Friday, October 25, 2013

ပြည်တွင်းတွင် ဖြစ်ပွားနေသော ပြဿနာများသည် ဖြေရှင်းရန်များ ရှိနေသေးကြောင်း သာသနာရေးဝန်ကြီးဆို

ပြည်တွင်းတွင် လက်ရှိဖြစ်ပွားနေသော ပြဿနာများသည် အဆုံးသတ်မှုမရှိသေးဘဲ ဖြေရှင်းစရာများ ကျန် နေသေးပြီး ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှုများလုပ်ရန် လိုအပ်သည်ဟု သာသနာရေး ၀န်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဆန်းဆင့်က အောက်တိုဘာ၂၃ တွင် ပြောသည်။

ဝန်ကြီးက ယင်းသို့ ပြောကြားခြင်းမှာ တောင်ကြီးမြို့၊ မူလ မင်းကွန်းကျောင်းတိုက်တွင် ပြည်ထောင်စုဝန် ကြီးနှင့် ပြည်နယ်၊ မြို့နယ် သံဃနာယက ဆရာတော်များ သာသနာရေးရာမူဝါဒဆိုင်ရာများ လျှောက်တင် မှုပြုလုပ်သည့် အခမ်းအနားတွင် ပြောကြားခြင်း ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက “ယနေ့ ကျွန်တော်တို့ ဖြစ်ပွားနေတဲ့ ပြဿနာတွေဟာ မီးကြွင်းမီးကျန်တွေ ရှိနေ သေးပါတယ်။ အမြစ်မပြတ်သေးပါဘူး။ ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်ပါတယ်”ဟု ပြော သည်။

ဝန်ကြီးက “အောက်ခြေကို မရှင်းပြဘဲ အပေါ်ပိုင်းမှာ ကိုယ်တွယ် လုပ်ဆောင်ခဲ့တာတွေ များလို့ ပြဿနာ တွေ ပေါ်ပေါက်နေရခြင်း ဖြစ်တယ်။ လတ်တလော ပေါ်ပေါက်နေသော ရခိုင်အရေးအခင်းက အစပြုပြီး တော့ ကျွန်တော်တို့ နိုင်ငံ နေရာဒေသအနှံ့မှာ ပဋိပက္ခတွေ ပေါ်ပေါက်ခဲ့တယ်။ အဲသည်ကနေပြီးတော့ မိုင်း တွေ၊ ဗုံးတွေထောင် ဖောက်ခွဲဖျက်ဆီးတဲ့ အခြေအနေတွေ ဖြစ်ပေါ်ခဲ့တယ်”ဟုလည်း သံဃနာယက ဆရာ တော်များအား လျှောက်တင်ခဲ့သည်။
Mizzima

No comments:

Post a Comment