိုလ်မှာ မိန့်ခွန်းပြော

သမ္မတအိုဘားမား စစ်တက္ကသိုလ်မှာ မိန့်ခွန်းပြော
Friday, May 24, 2013

အမေရိကန်စစ်တပ်အနေနဲ့ တကယ့်ကို မသုံးမဖြစ်တဲ့ အခြေအနေ ရောက်တော့ မှ အဝေးထိန်း Drone ယာဉ်တွေသုံးပြီး တိုက်ခိုက်တာဖြစ်တယ်လို့ သမ္မတ ဘရက်အိုဘားမားက ပြောလိုက်ပါတယ်။ Drone ယာဉ်တွေသုံးပြီး တိုက်ခိုက်မယ့် အစား အမေရိကန် စစ်တပ်အနေနဲ့ ဖမ်းဆီးမှု၊ စစ်ဆေးမှုနဲ့ အကြမ်းဖက်သမားတွေကို ဖမ်းဆီးမှုတွေကို အရင်လုပ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

Fort McNair မှာ ရှိတဲ့ စစ်တက္ကသိုလ်မှာ သမ္မတအိုဘားမား ကြာသပတေးနေ့ က မိန့်ခွန်းပြောခဲ့တာမှာ al-Qaida အကြမ်းဖက်အဖွဲ့နဲ့ သူ့ရဲ့ အဖွဲ့ဝင်တွေအပေါ်မှာ အမေရိကန် စစ်တပ်က ပစ်မှတ်ကိုမလွဲနိုင်အောင် အတတ်နိုင်ဆုံးလုပ်တဲ့ နည်းကို သုံးတယ်လို့ သမ္မတက ပြောခဲ့ပါတယ်။ အင်မတန်လျှို့ဝှက်ပြီး လူသိရှင်ကြားပြောခဲလှတဲ့ Drone တွေသုံးပြီး ဒုံးလက်နက်နဲ့ တိုက်ခိုက်မှုတွေဟာ လုပ်သင့်တယ်ဆိုတာကို သမ္မတက ရှင်းပြခဲ့တာဖြစ်ပါတယ်။

တခြားနိုင်ငံတွေမှာ အမေရိကန်စစ်တပ်ရဲ့ လုပ်ရပ်တွေဟာ နိင်ငံခြားက လူတွေရဲ့ သဘောထား အမြင်တွေအပေါ် သက်ရောက်မှုရှိပြီး နောက်ထပ် ရန်သူတွေ တိုးလာစေနိုင်တဲ့ အန္တရာယ်ရှိတယ်ဆိုတာကိုလည်း သမ္မတအိုဘားမားက အသိအမှတ်ပြုပြောခဲ့ပါတယ်။

ဒါပေမဲ့ သေကြေစေတဲ့ တိုက်ခိုက်မှုတွေလုပ်နိုင်ဖို့ ကြံစည်နိုင်အောင် အကြမ်းဖက်သမားတွေဘက်က ခြေကုပ်ယူတာကို အမေရိကန်ဘက်က ခွင့်မပေးနိုင်ဘူးလို့လည်း မိန့်ခွန်းထဲမှာ ပြောသွားပါတယ်။ တခြားနိုင်ငံတွေမှာ အမေရိကန်တို့ရဲ့ မောင်းသူမဲ့ Drone ယာဉ်တွေသုံးပြီးတိုက်ခိုက်မှုကြောင့် အမေရိကန်နိုင်ငံသား ၄ ယောက်သေဆုံးခဲ့တယ်လို့ အမေရိကန် အစိုးရက ပြောပြီး နာရီပိုင်းအကြာမှာပဲ ခုလို သမ္မတက ပြောခဲ့တာပါ။

သေဆုံးသွားသူတွေထဲက တယောက်ဟာ အမေရိကန်အပေါ် အကြမ်းဖက်လုပ်ရပ်တွေလုပ်ဖို့ ရည်ရွယ်ချက်နဲ့ ပါကစ္စတန် ကို ထွက်သွားသူဖြစ်တယ်လို့ အမေရိကန် လုံခြုံရေးတပ်ဖွဲ့များဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

VOA
အမေရိကန်စစ်တပ်အနေနဲ့ တကယ့်ကို မသုံးမဖြစ်တဲ့ အခြေအနေ ရောက်တော့ မှ အဝေးထိန်း Drone

အခြားဘာသာကို ထိပါးပုတ်ခတ် ဟောပြောလျှင် ရာဇသတ်ကြီးဥပဒေဖြင့်အရေးယူနိုင်ဟုဆို

မြန်မာနိုင်ငံအခြေခံဥပဒေ၏ ပြဋ္ဌာန်းချက်အရ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသည့်အတွက် ဘာသာတစ်ခုမှ

စီးပွားရေး ပိတ်ဆို့မှုအပြီး ၀င်ရောက်လာသည့် အမေရိကန် အခြေစိုက် GE ကုမ္ပဏီ မြန်မာနိုင်ငံတွင် ရုံးခန်းဖွင့်

Photo: စီးပွားရေး ပိတ်ဆို့မှုအပြီး ၀င်ရောက်လာသည့် အမေရိကန် အခြေစိုက် GE ကုမ္ပဏီ မြန်မာနိုင်ငံတွင် ရုံးခန်းဖွင့်

စီးပွားရေး ပိတ်ဆို့မှုအပြီး ၀င်ရောက်လာသည့် အမေရိကန် အခြေစိုက် General Electric ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင် ရုံးခန်းဖွင့်လှစ်ပြီး ဖြစ်ကြောင်း မေလ ၂၃ ရက်က ရန်ကုန်မြို့ရှိ ချက်ထရီယမ်ဟိုတယ်၌ ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် GE ၏ အာဆီယံဆိုင်ရာ အမှုဆောင်အရာရှိချုပ် Mr. Stuart L Dean ကပြောကြားသည်။

GE ကုမ္ပဏီအနေဖြင့် အာဆီယံဒေသအတွင်း မြှုပ်နှံမှုများအနက် မြန်မာနိုင်ငံသည် ကိုးနိုင်ငံမြောက်ဖြစ်ပြီး အာဆီယံနိုင်ငံများတွင် အလျင်မြန်ဆုံး တိုးတက်နိုင်သည့် နိုင်ငံတစ်ခုဖြစ်ကြောင်း Mr. Stuart L Dean က ဆိုသည်။

GE အနေဖြင့် မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍတွင် အဓိက ဈေးကွက်ချဲ့ထွင်နေပြီး အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းအင်ထုတ်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေး စသောကဏ္ဍများတွင် မြန်မာအစိုးရနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း Mr. Stuart L Dean က ပြောကြားသည်။

''အမေရိကန်နိုင်ငံက လုပ်ငန်းကြီးတွေ မြန်မာနိုင်ငံအတွင်း ၀င်ရောက်နေသလို ဂျပန်က လုပ်ငန်းတွေကလည်း မြန်မာနိုင်ငံထဲကို အလုံးအရင်းနဲ့ဝင်ရောက်နေပါတယ်။ အမေရိကန်နဲ့ ဂျပန်က ပြိုင်ဘက်အသွင်ဆောင်တယ် ဆိုပေမယ့် လုပ်ငန်းအပေါ် ချဉ်းကပ်ပုံ ကွာပါတယ်။ ဂျပန်လုပ်ငန်းရှင်တွေက အစိုးရကို အားထားလေ့ ရှိတဲ့အတွက် စီမံကိန်းကြီးတွေ လုပ်ခွင့်ရလေ့ ရှိပါတယ်။ အမေရိကန် ကုမ္ပဏီတွေက ဈေးကွက်ကို အဓိကထားပြီး ပုဂ္ဂလိက လုပ်ငန်းတွေကို လုပ်ပါတယ်။ GE အနေနဲ့ မိတ်ဖက်ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ အခြေခံ အဆောက်အအုံတွေ တိုးမြှင့်အောင် ပူးပေါင်းလုပ်ဆောင်ပါမယ်'' ဟု Mr. Stuart L Dean က ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ၏ ကျန်းမာရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်နိုင်ငံ အခြေစိုက် General Electric ကုမ္ပဏီမှ GE Foundation ထူထောင်ပေးနိုင်ဖွယ်ရှိကြောင်း ၎င်းက ပြောကြားသည်။ စီးပွားရေး ပိတ်ဆို့မှုများအပြီး ပထမဆုံး ၀င်ရောက်လာသည့် အမေရိကန်နိုင်ငံ အခြေစိုက် ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံ၏ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်လုပ်ဆောင်ရန် စီစဉ်မည်ဖြစ်ကြောင်း Mr. Stuart L Dean က ပြောကြားသည်။

''ကျွန်တော်တို့ GE ကုမ္ပဏီရဲ့ ဒုတိယ ဥက္ကဋ္ဌက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကြေညာချက်တစ်ရပ် ထုတ်ပြန်ဖို့ ရှိပါတယ်။ မြန်မာနိုင်ငံအတွက် အကူအညီတွေ ပေးအပ်ဖို့ ရှိပါတယ်'' ဟု Mr. Stuart L Dean က ဆိုသည်။

မြန်မာနိုင်ငံအတွင်း တရားဝင်ရုံးခွဲ ဖွင့်လှစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲအား တွေ့ရစဉ်(ဓာတ်ပုံ-ဖြိုးဝေ)
မြန်မာနိုင်ငံအတွင်း တရားဝင်ရုံးခွဲ ဖွင့်လှစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲအား တွေ့ရစဉ်
စီးပွားရေး ပိတ်ဆို့မှုအပြီး ၀င်ရောက်လာသည့် အမေရိကန် အခြေစိုက် General Electric ကုမ္ပဏီ

ရှားပါးမျိုးနွယ်ဝင် ဧရာဝတီလင်းပိုင် သုံးကောင်ပေါက်ဖွားမှု မိုးဦးကာလ သားပေါက်ရာသီတွင် ပထမဆုံး တွေ့ရှိ

Photo: ရှားပါးမျိုးနွယ်ဝင် ဧရာဝတီလင်းပိုင် သုံးကောင်ပေါက်ဖွားမှု မိုးဦးကာလ သားပေါက်ရာသီတွင် ပထမဆုံး တွေ့ရှိ

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာအတွင်း၌ မေလဆန်းပိုင်းက သားပေါက်ကောင်ရေ သုံးကောင် ပေါက်ဖွားခဲ့ကြောင်း သိရပြီး မိုးဦးကျကာလ သားပေါက်ရာသီတွင် ပထမဆုံးအကြိမ် တွေ့ရှိမှတ်တမ်းတင် နိုင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ယင်းသို့ လင်းပိုင်သားပေါက် သုံးကောင်ကို တစ်လလျှင် နှစ်ကြိမ်ပြုလုပ်လျက်ရှိသော ပုံမှန်လေ့လာမှု ခရီးစဉ်၌ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ဧရာဝတီလင်းပိုင် အုပ်စုလိုက်မှာ မြစ်ကမ်းကြီးနှင့် ကမ်းဗြူအကြားတွင် ကျက်စားလျက်ရှိသည်။

''မေလဆန်း လေ့လာမှု ခရီးစဉ်တုန်းက ပေါက်ဖွားတာ မတွေ့ခဲ့ရဘူး။ မေ ၁၈ ရက် ခရီးစဉ်မှာတော့ ဆယ်ရက်သားလောက် အကောင်ပေါက် သုံးကောင်နဲ့ ၁၄ ကောင်ရှိတဲ့ လင်းပိုင်အုပ် တွေ့ရတယ်။ လင်းပိုင်း ပေါက်ဖွားတဲ့အချိန်က ဆောင်းတွင်းနဲ့ မိုးဦးကျကာလလို့ သတ်မှတ်ထားပြီး ကျွန်တော်တို့ လေ့လာမှတ်တမ်း တင်နိုင်ခဲ့တာ။ ဒီဇင်ဘာလ အတွင်းမှာ နှစ်ကြိမ်ရှိခဲ့တယ်။ မိုးဦးကျကာလ သားပေါက်ရာသီမှာ အခု ပထမဆုံး မှတ်တမ်းတင်နိုင်တာပါ'' ဟု ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး တာဝန်ခံ တစ်ဦးဖြစ်သူ ဦးဟန်ဝင်း (မျိုးသုဉ်း/ရှားပါး)က ပြောကြားသည်။

မင်းကွန်း-ကျောက်မြောင်းကြား ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာအတွင်း၌ ၂၀၀၈ ခုနှစ် ၀န်းကျင်က လင်းပိုင်ကောင်ရေ ၁၇ ကောင်ခန့်၊ ၂၀၁၂ ခုနှစ်တွင် ၂၂ ခန့် တွေ့ရှိမှတ်တမ်းတင်ထားပြီး ၂၀၁၃ ခုနှစ်ဆန်းပိုင်းတွင် လင်းပိုင်သုံးကောင် သေဆုံးခဲ့ရာ ရှားပါးမျိုးနွယ်ဝင် လင်းပိုင်များ၏ ရှင်သန်ပေါက်ဖွားမှုမှာ စိုးရိမ်ဖွယ် အခြေအနေ ဖြစ်လာခဲ့သည်ဟု ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး အဖွဲ့မှ သုံးသပ်ထားသည်။

''သားပေါက် သုံးကောင်ကို တစ်နေရာတည်း တစ်ချိန်တည်းမှာ တွေ့ရတာ ၀မ်းသာစရာ အခြေအနေပါ။ ဒါပေမဲ့ နုနယ်ပြီး ခံနိုင်ရည် နည်းသေးတဲ့ ၁၀ ရက်သား (နှစ်ပတ်သား) လောက် အရွယ်ပဲ ရှိသေးတာမို့ မြစ်ကမ်းကြီးနဲ့ ကမ်းဗြူကြား ဧရိယာအတွင်းမှာ အတတ်နိုင်ဆုံး ငါးဖမ်းပိုက်မျောတာ၊ ရှော့ခ်တိုက်ငါးဖမ်းတာမျိုး မလုပ်ကြရင် အကောင်းဆုံးပါ'' ဟု ဦးဟန်ဝင်းက ပြောသည်။

ဧရာဝတီမြစ်ကြောင်းတွင် သွားလာနေသော လင်းပိုင်သားပေါက် တစ်ကောင်နှင့် မိခင်အား တွေ့ရစဉ်။ (ဓာတ်ပုံ -ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးအဖွဲ့)
ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာအတွင်း၌ မေလဆန်းပိုင်းက သားပေါက်ကောင်ရေ သုံးကောင် ပေါက်ဖွားခဲ့ကြောင်း သိရပြီး မိုးဦးကျကာလ သားပေါက်ရာသီတွင် ပထမဆုံး အကြိမ် တွေ့ ရှိမှတ်တမ်းတင် နိုင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

The Moon Hotel တွင်တည်းခိုနေသည့် ဂျပန်နိုင်ငံသားဆေးရုံပို့စဉ်သေဆုံးသေမှုသေခင်းဖွင့်

Photo: The Moon Hotel တွင်တည်းခိုနေသည့် ဂျပန်နိုင်ငံသားဆေးရုံပို့စဉ်သေဆုံးသေမှုသေခင်းဖွင့်

လှိုင်မြို့နယ်၊ (၁)ရပ်ကွက်၊ ရွာမကျောင်းလမ်းရှိ The Moon Hotel တွင် ၂၁.၅.၂၀၁၃ ရက်နေ့ တွင်ရောက်ရှိတည်းခိုနေထိုင်နေသော ဂျပန်နိုင်ငံသား Mr.NISHIWAK ISAO ၊ ၆၆ နှစ်၊

ပတ်စပို့အမှတ် 
TK 7018485 ဗီဇာအမျိုးအစား I 202241 သည် ၂၃.၅.၂၀၁၃ 
ရက်နေ့ ည ၂၀၃၀ အချိန်ရင်ဘတ်အောင့်သဖြင့် ရန်ကုန်ဆေးရုံကြီးသို့ အငှားယာဉ်ဖြင့် ပို့စဉ် လမ်း၌သေဆုံးသွားခဲ့၍ ဆေးရုံကြီးမှ
PR 131 ဖြင့်လက်ခံထားရှိကာ လှိုင်မြို့မရဲစခန်း မှ သေမှုသေခင်းရေးဖွင့်ဆောင်ရွက် ထားရှိ ကြောင်းသတင်းရရှိပါသည်။

Posted From Yangon Police
လှိုင်မြို့နယ်၊ (၁)ရပ်ကွက်၊ ရွာမကျောင်းလမ်းရှိ The Moon Hotel တွင် ၂၁.၅.၂၀၁၃ ရက်နေ့ တွင်ရောက်ရှိတည်းခိုနေထိုင်နေသော ဂျပန်နိုင်ငံသား Mr.NISHIWAK ISAO ၊ ၆၆ နှစ်၊ ပတ်စပို့အမှတ်

မင်္ဂလာဒုံမြို့နယ်တွင် အငှားယာဉ်မောင်းမှ ကားပျက်သည်ဟုပြော၍ သံဃာတော်များမှဆင်းတွန်းပေးစဉ် မောင်းနှင်ထွက်ပြေး

Photo: မင်္ဂလာဒုံမြို့နယ်တွင် အငှားယာဉ်မောင်းမှ ကားပျက်သည်ဟုပြော၍ သံဃာတော်များမှဆင်းတွန်းပေးစဉ် မောင်းနှင်ထွက်ပြေး

ဒဂုံမြို့နယ်၊ သီလဘန်ကျောင်းတိုက်နေ ဆရာတော်ဦးနန္ဒာသာရ၊ (၆၃)နှစ်၊ ၀ါတော် (၄၃) ၀ါ သည် ၂၂.၅.၂၀၁၃ ရက်နေ့ တွင်ရေးမြို့နယ်မှ ရာဇာမင်းကားဖြင့် ရန်ကုန်သို့လိုက်ပါလာပြီး ၂၃.၅.၂၀၁၃ ရက်နေ့ ၀၁၀၀ အချိန် အောင်မင်္ဂလာကားဝင်းသို့ရောက်ရှိကာ အတူပါဆရာတော်ဦးကောဝိဒနှင့် Probox အဖြူရောင်အငှားယာဉ် (နံပါတ်မမှတ်မိ)အား ငှား၍ စီးလာရာ အဝေးပြေးကွင်းမှ အထွက် 
၂ ဖါလုံခန့်အရောက်တွင် ယာဉ်မောင်းမှ ကားပျက်သည်ဟုဆိုသဖြင့် ဆရာတော်များမှ ဆင်းတွန်းပေးစဉ် မောင်းနှင်ထွက်ပြေးသွားခဲ့ရာ ဆရာတော်များ၏ ငွေကျပ် (၄)သိန်း၊ ဟန်းဖုန်း (၁)လုံး၊ သင်္ကန်းနှင့် သံဃာအသုံးအဆောင်ပစ္စည်းများ ပါဆုံးသွားသဖြင့်အရေးယူပေးပါရန် မင်္ဂလာဒုံမြို့မရဲစခန်းသို့ တိုင်တန်းခဲ့၍ ယာဉ်နှင့်ယာဉ်မောင်း တို့အားအမြန်ဖေါ်ထုတ်ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက် 
ရှိကြောင်း သတင်းရရှိပါသည်။

ရန်ကုန်မြို့တွင် ယခင်ကလည်းကမ္ဘောဇဘဏ်တွင် အငှားယာဉ်မှ ဈေးသက်သာစွာနှင့် လိုက်ပြီးလမ်း တွင်ကားပျက်သည်
ဟုပြော၍ ခရီးသည်မှဆင်းတွန်းပေးစဉ် မောင်းနှင်ထွက်ပြေးမှု 
(၂)ကြိမ်ရှိခဲ့ပြီး ရဲတပ်ဖွဲ့ မှဖေါ်ထုတ်ပေးခဲ့ပါသည်။ 

အငှားယာဉ်ငှားရမ်းစီးသူများအနေဖြင့် မိမိငှားစီးသောအငှားယာဉ်နံပါတ် များအားမှတ်သားထားသည့် အလေ့အကျင့်ပြုသင့်ကြောင်း
သတိပေးလိုပါသည်။

Posted From Yangon Police
ဒဂုံမြို့နယ်၊ သီလဘန်ကျောင်းတိုက်နေ ဆရာတော်ဦးနန္ဒာသာရ၊ (၆၃)နှစ်၊ ၀ါတော် (၄၃) ၀ါ သည် ၂၂.၅.၂၀၁၃ ရက်နေ့ တွင်ရေးမြို့နယ်မှ ရာဇာမင်းကားဖြင့် ရန်ကုန်သို့လိုက်ပါလာပြီး ၂၃.၅.၂၀၁၃

KIO နဲ့ အစိုးရဆွေးနွေးပွဲ မြစ်ကြီးနားတွင်ပြုလုပ်မည်

Photo: KIO နဲ့ အစိုးရဆွေးနွေးပွဲ မြစ်ကြီးနားတွင်ပြုလုပ်မည် 
Thursday, May 23, 2013

လာမယ့်သီတင်းပတ်အတွင်းမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ဟာ မြန်မာနိုင်ငံထဲမှာ ပထမဆုံး တွေ့ဆုံဆွေးနွေးဖို့ သဘောတူညီမှုရလိုက်ပါပြီ။ ဒီဆွေးနွေးပွဲကို အစောပိုင်းမှာ မျှော်လင့်ထားသလို အမေရိကန်၊ ဗြိတိန်တို့လို အနောက်နိုင်ငံတွေ ပါဖို့မသေချာပေမဲ့ ကုလသမဂ္ဂနဲ့ တရုတ်နိုင်ငံက ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်ကြမှာဖြစ်ပါတယ်။ သတင်းအပြည့်အစုံကိုတော့ ဗီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
 
မြန်မာပြည်တွင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပဖို့အတွက် KIO နဲ့ ဦးအောင်မင်းခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့တို့အကြား အကြိမ်ကြိမ်ဆွေးနွေးပြီးတဲ့နောက် ဒီလ ၂၈ ရက်နေ့မှာတော့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာဘူက မဂျွယ်ခမ်းမ မှာ တွေ့ဆုံဖို့ နှစ်ဘက် သဘောတူညီခဲ့ကြပြီဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ အရင်က မျှော်လင့်ထားသလို အနောက်နိုင်ငံက ကိုယ်စားလှယ်တွေ မပါဝင်ပေမဲ့ ကုလသမဂ္ဂနဲ့ တရုတ်နိုင်ငံက ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်ကြမယ်လို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဝင် ဦးဂွန်ဂျာကပြောပါတယ်။
 
“ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီလေ။ ဒါ ပြည်ထောင်စုအဆင့် ဒုဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့နဲ့ ကေအိုင်အို ငြိမ်းချမ်းရေး ဆွေးနွေးတဲ့အဖွဲ့တွေ ဆုံမယ်ပေါ့လေ။ အဲဒီအထဲမှာ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ ၉ ဖွဲ့ကို ခေါ်ထားတယ်။ သူတို့လည်း တက်ရောက်မယ်လို့တော့ သိရတယ်ခင်ဗျ။ ကျနော်တို့အခုဟာ အကြမ်းဖျဉ်းသိရသလောက်တော့ ယူအန်ကအဖွဲ့နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ကိုယ်စားလှယ်တွေ ပါမယ်လို့တော့ သိရတယ်။”
 
ကုလသမဂ္ဂကိုယ်စားလှယ်အဖွဲ့မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီးယား ပါဝင်တက်ရောက်မယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမဲ့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က သီးခြားအတည်ပြုချက်မပေးပါဘူး။
 
ပြီးခဲ့တဲ့ ဧပြီလဆန်းက မြစ်ကြီးနားမြို့မှာ ဆွေးနွေးပွဲကျင်းပဖို့ ပြင်ဆင်တုန်း ကတော့ ကုလသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန် နဲ့ တရုတ်နိုင်ငံက လေ့လာသူတွေ ပါဝင်တက်ရောက်ဖို့ ဖိတ်ကြားခဲ့တာရှိခဲ့ပြီး ဒါကို တရုတ်နိုင်ငံက ကန့်ကွက်လို့ ဆွေးနွေးပွဲ မအောင်မမြင်ဖြစ်ခဲ့ရတယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့ဖူးပါတယ်။

ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိနိုင်ဖို့အတွက် ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ လိုအပ်ကြောင်း ဘာသာရေး ခေါင်းဆောင်တွေနဲ့ ကချင်လူမျိုးစုခေါင်းဆောင်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ ကချင်အတိုင်ပင်ခံကောင်စီ က တောင်းဆိုထားပါတယ်။
 
“ကေအိုင်အို နဲ့ အစိုးရကြား ပစ်ခတ်မှုတွေဖြစ်နေတာက ကျနော်တို့ ပဋိပက္ခဖြစ်နေတာကတော့ လွန်ခဲ့တဲ့ လွတ်လပ်ရေး ရ စကတည်းကလေ။ တိုင်းရင်းသားတွေမှာ ဒီလိုအခြေအနေတွေ ဖြစ်ပေါ်နေတယ်ဆိုတော့၊ ကျနော်တို့ အေအိုင်အိုနဲ့ဖြစ်တဲ့ ပြဿနာကြောင့် ပြည်သူတွေက၊ ကချင်လူထု တစ်သိန်းကျော်က စစ်ပြေးဒုက္ခသည်တွေ ဖြစ်နေတယ်လေ။ အဲဒါတွေကို ကျနော်တို့ ချုပ်ငြိမ်းဖို့၊ နောက် တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ရရှိနိုင်ဖို့အတွက် ကျနော်တို့ မြန်မာနိုင်ငံကို စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် ကျနော်တို့က ဥပဒေပြဌာန်းဖို့၊ အခြေခံဥပဒေသစ် အမြန်ဆုံး ရေးဆွဲပြဌာန်းဖို့ ကျနော်တို့ အလေးအနက် တောင်းဆိုထားတာ ရှိတယ်။ ပင်လုံစာချုပ်လုပ်တုန်းက ကျနော်တို့ မြန်မာခေါင်းဆောင်တွေနဲ့ ကတိပြုထားတဲ့ သမိုင်းကြောင်းတွေ ရှိတယ်လေ။ ဒီ ပြည်ထောင်စုကို ဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့အတွက်။”
 
ဒါကတော့ ကချင်အတိုင်ပင်ခံကောင်စီက အတွင်းရေးမှူး ဦးဂမ်အောင်ပြောခဲ့ တာဖြစ်ပါတယ်။ ဒီတောင်းဆိုချက်ဟာ ကချင်အတိုင်ပင်ခံကောင်စီ အဖွဲ့ဝင် ၄၄ ဦးဆွေးနွေးပြီးတဲ့နောက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
 
ကချင်ပြည်နယ်ရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခက်ထိန်နန် ကတော့ မြန်မာပြည်တွင်းမှာ တွေ့ဆုံဆွေးနွေးတဲ့အတွက် ဒါဟာ တိုးတက်မှုအဖြစ် သုံးသပ်ပါတယ်။
 
“အရင့်အရင်တုန်းက ထိုင်းမှာတွေ့ခဲ့တယ်။ ကျနော်တို့ တရုတ်ပြည်မှာတွေ့ခဲ့တယ်။ အဲဒီအဆင့်ကနေပြီးတော့ ကိုယ့်နိုင်ငံ ကိုယ့်ကချင်ပြည်နယ်၊ ကိုယ့်ရဲ့မနောကွင်း၊ ကိုယ့်ရဲ့ ရိုးရာယဉ်ကျေးမှု ခန်းမအဆောင်မှာ တွေ့ဖြစ်ဖို့အတွက် ဖြစ်လာတယ်ဆိုတာကတော့၊ ကျနော်တို့ တွေ့ဆုံတဲ့နေရာလေးကတော့ အရင်ထက်စာရင် အများကြီးသင့်တော်လာတယ်။ အများကြီးကောင်းလာတယ်လို့ အဲဒီလို သုံးသပ်တယ်။ တွေ့ဆုံဆွေးနွေးဖြစ်ရင်လည်း ကိုယ့်နိုင်ငံ၊ ကိုယ့်ပြည်နယ်၊ ကိုယ့်မြို့ ကိုယ့်ရွာ ကိုယ့်မနောကွင်းမှာ တွေ့ဆုံဆွေးနွေးကြတယ် ဆိုတော့ အကောင်းဘက်ကိုတော့ ရှိလာမယ်လို့တော့ ယူဆတယ်။”
 
KIO နဲ့အစိုးရစစ်တပ်အကြား ၂ နှစ်နီးပါးကြာဖြစ်ပွားတဲ့ တိုက်ပွဲကာလအတွင်းမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည် တသိန်းကျော်ရဲ့ အနာဂတ်အရေး ကို နှစ်ဘက်စလုံးက ထည့်သွင်းစဉ်းစားဆွေးနွေးဖို့ လိုလားကြောင်း လည်း ဦးခက်ထိန်နန်က အခုလို ဆက်ပြောပါတယ်။
 
“ကျနော် အထူးပြောချင်တာကတော့ ဒီနေ့ ၂ နှစ်နီးပါးတောင်မှ၊ သိန်းနဲ့ချီ တိန်းရှောင်နေရတယ်။ ဒုက္ခတွေ့ကြုံနေရတယ်။ နေတာထိုင်တာ စားတာသောက်တာ ပညာရေး ကျန်းမာရေး၊ လူတိုင်းလူတိုင်းရဲ့ ရှေ့ အနာဂတ် ပျောက်ကွယ်သွားနေတဲ့ အနေအထားလေးကို အဆင်ပြေအောင် ဆောင်ရွက်သွားဖို့ ကတော့ နှစ်ဘက်စလုံးကို အထူးလိုလားတဲ့အချက် ဖြစ်ပါတယ်။”
 
KIO နဲ့ အစိုးရဟာ ၁၇ နှစ်ကျော်ကြာ အပစ်အခတ်ရပ်စဲခဲ့ပြီးနောက် ၂၀၁၁ ခုနှစ် ဇွန်လမှာ တိုက်ပွဲတွေ ပြန်လည်စတင်လာတာဟာ အခုဆိုရင် ၂ နှစ်ပြည့်တော့ မှာဖြစ်ပါတယ်။ ဒီတိုက်ပွဲကာလအတွင်းမှာ အပစ်အခတ်ရပ်စဲနိုင်ဖို့အတွက် ၁၀ ကြိမ်ထက်မနည်းဆွေးနွေးခဲ့ပေမဲ့ အောင်မြင်မှုတော့ မရသေးပါဘူး။ လက်ရှိမှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်းဒေသဘက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး၊ လာမယ့် ဆွေးနွေးပွဲမှာတော့ အရင်ဆွေးနွေးပွဲတွေက သဘောတူထားတဲ့ တပ်နေရာချထားရေး နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လက် ကျင်းပရေးဆိုတဲ့အချက်ကို အလေးထား ဆွေးနွေးကြမယ်လို့ သုံးသပ်တာတွေလည်း ရှိနေပါတယ်။

KIOနဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့တဲ့မတ်လ ၁၁ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့မှာ နောက်ဆုံးတွေ့ဆုံခဲ့တာဖြစ်ပါတယ်။

VOA News
လာမယ့်သီတင်းပတ်အတွင်းမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့တို့ဟာ မြန်မာနိုင်ငံထဲမှာ ပထမဆုံး တွေ့ဆုံဆွေးနွေးဖို့ သဘောတူညီမှုရလိုက်ပါပြီ။ ဒီဆွေးနွေးပွဲကို

မြန်မာအသင်း ပါလက်စတိုင်းကို ၉ ဂိုး သွင်း

 မြန်မာအမျိုးသမီးအသင်းက အိမ်ရှင် ပါလက်စတိုင်း အမျိုးသမီးအသင်းကို ၉ ဂိုး -ဂိုးမရှိ နဲ့ နိုင်သွား တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အွန်လိုင်းမှာ ရေးထားပါတယ်။

“ဂျပန်ဝန်ကြီးချုပ်ခရီးစဉ် တရုတ်စီးပွားရေးလွှမ်းမိုးမှုလျှော့ချနိုင်ရန် လမ်းစဟုဆို”


Photo: “ဂျပန်ဝန်ကြီးချုပ်ခရီးစဉ် တရုတ်စီးပွားရေးလွှမ်းမိုးမှုလျှော့ချနိုင်ရန် လမ်းစဟုဆို”
Credit: 7Day News Journal

နှစ်ပေါင်း ၃၆ နှစ်အတွင်း မြန်မာနိုင်ငံသို့ မေလတတိယပတ်၌ လာရောက်မည့် ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏
ခရီးစဉ်သည် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် စီးပွားရေးလွှမ်းမိုးမှုကို လျှော့ချနိုင်လိမ့်မည်ဖြစ်ကြောင်း နိုင်ငံရေးလေ့
လာသုံးသပ်သူများက ပြောသည်။

အထူးသဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေးအရသြဇာလွှမ်းမိုးမှုလျှော့ချနိုင်ရန် အတိုင်းအတာတစ်ခုထိအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။ “ကျွန်တော်တို့အတွက် စီးပွားရေးအရ ရွေးချယ်စရာနိုင်ငံတစ်ခု ထပ်တိုးသွားတာပေါ့”ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဦးခွန်ထွန်းဦးက ပြောသည်။

ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း ဂျပန်နိုင်ငံရှိ စီးပွားရေးသမားများလည်း လိုက်ပါလာမည်ဖြစ်ကြောင်း Japan
Time သတင်းစာတွင်ဖော်ပြထားသည်။

Read more http://www.planet.com.mm/news/read.cfm/id/21615

နှစ်ပေါင်း ၃၆ နှစ်အတွင်း မြန်မာနိုင်ငံသို့ မေလတတိယပတ်၌ လာရောက်မည့် ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ခရီးစဉ်သည် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် စီးပွားရေး လွှမ်းမိုးမှု ကို လျှော့ချနိုင် လိမ့်မည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။

“မြန်မာ့စီးပွားရေး ၆ ဒသမ ၇၅ ရာခိုင်နှုန်း တိုးနိုင်ဟု IMFခန့်မှန်း”

Photo: “မြန်မာ့စီးပွားရေး ၆ ဒသမ ၇၅ ရာခိုင်နှုန်း တိုးနိုင်ဟု IMFခန့်မှန်း”
Credit: 7Day News Journal

မြန်မာနိုင်ငံစီးပွားရေးသည် ၂၀၁၃-၁၄ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၇၅ရာခိုင်နှုန်းခန့် တိုးလာနိုင်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၏ မေ ၂၂ ရက် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ပြည်တွင်းအသားတင်ထုတ်လုပ်မှု (GDP) ၆ ဒသမ ၅ရာခိုင်နှုန်းတိုး တက်ခဲ့သည်။ 

ယခုဘဏ္ဍာနှစ်တွင် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုနှင့် နိုင်ငံခြား ရင်းနှီမြှုပ်နှံမှုများကြောင့် မြန်မာ့စီးပွားရေး တိုးတက်လာနိုင်ခြင်းဖြစ်ကြောင်း IMF အာရှပစိဖိတ်ရေးရာ ဒုတိယအကြီးအကဲက ပြောသည်။ ထို့အပြင် မြန်မာနိုင်ငံတွင် လျင်မြန်စွာအသွင်ကူးပြောင်းနေမှုနှင့် စီးပွားရေး စီမံခန့်ခွဲတွင် ကန့်သတ်ချက်များရှိနေသဖြင့် စွန့်စားမှုများရှိနိုင်ကြောင်းလည်း မစ္စတာ Matt Davies က အကြံပြုသည်။

Read more http://www.planet.com.mm/news/read.cfm/id/21616

ပုံအညွှန်း -မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ လှည်းတန်းလမ်းဆုံကို မေ ၂၂ ရက် ညနေပိုင်း ရုံးဆင်းချိန် တွေ့ရစဉ်။
ဓာတ်ပုံ - ဂျေမောင်မောင် (အမရပူရ)
မြန်မာနိုင်ငံစီးပွားရေးသည် ၂၀၁၃-၁၄ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၇၅ရာခိုင်နှုန်းခန့် တိုး လာနိုင်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၏ မေ ၂၂ ရက် ထုတ်ပြန်ချက် တွင်ဖော်ပြ ထားသည်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ပြည်တွင်းအသားတင်ထုတ်လုပ်မှု (GDP) ၆ ဒသမ ၅ရာခိုင်နှုန်း တိုး တက်ခဲ့သည်။

ကမ္ဘာ့ဘဏ်မှ ကျွန်းစုမြို့နယ်ရှိ ကျေးရွာအုပ်စု ၂၀ အား တစ်အုပ်စုကို တစ်နှစ်ဒေါ်လာ၂၇၀၀၀ ထောက်ပံ့မည်

Photo: ကမ္ဘာ့ဘဏ်မှ ကျွန်းစုမြို့နယ်ရှိ ကျေးရွာအုပ်စု ၂၀ အား တစ်အုပ်စုကို တစ်နှစ်ဒေါ်လာ၂၇၀၀၀ ထောက်ပံ့မည်

ကမ္ဘာ့ဘဏ်မှ ကျွန်းစုမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ၂၀ အား သုံးနှစ်စီမံကိန်းဖြင့် တစ်နှစ်လျှင် ကျေးရွာအုပ်စု တစ်အုပ်စုစီကို အမေရိကန်ဒေါ်လာ ၂၇၀၀၀ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းတွင် ဖွံ့ဖြိုးမှုအား အနည်းဆုံးနှင့် အဆင်းရဲဆုံးအဖြစ် သတ်မှတ်ခံရသည့် ကျွန်းစုမြို့နယ်အား ကမ္ဘာ့ဘဏ်မှ လူထုအခြေပြု ဖွံ့ဖြိုးရေး အမျိုးသား စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။ ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ ဖွံ့ဖြိုးမှုအားနည်းသည့် ကျေးရွာအုပ်စုပေါင်း ၆၄၀ ကို အမေရိကန်ဒေါ်လာ သန်း ၈၀ ထောက်ပံ့ပေးသွားမည် ဖြစ်သည်။

အဆိုပါ ထောက်ပံ့ပေးမည့် အစီစဉ်ကို ၂၀၁၅ ခုနှစ်အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်း၏ ရည်ရွယ်ချက်များမှာ ဆင်းရဲနွမ်းပါးသော ကျေးလက်နေ လူထုအနေဖြင့် အခြေခံ လူမှုစီးပွား အဆောက်အအုံများနှင့် ၀န်ဆောင်မှုများကို လူထုဗဟိုပြုစနစ် ကျင့်သုံး၍ ရယူသုံးစွဲနိုင်စေရန်၊ ဌာနဆိုင်ရာ ၀န်ထမ်းနှင့် ကျေးလက်နေ ပြည်သူလူထု၏ စွမ်းဆောင်ရည်နှင့် အရည်အသွေးများကို မြှင့်တင်ပေးရန်၊ ဖြစ်လာနိုင်သည့် ဘေးအန္တရာယ်များနှင့် အရေးပေါ် အခြေအနေများတွင် ထိရောက်စွာ တုံ့ပြန်နိုင်စေရန် ဖြစ်ကြောင်း သိရသည်။

ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာများမှာ တစ်ရွာနှင့်တစ်ရွာ အလှမ်းဝေးသည့်အတွက် စီမံကိန်း ဆောင်ရွက်ရာတွင် အခက်အခဲ အနည်းငယ် ရှိနိုင်ကြောင်း ပြည်သူများ အနေဖြင့် အောင်မြင်အောင် လုပ်နိုင်မည်ဟု မျှော်လင့်ကြောင်း ကမ္ဘာ့ဘဏ်မှ Task Team Leader ဖြစ်သူ Mr. Markus Kostner က ပြောကြားသည်။

သမ္မတဦးသိန်းစိန်သည် မေ ၂၀ ရက် တွင် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Dr.Jim Yong kim နှင့် အမေရိကန်တွင် တွေ့ဆုံရာ၌ ကျေးလက်ဒေသနေ ပြည်သူများ၏ လူမှုစီးပွားဘ၀မြှင့်တင်ရေး၊ အခြေခံ အဆောက်အအုံများ တည်ဆောက်ရေးတို့တွင် ငွေကြေးအကူအညီများ ပေးအပ်ရေးတို့ကို ဆွေးနွေးခဲ့သည်။

ကမ္ဘာ့ဘဏ်မှ ထောက်ပံ့မည့် ကျေးရွာအုပ်စု ၂၀ မှာ တောပြား၊ သန္တုတ်၊ ကံမော်၊ မောင်းလှော်၊ ရေမြစ်ကြီး၊ ကဘင်း၊ စခန်းသစ်၊ ဇေးကမိ၊ ကျွဲခရန်၊ ကပ၊ မအိုင်၊ ကတ္တလူ၊ မင်းဂုတ်၊ ၀ါရစ်၊ ရေကန်တောင်၊ မဲတော၊ ညောင်ဘီး၊ ကမ်းကြီး၊ ဘန္ဒနဲ၊ ကော်ဇယာတို့ ဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု တစ်ခုအား တွေ့ရစဉ်(ဓာတ်ပုံ- ဇော်မိုးဦး(မြိတ်))
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ- ဇော်မိုးဦး(မြိတ်))
ကမ္ဘာ့ဘဏ်မှ ကျွန်းစုမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ၂၀ အား သုံးနှစ်စီမံကိန်းဖြင့် တစ်နှစ် လျှင် ကျေးရွာအုပ်စု တစ်အုပ်စုစီကို အမေရိကန်ဒေါ်လာ ၂၇၀၀၀ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အင်းလေးကန်အတွင်း ဟိုတယ်များ တိုးချဲ့မှု ထပ်မံပြုလုပ်ပါက အင်းသားများ ကန့်ကွက်မည်

Photo: အင်းလေးကန်အတွင်း ဟိုတယ်များ တိုးချဲ့မှု ထပ်မံပြုလုပ်ပါက အင်းသားများ ကန့်ကွက်မည်

အင်းလေးကန်အတွင်း ဟိုတယ်များ တိုးချဲ့မှု ထပ်မံပြုလုပ်လာပါက အင်းသားများ ကန့်ကွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း အင်းသား စာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

''နောက်ထပ် ဟိုတယ်တွေ တိုးချဲ့တာတို့ ဘာတို့ ကန်ထဲမှာ လာလုပ်သရွေ့တော့ နောက်ပိုင်း ကျွန်တော်တို့ ထိပ်တိုက်တောင် ရင်ဆိုင်ရင် ရင်ဆိုင်ရနိုင်တယ်။ ကန်စပ်မှာ နောက်ထပ် လာလုပ်မယ်ဆိုရင်တော့ လုံးဝ လက်မခံဘူး။ မဖြစ်ဖြစ်အောင် ကန့်ကွက်သွားရမှာပဲ'' ဟု အင်းသား စာပေ ယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်းမှ အမှုဆောင် ဦးသာဒိုးက ပြောကြားသည်။

ညောင်ရွှေမြို့နယ်တွင် တည်ရှိသည့် အင်းလေးဒေသ၌ ကန်တွင်းနှင့် ကန်နှင့် ထိစပ်နေသော နေရာများတွင် ဟိုတယ်များ တိုးချဲ့ တည်ဆောက်မှု ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

အင်းလေးကန်တွင်း၌ ဟိုတယ်သစ် တစ်လုံးကို တည်ဆောက်လျက်ရှိပြီး ကန်နှင့်ထိစပ်နေသော နေရာတွင်မူ ဟိုတယ် ၁၃ လုံးခန့် ဆောက်နေကြောင်း သိရသည်။

''ကန်နဲ့အရမ်းစပ်တဲ့အပြင် ကန်ဧရိယာကို သူတို့က နားလှည့်ပါးလှည့်နဲ့ ဆွဲထုတ်၊ တစ်ဖက်က ဘေးမဲ့တို့၊ အင်းလေးကန် ထိန်းသိမ်းရေးအဖွဲ့တို့က ဒီအတိုင်းကို ချထားတဲ့အတိုင်း တော်ပြီ၊ ပြီးသွားတဲ့ ဥစ္စာတွေကိုတော့ ကျွန်တော်တို့ မပြောဘူး။ ဒါအရင်က ဖြစ်ခဲ့ပြီးပြီ။ သူတို့ကို ဆုတ်ပါလို့ မပြောတော့ဘူး။ သို့သော် တစ်နေ့ တအားကြီးမားလာလို့ ကျွန်တော်တို့ ထိန်းသိမ်းတာ ပြောစကားတွေ အရာမရောက်တော့ဘူးဆိုရင် ပြန်ဆုတ်အောင် ကျွန်တော်တို့ လုပ်မယ်'' ဟု ဦးသာဒိုးက ပြောကြားသည်။ အင်းလေးကန်တွင်း၌ လုပ်ငန်း လည်ပတ်နေသော ဟိုတယ် ၁၄ လုံးရှိပြီး အင်းလေးဒေသရှိ ဟိုတယ်စုစုပေါင်း ၄၈ လုံးရှိနေသည်။

အင်းလေးကန်ရှိ ရွှေအင်းသားဟိုတယ်အား တွေ့ရစဉ်
အင်းလေးကန်ရှိ ရွှေအင်းသားဟိုတယ်အား တွေ့ရစဉ်
အင်းလေးကန်အတွင်း ဟိုတယ်များတိုးချဲ့မှု ထပ်မံပြုလုပ်လာပါက အင်းသားများ ကန့်ကွက် မှုများ ပြု လုပ် သွားမည် ဖြစ်ကြောင်း အင်းသား စာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်းမှ တာဝန် ရှိသူ တစ်ဦးက ပြောကြားသည်။