Saturday, September 8, 2012

အမှိုက်ကင်းစင်သည့် စံပြမြို့တော် ဆောင်ရွက်မှု ၆၀ ရာခိုင်နှုန်း အောင်မြင်လျက်ရှိ

From- MRTV-4

မန္တလေးတိုင်း ဒေသကြီးကို အမှိုက်ကင်းစင်တဲ့ စံပြမြို့တော် အဖြစ် ဆောင်ရွက်တဲ့ စီမံကိန်းဟာ လက်ရှိမှာ ၆၀ ရာခိုင်နှုန်း အောင်မြင် လျက် ရှိတယ်လို့ မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီ သန့်ရှင်းရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို မန္တလေးတိုင်း ဒေသကြီးကို အမှိုက်ကင်းစင်တဲ့ စံပြမြို့တော် အဖြစ် စတင် ဆောင်ရွက်မှု ကိုတော့ ပြီးခဲ့တဲ့ ဧပြီလက စတင် ဆောင်ရွက် ခဲ့တာ ဖြစ်ပါတယ်။
ဒီလို ဆောင်ရွက်ရာ မှာလည်း မြို့တွင်း ရပ်ကွက်များ အတွင်း ခေါင်းလောင်းတီး စနစ်နဲ့ အမှိုက်သိမ်းခြင်း၊ ၃ ဘီး ဆိုင်ကယ် လက်တွန်းလှည်း များနဲ့ အမှိုက် သိမ်းခြင်း၊ အမှိုက်ကားများနဲ့ အမှိုက်သိမ်းခြင်း အစရှိတာ တွေကို ဆောင်ရွက် လျက်ရှိတာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက် လျက်ရှိတဲ့ အမှိုက်စွန့်ပစ်မှု စနစ်မှာ စည်းကမ်း တကျ မစွန့်ပစ်ပါက အရေးယူ ဆောင်ရွက်မှု အနေနဲ့ ပထမဆုံး အကြိမ် သတိပေးခြင်း၊ ဒုတိယ အကြိမ်အဖြစ် ကျပ်တစ်သောင်း ငါးထောင်၊ သုံးသောင်း၊ လေးသောင်း ငါးထောင် စတဲ့ ဒဏ်ကြေးငွေကို သတ်မှတ်ကာ ဆိုင်ခန်း အနေ အထားပေါ် မူတည်ပြီး ပေးဆောင် စေခြင်းတွေကို လုပ်ဆောင် လျက်ရှိတာ ဖြစ်ပါတယ်။

အခုလို အမှိုက် ကင်းစင်တဲ့ စံပြမြို့တော် အဖြစ် ဆောင်ရွက်တဲ့ မန္တလေးတိုင်း ဒေသကြီး မှာတော့ မြို့နယ် ၆ မြို့နယ် ရှိပြီး ရပ်ကွက် အနေနဲ့ ၉၆ ခုရှိတာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ အခုလို ဆောင်ရွက် မှုကိုအတွက် ရပ်ကွက် ၇၀ နီးပါး လုပ်ဆောင်ပြီး ဖြစ်တယ်လို့သိရပါတယ်။


No comments:

Post a Comment