Tuesday, August 21, 2012

လူနေရပ်ကွက်တွင်းက အမဲသားစိမ်းအညှီများ သိုလှောင်လုပ်ကိုင်နေသဖြင့် ပတ်ဝန်းကျင်ရှိပြည်သူများ ထိခိုက်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာ ဒုံမြို့နယ်အတွင်းရှိ လူနေရပ်ကွက်  တစ်ခုအတွင်း သားသတ်လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးသည် နေ့စဉ်နှင့် အမျှ အမဲသားစိမ်းများအားခုတ် ထစ်ကာ သယ်ယူပို့ဆောင်ခြင်း၊  အဆိုပါရပ်ကွက်တွင်း သိုလှောင်  ရာ နေရာမှတစ်ဆင့်ဈေးများသို့ လက်ကားဖြန့်ဝေရောင်းချလျက် ရှိသည့်အတွက် အနီးရှိပြည်သူ များအနေဖြင့် အမြင်မတင့်တယ် ခြင်းများအပြင် ယင်းမှ ထွက်သော  သွေးညှီနံ့များ၊ ယင်များကြောင့် ပြည်သူအချို့ ကျန်းမာရေးထိခိုက် လျက်ရှိကြောင်း စုံစမ်းသိရှိရ သည်။

““ကျွန်တော်တို့အနေနဲ့က လည်း သူလုပ်နေတဲ့အမဲသား  ရောင်းတဲ့အလုပ်ကို ကန့်ကွက်ချင်  တာမဟုတ်ပါဘူး။ ခုဆို အမဲသား  စိမ်းတွေကို မနက်အစောကြီး ၁ နာရီလောက်ကနေစပြီး မနက် ၈ နာရီထိ ဒိုင်နာကားကြီး သုံးလေးစီး  လောက်နဲ့ကို ရပ်ကွက်ထဲက နေရာကိုသယ်လာတာ။ အဲဒီမှာ  သတ်ထားခါစဆိုတော့ သွေးရဲရဲ သံရဲရဲ ပြီးတော့ သွေးနဲ့အညှီအ ဟောက်တွေကိုလည်း အရှေ့က  ရေမြောင်းထဲကိုပဲစွန့်ပစ်နေတော့  မြောင်းနဲ့ဆက်သွယ်ထားတဲ့နေရာ တွေမှာ အနံ့ဆိုးတွေ၊သွေးပုပ်နံ့တွေ ကို ကျန်ပြည်သူတွေကရှူနေရရော။  ရေမြောင်းတစ်လျှောက် ယင် ကောင်တွေကနေတစ်ဆင့်ရောဂါ  တွေဖြစ်နိုင်တာပေါ့ဗျာ။ ပြီးတော့  အဲဒီိအသားသိုလှောင်တဲ့နေရာနား မှာ သံဃာတော်တွေမနက်တိုင်း ဆွမ်းခံကြွနေတဲ့ဆွမ်းလောင်းအ သင်းကလည်းရှိနေတော့ သွေး သံရဲရဲသားစိမ်းတွေကို ဆိုက်ကား၊ တွန်းလှည်း၊ကားကြီး၊ကားငယ်တွေ နဲ့ ပို့နေတော့ လုံးဝမသင့်တော်ပါ ဘူး””ဟု အဆိုပါရပ်ကွက်နေ ပြည်သူ  တစ်ဦးကHot News သတင်း  ဂျာနယ်သို့ ရင်ဖွင့်ပြောကြားသွား ခဲ့သည်။
ထိုသို့လူနေရပ်ကွက်တွင်း သားစိမ်းများ သိုလှောင်သူ ဦး ဟာဘီးအားရပ်ကွက် နေပြည်သူ များကသက်ဆိုင်ရာသို့တင်ပြတိုင် ကြားခဲ့သဖြင့် မင်္ဂလာဒုံမြို့နယ် စည်ပင် သာယာအုပ်ချုပ်ရေးမှူး၊  သားစိမ်းသိုလှောင်ရုံရှိရာ ပဲခူး လမ်းရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ရှေ့မှောက်၌ သားစိမ်းများခုတ် ထစ်ခြင်း၊သယ်ဆောင်ရာ၌လည်း  အမြင်တင့်တယ်ခြင်းမရှိအောင် ဆောင်ရွက်ခြင်းတို့နှင့်ပတ်သက်၍  စနစ်တကျ သိမ်းဆည်းသွားမည် ဖြစ်ကြောင်းလည်း လက်မှတ်ရေး ထိုးပြီး (၃၁.၃.၂၀၁၂)ထိသာ ဆောင်ရွက်ပြီး နောင်လုံးဝမလုပ်  တော့ရန် ကတိပြုထားသော်လည်း     သတ်မှတ်ရက်စွဲကျော်လွန်ကာ ယနေ့ထိလုပ်ငန်းလုပ်ကိုင်နေဆဲ ဖြစ်သည်။  မြို့တော်စည်ပင်သားသတ်ရုံများ ဌာန လက်ထောက်ဌာနမှူး ဒေါ် ဆုရည်ဦးစီးသောအဖွဲ့ ဦးဟာဘီး  လုပ်ငန်းလုပ်နေရာသို့ စစ်ဆေး ဆောင်ရွက်ခဲ့သော်လည်း တစ်စုံ တစ်ရာ အရေးယူဆောင်ရွက်ခြင်း   လုံးဝမရှိကြောင်းသိရပြီး ရေရှည်  တွင် အဆိုပါလူမျိုးခြားတစ်ဦး၏  အများအမြင်မတင့်တယ်အောင်  ပြုမူဆောင်ရွက်နေမှုများကြောင့်  ပြဿနာများကြီးထွားလာနိုင်  ကြောင်း ရပ်ကွက်နေပြည်သူအချို့  က သုံးသပ်ကြသည်။

ခန့်ခန့်(ဒဿနိက)

From -HotNewsJournal

No comments:

Post a Comment