Wednesday, July 31, 2013

ရဲတပ်ဖွဲ့ဝင် အချို့က ပြည်သူအပေါ် ဆက်ဆံရေး အဆင်မပြေမှုများ ရှိနေ၍ ပြည်သူ့ဆန္ဒ ၀န်ဆောင်မှုပေးရေး အဖွဲ့အား ရဲစခန်းများတွင် ဖွဲ့စည်း

A-31-7
ဇူလိုင် ၃၀ ရက်က အင်းစိန်မြို့မ ရဲစခန်းရှိ ပြည်သူ့ဆန္ဒ ၀န်ဆောင်မှုပေးရေး အဖွဲ့သို့ လာရောက်တိုင် ကြားနေစဉ် (ဓာတ်ပုံ-ကောင်းသန့်)
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ရဲစခန်းများသို့ အမှုလာရောက် တိုင်တန်းသည့် ပြည်သူ အချို့ အပေါ် တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များက ဆက်ဆံရေး အဆင်မပြေမှုများ ရှိနေသည့်အတွက် မြို့နယ်ရဲစခန်း များတွင် ပြည်သူ့ဆန္ဒ ၀န်ဆောင်မှုပေးရေး အဖွဲ့အား ရဲစခန်းများတွင် စတင်ဖွဲ့စည်းခဲ့ကြောင်း ရန်ကုန် တိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်ထွေးက ပြောကြားသည်။
အဆိုပါ ပြည်သူ့ဆန္ဒ ၀န်ဆောင်မှုပေးရေး အဖွဲ့တွင် အရာရှိ ရဲတပ်ဖွဲ့ဝင် တစ်ဦးနှင့် အခြားအဆင့် တပ်ဖွဲ့ ၀င် တစ်ဦးတို့ဖြင့် ဖွဲ့စည်းထားပြီး လုပ်ငန်းများ လက်ခံဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
"ပြည်သူတွေအနေနဲ့ အမှုကိစ္စပဲဖြစ်ဖြစ် အခြားတိုင်တန်းတဲ့ ကိစ္စတွေကိုပဲဖြစ်ဖြစ် ရဲစခန်းကို လာရောက် တဲ့သူတွေ အရင်ကထက်မတူဘဲ နွေးထွေးစွာဆက်ဆံပြီး အခက်အခဲအားလုံးကို ချက်ချင်း ကူညီ ဆောင် ရွက်ဖြေရှင်းပေးဖို့ ဖွဲ့စည်းရခြင်း ဖြစ်ပါတယ်" ဟု ဇူလိုင် ၃၀ ရက် နံနက်ပိုင်းတွင် ရဲမှူးမြင့်ထွေး က ပြော ကြားသည်။
ယခင်က တာဝန်ကျ ရဲတပ်ဖွဲ့ဝင် အချို့က ပြည်သူအချို့အပေါ် ပြေလည်စွာ ဆက်ဆံမှု မရှိခဲ့မှုကြောင့် ယင်းရဲတပ်ဖွဲ့ဝင်များကို အရေးယူရသည့် ဖြစ်စဉ်များလည်း ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ သိရသည်။
၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ ရန်ကုန်တိုင်း ဒေသကြီးအတွင်း လူသတ်မှု ၆၂ မှု၊ ဓားပြမှုတစ်မှု၊ လုယက်မှု ၁၂ မှု၊ မုဒိမ်းမှု ၇၀ မှု၊ ဖောက်ထွင်းမှု ငါးမှု၊ ခိုးမှု ၆ (၁) ၅၃ မှု၊ ခိုးမှု (စက်ဘီး) ခြောက်မှု၊ ခိုးမှု (မစ) ၁၇ မှု၊ ခိုးမှု (ကား) ၁၇ မှု၊ ခိုးမှု (နှိုက်) ၃၃ မှု၊ ခိုးမှု (ရိုးရိုး) ၃၈၉ မှု၊ ခိုးမှု (၃၈၂) ၃၃ မှု၊ နာကျင် (ရိုးရိုး) ၁၄၄၇ မှု၊ နာကျင် (ယာဉ်) ၁၀၉၁ မှုနှင့် ကျန်အခြားအမှု ၃၂၄၇ မှုတို့ ဖြစ် ပွား ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

EMG

1 comment:

  1. မှားတော့နေပြီ။ ဥပဒေအတိုင်းသာလုပ်ရင် ဘာအဖွဲ့မှ ထပ်ဖွဲ့စရာ မလိုဘူးလို့ ထင်တယ်။ အဖွဲ့တွေမျိားပြီး ဇယားရှုတ်တာပဲ အဖတ်တင်မယ်။ ဥပဒေအတိုင်းမလုပ်ရင် ဥပဒေအတိုင်း အရေးယူပေါ့။ မကောင်းမြင်နဲ့ ပြောတာမဟုတ်ပါဘူး။ အခုဟာက အနာနဲ့ဆေး တခြားစီပဲလို့ ထင်တယါ။

    ReplyDelete