Tuesday, September 25, 2012

ပူတာအိုတွင် ဆန်ပြတ်လပ်၍ ကားလမ်းများပြန်ပွင့်ရန် ဒေသခံများ မျှော်လင့်

 ကချင်ပြည်နယ်မြောက်ပိုင်းဒေသရှိ ပူတာအိုမြို့တွင် ဆန်ပြတ်လျှက်ရှိနေသောကြောင့်  ဆန်ဆိုင်များတွင် ဆန်အိတ်လိုက်ရောင်းချခြင်း မရှိတော့ကြောင်း သိရှိရသည်။
 
ယနေ့ စက်တင်ဘာ(၂၅)ရက်နေ့ မနက်(၆)နာရီဝန်းကျင်ခန့်က ဆန်ဆိုင်များက လူတစ်ဦးလျှင် ဆန်နို့ဆီ နှစ်ဘူးခန့်သာ ရောင်းချခဲ့ပြီး ဆန်နို့ဆီဘူးတစ်လုံးလျှင် ငွေ(၅၀၀)ကျပ်ဖြင့် ရောင်းချကာ မနက်(၆)နာရီခွဲ ၀န်းကျင်တွင် ဆန်အရောင်းအ၀ယ် မပြုလုပ်တော့ကြောင်း ဒေသခံများထံက သိရှိရသည်။

 
အခုက ပူတာအိုမှာဆန်ကိုဝယ်လို့မရတော့ဘူ။မနက်အစောကြီးပဲလူတစ်ယောက်ကို နို့ဆီနှစ်ဘူး လောက်ပဲ၊ ရောင်းတာ။ နောက်ကျရင် မရတော့ဘူး။ ကားလမ်းတွေကပိတ်ထားတော့ ဆန်သယ်ရင် လေယာဉ်ပျံနဲ့ပဲ သယ်ရတာဟု ပူတာအိုမြို့က NLDပါတီဝင်  ဦးယောစီက ပြောသည်။
 
 ရွှေမှော်သို့ ရွှေတူးသွားသောသူများအနေဖြင့် ဆန်တစ်အိတ်လျှင် ငွေကျပ်(၁)သိန်းကျော်အထိပေး၍ ၀ယ်ယူနေရကြောင်းကိုလည်း သိရှိရသည်။
 
ပူတာအိုမြို့တွင် ယခင်အချိန်က ဆန်တစ်အိတ်ကို ငွေကျပ်(၃၀၀၀၀)၀န်းကျင်သာရှိခဲ့ရာမှ  KIAနှင့် အစိုးရတပ်စစ်ပွဲများအကြား တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း မြစ်ကြီးနားမှ ပူတာအိုသို့ သွားသော တံတားများ မိုင်းခွဲခံရသည့်အတွက် ကားလမ်းများ ပိတ်ထားရပြီး၊ ကုန်သွယ်ရေးကဏ္ဍတွင် လေယာဉ်ကိုသာ အားကိုး နေရသဖြင့် ယခုကဲ့သို့ ဆန်ရှားပါးလာခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။
 
သြဂုတ်လအတွင်းက မြစ်ကြီးနားမှပူတာအိုသို့် လေယာဉ်ဖြင့် ဆန်(၁၃)ကြိမ်တင်ပို့ပြီး လေယာဉ် တစ်စီးလျင် ဆန်အိတ်ပေါင်း(၆၅၀)ပါဝင်ခဲ့ကြောင်းနှင့် ယခုလတွင် လေယာဉ်ဖြင့် (၆)ကြိမ်တင်ပို့ထားပြီးဖြစ်ကြောင်း သိရှိရသည်။
 
သြဂုတ်လအတွင်းကမြို့နေလူထုစားသုံးရန် ဆန်များကို ပြည်ခိုင်ဖြိုးပါတီက ရောင်းချပေးခဲ့သော်လည်း ယခုတွင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးများကတဆင့် ရောင်းချပေးတော့မည်ဖြစ်ပြီး ဆန်တစ်အိတ်လျှင် ငွေကျပ်(၄၀၀၀၀)နှုန်းဖြင့် ၀န်ထမ်းများကို ဦးစားပေးရောင်းချသွားမည်ဖြစ်ကြောင်း ပူတာအို မဲဆန္ဒနယ်အမှတ်(၁၂) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဂျေယောဝူထံက သိရသည်။
 
ဒီလိုလုပ်နေတာ ကုထုံးတော့ မဟုတ်ပါဘူး။ ပူတာအိုလမ်းတွေကို အရင်ဆုံးကောင်းအောင်လုပ်မှာပါဟု ဦးဂျေယောဝူက ပြောသည်။
 
ပူတာအိုမြို့နှင့်အနည်းငယ်ဝေးသော ကျေးရွာများတွင် ဆန်စားစရာမရှိသည့်အတွက်  ၀ါးမြစ်၊ ပိန်းဥ၊ ပြောင်းဖူး ငှက်ပျောအူ စသည်များကို စားသုံးနေရကြောင်း ပူတာအိုဒေသခံများထံက သိရသည်။
 
အခုတော့ ဆန်စားစရာကိုမရှိဘူး။ နောက်လကုန်ရင်တော့ စပါးတွေ နည်းနည်းတော့ ပေါ်တော့မှာပါ။ ခက်တာက ပိုက်ဆံရှိတာတောင် ဆန်ဝယ်စားစရာ မရှိဘူး၊ ကြက်ဥတစ်လုံးတောင် သုံးရာပေးဝယ်ရတယ်``ဟု ပူတာအိုမြို့က ကိုနေလင်းက ပြောသည်။
 
ပူတာအိုမြိုသည်မြိုပေါ်ရပ်ကွက်ကြီး(၇)ခုရှိပြီး လူဦးရေ(၂)သောင်းနီးပါးနေထိုင်ကာ ပူတာအိုခရိုင်တစ်ခုလုံးတွင် မြန်မာစစ်တပ်တပ်ရင်း(၁၀)ခုအပါအ၀င် လူဦးရေ(၂)သိန်းနီးပါးရှိကြောင်းသိရှိရသည်။
From -မြစ်မခ

No comments:

Post a Comment