Friday, October 11, 2013

မီးလောင်ရာနေရာသို့ မီးသတ်ယာဉ်ရောက်ရှိရန် ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်သွားမည်

မကြာခင် နွေဦးကာလရောက်ရှိ တော့မည်ဖြစ်၍ ရန်ကုန်မြို့ ယာဉ်ကြော ပိတ်ဆို့မှုကြောင့် မီးလောင်ရာနေရာသို့ မီးသတ်ယာဉ် အမြန်ဆုံးရောက်ရှိစေရန် ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် မီးသတ်ဦးစီး ဌာနတို့ ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦး ထံမှ သိရသည်။

"မီးလောင်တဲ့နေရာကို မီးသတ် ကားတွေ အမြန်ဆုံးရောက်ရှိဖို့အတွက် ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်တွေ ကလည်း ကားကျပ်တဲ့နေရာတွေမှာ အမြန်ဆုံး ရှင်းလင်းဆွဲထုတ်သွားမှာပါ။ ဥပမာ ပြည်လမ်းမကြီးပေါ်မှာ မီးသတ်ကား တွေ သွားလာတယ်ဆိုရင် လမ်းလယ် ကျွန်းတွေရှိတဲ့အတွက် ကားပိတ်ဆို့ နေပြီး ဘယ်လိုမှ ကျော်တက်လို့မရဘူး။ ယာဉ်မောင်းတဲ့ သူတွေကလည်း မီးသတ်ကား ဥဩဆွဲသံကိုကြားရင် အသိစိတ်ဓာတ်နဲ့ ဖယ်ပေးပြီးတော့ မောင်းနှင်ရမှာပါ"ဟု ၎င်းကပြော သည်။

မီးလောင်မှုဖြစ်စဉ်များ ဖြစ်ပွားရာ နေရာသို့ အမြန်ဆုံးရောက်ရှိငြှိမ်းသတ် နိုင်ရန်အတွက် မီးသတ် ယာဉ်မောင်းနှင် သူများက လမ်းရှင်းလင်းသည့်နေရာ အား အဓိကထားမောင်းနှင်ခြင်း၊ မီးလောင်မှုဖြစ် ပွားရာနေရာနှင့် အနီးစပ် ဆုံးယာဉ်ပိတ်ဆို့သည့် မီးပွိုင့်များတွင် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင် များကအမြန်ဆုံး ရှင်းလင်းဖယ်ရှားခြင်းတို့ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

မီးလောင်ရာနေရာသို့မီးသတ်ယာဉ် မရောက်မီ မီးလောင်မှုကို ခေတ္တ တားဆီးနိုင်ရန် အပေါ့စား ရေစက် များထားရှိခြင်း၊ မီးသတ်ဆေးဘူး ဆောင်ထား၍ ရှေးဦးမီးငြှိမ်းသတ်ခြင်း များပြုလုပ်၍ အရင်ဆုံးငြှိမ်းသတ်ရ မည်ဖြစ်ကြောင်း သိရသည်။ 
(ကေသိန်းဆွေ)
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments:

Post a Comment