Wednesday, August 21, 2013

ထိုင်းနိုင်ငံထိန်းသိမ်းရေး စခန်းက ရိုဟင်ဂျာတွေ ထပ်မံထွက်ပြေး


ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရတဲ့ရိုဟင်ဂျာ ဒုက္ခသည်တွေ (Credit: AFP) 
ထိုင်းနိုင်ငံတောင်းပိုင်း ​ထိန်းသိမ်းရေးစခန်းက ​ခိုလှုံခွင့်တောင်းခံသူ ​ရိုဟင်ဂျာအုပ်စု ​တစ်စု ​ထိန်းသိမ်းရေး ​စခန်းကနေ ​ထပ်မံ ​ထွက်ပြေးသွားတယ်လို့သိရပါတယ်။
မနေ့က ​ထွက်ပြေးထွက်သွားတဲ့အဖွဲ့မှာ ​အယောက်ပေါင်း ​၈၇ယောက်ပါဝင်ပြီး ​ထိန်းသိမ်းရေး ​စခန်းက ​သံတိုင်တွေကို ​ဖြတ်တောက်ပြီးတော့ ​အုတ်နံရံတွေကို ​တွယ်တက်ပြီး ​အနီးတ၀ှက်မှာရှိတဲ့ ​ရာဘာခြံတွေထဲမှာ ​ထွက်ပြေးသွားတာဖြစ်လို့ ​တောင်ပိုင်း ​ဆွန်ကလပ်ခရိုင် ​ရဲအရာရှိ တဦးကပြော ပါတယ်။ ​အခုဆိုရင် ​ထွက်ပြေးသွားသူတွေကိုလည်း ​အကြီးအကျယ် ​ရှာဖွေမှုတွေ ​ပြုလုပ်နေတယ်လို့ ​ဆိုပါတယ်။
ပြီးခဲ့တဲ့လကလည်း ​ထိန်းသိမ်းရေးစခန်းကို ​ဖျက်ပြီးတော့ ​ရိုဟင်ဂျာ ​အယောက် ​၃၀ ​ပါအုပ်စု ​တစ်စု ​ထိန်းသိမ်းရေးစခန်းကနေ ​ထွက်ပြေးသွားခဲ့ပါတယ်။
မြန်မာနိုင်ငံကနေ ​လှေတွေနဲ့ထွက်ပြေးလာပြီး ​ထိုင်းနိုင်ငံတ၀ှမ်းမှာ ​ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ​ရိုဟင်ဂျာ ​အယောက်ပေါင်း ​တစ်ထောင့်ရှစ်ရာကျော် ​ရှိတယ်လို့ ​သိရပါတယ်။ ​အခုလို ​ထွက်ပြေးသွားတဲ့ ​ခိုလှုံခွင့် ​တောင်းခံသူ ​ရိုဟင်ဂျာတွေဟာ ​ဒေသခံတွေနဲ့ ​ကမ္ဘာလှည့် ​ခရီးသည်တွေကို ​ဒုက္ခပေးမှာကို ​စိုးရိမ်တဲ့ ​အကြောင်း ​ထိုင်းနိုင်ငံ ​ဒု ​ပြည်ထဲရေးဝန်ကြီးကပြောပါတယ်။
ရိုဟင်ဂျာကိစ္စကို ​အဖြေရှာ ​ဖြေရှင်းဖို့အတွက် ​ပြီးခဲ့တဲ့ ​တပတ်ကပဲ ​မြန်မာနိုင်ငံ ​နိုင်ငံခြားရေးဝန်ကြီးနဲ့ ​ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ ​တွေ့ဆုံခဲ့ကြပြီးတော့ ​ဒါကိုဖြေရှင်းနိုင်ဖို့အတွက် ​ထိုင်းနိုင်ငံအနေက ​ကုလသမဂ္ဂနဲ့လည်း ​ဆွေးနွေးညှိနှိုင်းသွားဖို့ရှိတယ်လို့ ​သိရပါတယ်။

ABC Radio

No comments:

Post a Comment