Wednesday, August 21, 2013

မြန်မာပဋိပက္ခအရင်းအမြစ် မဖြေရှင်းနိုင်ရင် ဒီထက်ဆိုးဝါးမယ်လို့ဆို


မိထ္တီလာပဋိပက္ခအတွင်းက မီးလောင်မှုမြင်ကွင်း (Credit: AFP) 
မြန်မာနိုင်ငံမှာ ​ဖြစ်ပေါ်ခဲ့တဲ့ ​လူမျိုးရေး၊ ​ဘာသာရေးဆန်တဲ့ ​ပဋိပက္ခတွေ ​ခုအခါမှာ ​ငြိမ်သက်နေ ပြီ ​ဖြစ်ပေမယ့် ​ပြဿနာရဲ့ ​အရင်းအမြစ်ကို ​မဖြေရှင်းနိုင်ရင် ​ဒီထက် ​ဆိုးဝါးတဲ့ ​ပဋိပက္ခတွေ ​ဖြစ်ပေါ်နိုင် တယ်လို့ ​အမေရိကန်အခြေစိုက် ​လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့က ​ပြောလိုက်ပါတယ်။
Physicians ​for ​Human ​Rights ​PHR ​အဖွဲ့ရဲ့အဆိုအရ ​လူမျိုးရေး ​ဘာသာရေးအခြေခံတဲ့ ​မုန်းတီးမှု မျိုးကို ​ပျက်ပျယ်အောင် ​မလုပ်နိုင်ရင် ​နောင်ဖြစ်လာတဲ့ ​ပဋိပက္ခတွေက ​ဒီထက် ​ဆိုးဝါးပြီး ​လူသားများ အပေါ် ​ကျူးလွန်တဲ့ ​ပြစ်မှု ​ဒါမှမဟုတ် ​လူမျိုးတုန်း ​သတ်ဖြတ်မှုအထိတောင် ​ဖြစ်ပေါ်နိုင် တယ်လို့ ​ပြောပါ တယ်။
မကြာသေးခင်ကပဲ ​လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ ​HRW ​အဖွဲ့က ​မြန်မာနိုင်ငံမှာ ​ရိုဟင်ဂျာ မွတ်စလင်တွေ ​မျိုးတုန်းသတ်ဖြတ်ခံနေရတယ်လို့ ​စွပ်စွဲခဲ့ပါတယ်။
အခင်းစဖြစ်ခါစတုန်းက ​ရိုဟင်ဂျာ ​မွတ်စလင်တွေကိုသာ ​ပစ်မှတ်ထားခဲ့ကြပေမယ့် ​နောက်ပိုင်းမှာ ​တခြားဒေသက ​မွတ်စလင်တွေကိုပါ ​ပစ်မှတ်ထားတာကို ​မြင်ရတယ်လို့ ​ဆိုပါတယ်။
မြန်မာအစိုးရကတော ​လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ ​စွပ်စွဲချက်တွေကို ​ငြင်းဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ ​ဖြစ်ခဲ့တဲ့ ​ပဋိပက္ခတွေမှာ ​လူတစ်ဦးဦးကနေ ​အမိန့်ပေးလို့ ​အမိန့်ကို ​တိုက်ရိုက်လိုက်နာ လုပ်ကိုင်တဲ့ ​သက်သေသာဓကတွေ ​မတွေ့ရပေမယ့် ​ပြဿနာဖြစ်ပွား ပုံတွေ၊ ​နှိပ်ကွပ်မှု ပုံစံတွေ ​ဆင်တူတာ ​တွေ့ရတဲ့အတွက် ​လူတစ်ဦး ​တစ်ဖွဲ့ရဲ့ ​လမ်းညွန်မှုအတိုင်း ​လုပ်ကိုင်ကြသလို ​ဖြစ်နေတယ်လို့ ​PHR ​အဖွဲ့က ​ပြောပါတယ်။
မြန်မာနိုင်ငံမှာ ​ဖြစ်ခဲ့တဲ့ ​ပဋိပက္ခနဲ့ ​ပတ်သက်ပြီး ​မွတ်စလင်နဲ့ ​ဗုဒ္ဓဘာသာဝင် ​နှစ်ဖက် စလုံး ​ပြစ်ဒဏ်ချမှတ် ခံရတာကို ​သိပေမယ့် ​မွတ်စလင်တွေက ​ထောင်ဒဏ်သက်တမ်း ​ကြာမြှင့်စွာ ​ချမှတ်ခံထားရတာ ​ပိုများတဲ့ အပြင် ​မွတ်စလင်တွေ ​ဖမ်းဆီးခံရမှု ​ပိုများတယ်လို့ ​PHR ​အဖွဲ့ရဲ့ ​ဒါရိုက်တာ ​ဝီလီယံ ​ဒါဗိစ်က ​ပြော ပါ တယ်။

ABC Radio

No comments:

Post a Comment