Thursday, October 17, 2013

ပြည်သူတွေ ဘာကြောင့် အာဆီယံ ဥက္ကဋ္ဌ ရာထူး စိတ်မ၀င် စားတာလဲ

Photo: ပြည်သူတွေ ဘာကြောင့်အာဆီယံဥက္ကဋ္ဌရာထူး စိတ်မ၀င်စားတာလဲ
Thursday, 17 October 2013

ရေးသားသူ- အေးသူစံ

တစ်ချိန်က အပယ်ခံတိုင်းပြည်က အခုတော့ ဒေသဆိုင်ရာ ခေါင်းဆောင်ဖြစ်
လာပြီဟု အာဆီယံဥက္ကဋ္ဌတာဝန်ကို မြန်မာက ဘရူနိုင်းနိုင်ငံတွင်
အောက်တိုဘာ ၁၁ ရက်တွင် လွှဲပြောင်းရာယူပြီးနောက် နိုင်ငံတကာ
မီဒီယာက သတင်းဖော်ပြကြသည်။

၁၆ နှစ်အတွင်း ပထမဆုံးအကြိမ် အာဆီယံဥက္ကဋ္ဌဖြစ်လာခြင်းက
ပြုပြင်ပြောင်းလဲမှုများကြောင့် နာမည်ကောင်းရလာသော သမ္မတဦးသိန်းစိန်
အစိုးရအတွက် သံတမန်ရေးဆိုင်ရာဆုတစ်ဆု ဖြစ်ကြောင်းလည်း ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြသည်။

အာဆီယံဥက္ကဋ္ဌရာထူး လွှဲပြောင်းရယူနိုင်ခဲ့ခြင်းအတွက် အစိုးရသစ်မှာ ဟန်မဆောင်နိုင်အောင် ဂုဏ်ယူဝမ်းမြောက်၊ ကျေနပ်နေချိန်တွင် ပြည်သူ
အများစုမှာ အာဆီယံဥက္ကဋ္ဌရာထူး၊ ထိုတာဝန်ကြောင့်ရလာမည့် အကျိုးကျေးဇူးတို့နှင့်ပတ်သက်၍ မသိကိန်းများစွာဖြစ်နေသည်။

အာဆီယံဥက္ကဋ္ဌရာထူးကို ရယူခဲ့သော်လည်း အာဆီယံအသင်းကြီး
အကြောင်းကို ပြည်သူလူထုသိရှိနိုင်ရန် ပညာပေးလုပ်ငန်းများ ပြည့်စုံအောင်
ဆောင်ရွက်ပေးနိုင်ခြင်းမရှိခဲ့ကြောင်း နိုင်ငံရေးလေ့လာသူများနှင့် ပြည်သူများက ပြောကြားသည်။ ထိုအချက်ကပင် လူထုစိတ်ဝင်စားမှု လျော့နည်းခြင်း၏ အဓိကဖြစ်သည်။

သာမန်ပြည်သူ ၁၀ ဦးကို အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)နှင့်
ပတ်သက်၍မေးမြန်းရာ မသိသလို စိတ်လည်းမ၀င်စားကြဟု ဖြေသည်။

အာဆီယံ၏ ရည်ရွယ်ချက်ကိုက နိုင်ငံအစိုးရအချင်းချင်း ပူးပေါင်းဆောင်
ရွက်မှုနှင့် ပေါင်းစည်းရေးကို ဦးတည်သွားခြင်းဖြစ်သည်။ ထို့ကြောင့် ပြည်သူလူထုသို့ တိုက်ရိုက်အကျိုးသက်ရောက်မှုမှာ နည်းပါးပြီး ပြည်သူများ စိတ်ဝင်စားမှုမရှိခြင်းဖြစ်ကြောင်း အာဆီယံရေးရာသင်တန်းများ ပို့ချနေသူ သံလွင်နိုင်ငံရေးအင်အားစုမှ ဦးဇော်မင်းကျော်ကပြောကြားသည်။

အစိုးရသည် အာဆီယံနှင့်သက်ဆိုင်သည့် စာချုပ်စာတမ်းများ လက်မှတ်ရေးထိုးရုံသာရှိပြီး ယင်းစာချုပ်ပါ အကျိုးခံစားခွင့်များကို
အောက်ခြေပြည်သူလူထုအထိ သိရှိအောင် ဆောင်ရွက်ထားခြင်း
မရှိခြင်းကြောင့် ပြည်သူများ အာဆီယံကိုမသိရှိခြင်းမှာ မထူးဆန်းကြောင်း
နိုင်ငံရေးဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်းကပြောကြားသည်။

“တီဗီသတင်းမှာ သမ္မတပြောသွားတဲ့ အာဆီယံအကြောင်းတွေ တစ်လုံးမှနားမလည်ဘူး။ ပြီးတော့ အာဆီယံအသိုက်အ၀န်းဆိုတာလည်း ကျွန်မ မသိဘူး။ အခု ကျွန်မကလေးနှစ်ယောက်ရဲ့ ကျူရှင်စရိတ်၊
ကျောင်းစရိတ်၊ ကုန်ဈေးနှုန်းနဲ့ ယောက်ျားရဲ့ တက္ကစီမောင်းလို့ရတဲ့ ပိုက်ဆံကမလောက်ဘူး။ အခု သမ္မတက အာဆီယံဥက္ကဋ္ဌဆိုတော့ ကုန်ဈေးနှုန်းတွေကျအောင် သူမလုပ်ပေးနိုင်ဘူးလားလို့ သိချင်တယ်”ဟု မင်္ဂလာတောင်ညွန့် စံပြဖဆပလရပ်ကွက်ကနေ ဒေါ်စိုးစိုးမော်ကပြောပါသည်။

အာဆီယံဥက္ကဋ္ဌရာထူးကို ကမ္ဘောဒီးယားအား အလှည့်ကျော်၍ မြန်မာနိုင်ငံက ရယူလိုကြောင်း သမ္မတဦးသိန်းစိန်အစိုးရက အာဆီယံကို ၂၀၁၂ တွင် ကျင်းပသော အာဆီယံထိပ်သီးအစည်းအဝေးတွင် တောင်းဆိုခဲ့သည်။

၂၀၀၆ ခုနှစ်က ဥက္ကဋ္ဌတစ်ကြိမ်ဖြစ်ခွင့်ကို အမေရိကန်၊ ဥရောပသမဂ္ဂ
မိတ်ဖက်နိုင်ငံများ အပါအ၀င် နိုင်ငံတကာဖိအားပေးမှုကြောင့် အဆင်သင့်မဖြစ်ဟုဆိုကာ လက်လွှတ်ခဲ့ရသော မြန်မာအတွက် အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များအပြီးတွင် ဥက္ကဋ္ဌရာထူးကို
တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ဘာလီတွင်ကျင်းပသည့် အာဆီယံထိပ်သီး
အစည်းအဝေးတွင် အာဆီယံနိုင်ငံများက မြန်မာကို ယုံကြည်စွာ ဥက္ကဋ္ဌရာထူးပေးရန် ဆုံးဖြတ်ခဲ့သည်။

တစ်နိုင်ငံ၏ ပြည်တွင်းရေးကို တစ်နိုင်ငံက ၀င်ရောက်စွက်ဖက်ခြင်းမရှိ၊
နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ နေထိုင်ခြင်းဆိုသည့် အာဆီယံ
ပဋိညာဉ်ကြောင့် ဒေသတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် နှုတ်
ဆိတ်နေလေ့ရှိသည့် အာဆီယံနိုင်ငံများမှာ အတိတ်က မြန်မာပြည်သူ
လုထုနှင့် နီးစပ်မှုမရှိကြပါ။ ထို့အပြင် မြန်မာအစိုးရက ဥက္ကဋ္ဌရာထူးမရမီ လပိုင်းအတွင်းကမှ အာဆီယံမိတ်ဆက်အကြောင်းအရာများကို အစိုးရပိုင်
ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ခဲ့ခြင်းမှာလည်း ထိရောက်မှုမရှိခဲ့ပါ။

“လူထုက ၀ါဒဖြန့်ချိပြန်ကြားရေးဆိုတာနဲ့ပဲ တစ်လျှောက်လုံးဖြတ်သန်း
ခဲ့ရတဲ့အတွက် သူတို့ပြောတာဆိုတာ စိတ်မ၀င်စားဘူး။ မဆိုင်သလိုနေတယ်။ ဒါကြောင့်ပါ”ဟု ဦးရဲထွန်းက ပြောကြားသည်။

“အာဆီယံနဲ့ပတ်သက်ပြီး တီဗီကလွှင့်တယ်ဆိုတာတောင် မသိပါဘူး။ အခု စိတ်ဝင်စားတာက ကျွန်တော်တို့ရပ်ကွက်တွေ မီးအရမ်းပြန်ပျက်တယ်။ အခုနှစ်လအတွင်းမှာကို တော်တော်ပျက်တယ်။ မီးမပျက်တာကြာပြီ။ မီးပြန်ပျက်တာကို ဘယ်လိုမှမနေနိုင်ဘူး။ မီးလေးတော့ ပုံမှန်ပြန်လာစေချင်တယ်”ဟု သာကေတမြို့နယ်နေ ကွမ်းယာရောင်းသူ ကိုအောင်ချိုကပြောကြားသည်။

ဆင်းရဲမွဲတေမှု၊ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှု၊ လူ့အခွင့်အရေး
ချိုးဖောက်မှုနှင့် ဘာသာရေးပဋိပက္ခများ၊ တိုင်းရင်းသားလက်နက်ကိုင်အရေး စသည့်ပြဿနာပေါင်းများစွာကို ရပ်ဆိုင်းဖြေရှင်းနေဆဲအချိန်တွင် အာဆီယံဥက္ကဋ္ဌတာဝန်ကို ရယူလိုက်ခြင်းက ပြည်သူအပေါ် ထပ်မံ၍ ၀န်ထုပ်ဝန်ပိုးဖြစ်လာနိုင်ကြောင်း ဒေါက်တာရန်မျိုးသိမ်းကဆိုပါသည်။

ဥက္ကဋ္ဌဖြစ်သည့်အတွက် ထိပ်သီးအစည်းအဝေးအပါအ၀င် အစည်း
အဝေးပေါင်းတစ်ထောင်နီးပါး အိမ်ရှင်အဖြစ် လက်ခံကျင်းပရာတွင် ထုတ်ယူသုံးစွဲရမည့် ရင်းမြစ်များစွာ လိုအပ်မည်ဖြစ်သည်။

“ကျခံသုံးစွဲရမယ့် Resource တွေအတွက် အစိုးရယန္တရားက အဆင်သင့်မဖြစ်သေးတော့ လိုအပ်တဲ့ငွေကြေး၊ နည်းပညာ ဒါတွေပြည့်စုံဖို့အတွက် ဘတ်ဂျက်ကသုံးရမှာပဲ။ ဒါကို ပြည်သူက မျှဝေခံစားရမှာ”ဟု ၎င်းကပြောကြားသည်။

အာဆီယံ၏မူဝါဒသည် ဒေသအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းကြောင့်
ပြည်သူ့ထံ တိုက်ရိုက်အကျိုးသက်ရောက်မှု ရှိချင်မှရှိမည်ဖြစ်ပြီး ဥက္ကဋ္ဌအဖြစ် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ လိုက်နာကျင့်
သုံးခြင်းနှင့် နိုင်ငံတကာတွင် ၀င်ဆံ့ခြင်းတို့သာ အမြတ်ထွက်မည်ဖြစ်ကြောင်း ဗဟုအဖွဲ့မှ ဦးတင်မောင်သန်းက ပြောကြားသည်။

“အာဆီယံဥက္ကဋ္ဌဖြစ်မို့လို့ နေ့စဉ်ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတွေ ပြီးဆုံးသွားမယ်လို့ မျှော်လင့်နေတာကတော့ အလွန်အကျွံမျှော်လင့်တာ
ပဲဖြစ်တယ်။ ဒါ့အပြင် မြန်မာပြည်သူတွေအနေနဲ့ ၂၀၁၅ မှာ အာဆီယံလွတ်လပ်တဲ့ ကုန်သွယ်ရေးဇုန်ဖြစ်လာတဲ့အခါ ဖွံ့ဖြိုးပြီးသား စင်ကာပူ၊ မလေး၊ အင်ဒိုလိုနိုင်ငံတွေက အခွင့်သာနိုင်တယ်။ ကျွန်တော်တို့ မြန်မာမှာ ရောင်းစရာ ဘာမှသိပ်မရှိဘူး။ ခံရဖို့များတယ်”ဟု ဦးဇော်မင်းကျော်ကဆိုသည်။

အာဆီယံဥက္ကဋ္ဌရာထူးသည် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ အသိအမှတ်ပြုမှု
တစ်ခုကို ရယူခြင်းဖြစ်ပြီး တစ်နှစ်သက်တမ်းအတွင်း နိုင်ငံများကို ဦးဆောင်ခွင့်၊ ဆုံးဖြတ်ခွင့်၊ ထိပ်သီးနိုင်ငံကြီးများနှင့် အစည်းအဝေးအစီ
အစဉ်များကို ဦးဆောင်ရေးဆွဲခြင်း စသည့်အခွင့်အရေးတို့ကို မြန်မာက
ရရှိမည်ဖြစ်သည်။

ယင်းအချက်ကို အခွင့်ကောင်းယူ၍ စီးပွားရေးအကျိုးအမြတ်ထွက်အောင် အစိုးရဆောင်ရွက်နိုင်ပါက ပြည်သူကို တိုက်ရိုက်မဟုတ်သည့်နည်းဖြင့် အကျိုးပြုရာရောက်ကြောင်း ဦးဇော်မင်းကျော်ကသုံးသပ်သည်။

အစည်းအဝေးသို့ လာရောက်ကြသည့် အင်အားကြီးနိုင်ငံများထံမှ ရေတို
ကာလအကျိုးရှိသည့် အထောက်အပံ့အကူအညီများရအောင် အစိုးရအနေဖြင့် ပါးနပ်စွာစည်းရုံးနိုင်ခြင်းကသာ ပြည်သူအတွက် အကျိုးရှိမည်ဖြစ်ကြောင်း ဒေါက်တာရန်မျိုးသိမ်းကပြောကြားသည်။

မြန်မာတွင်ပေါများသည်မှာ လုပ်အားခနှင့် လုပ်သားများသာဖြစ်ခြင်းကြောင့် လုပ်သားအင်အားကို အခြေပြုသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ပြု
လုပ်နိုင်ရန် အစိုးရကကြိုးပမ်းပေးခြင်းဖြင့် ပြည်သူထံ အကျိုးသက်ရောက်
မှုရှိနိုင်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံသည် “ငြိမ်းချမ်းကြွယ်ဝသော လူ့အသိုင်းအ၀ိုင်းသို့ စုစည်းမှုဖြင့် ရှေ့ဆက်ကြပါစို့”ဆောင်ပုဒ်ဖြင့် အာဆီယံအသင်းကို ဦးဆောင်မည်ဖြစ်သည်။ ပြည်သူကို ဗဟိုပြုသော အာဆီယံအဖွဲ့ဖြစ်စေရန် ကြိုးစားမည်ဖြစ်ပြီး ၂၀၁၅ တွင် ပေါ်ပေါက်လာမည့် အာဆီယံအသိုက်
အ၀န်းအတွက် ရည်မှန်းချက်များ ပြီးမြောက်အောင် ဆောင်ရွက်မည်ဟု သမ္မတက ပြောကြားသည်။

သို့သော် အာဆီယံနိုင်ငံများထဲတွင် မြန်မာက စီးပွားရေးဖွံ့ဖြိုးမှု အနိမ့်ဆုံးဖြစ်နေ၍ တန်းတူဖွံ့ဖြိုးတိုးတက်ရန် ဥက္ကဋ္ဌသက်တမ်းတစ်နှစ်
အတွင်း များစွာကြိုးစားရဦးမည်ဖြစ်ကြောင်း သမ္မတရုံး ပြည်ထောင်စု
ဝန်ကြီးဦးစိုးသိန်းက ပြောကြားထားသည်။

“အကောင်းဘက်က မျှော်လင့်ရတာကတော့ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့
ကိစ္စတွေကို နိုင်ငံတကာက ဖိအားပေးလာနိုင်သလို ဥက္ကဋ္ဌဖြစ်တဲ့အတွက်
နိုင်ငံတကာရဲ့သဘောထားနဲ့ စံချိန်စံညွှန်းတွေကို လိုက်နာကျင့်သုံးဖို့
လိုတယ်။ ဒါပေမဲ့လည်း ဥက္ကဋ္ဌသက်တမ်းဟာ တစ်နှစ်ပဲဖြစ်တဲ့အတွက် အများကြီးတော့ပြောင်းလဲမှာမဟုတ်ပါဘူး”ဟု ဦးဇော်မင်းကျော်
ကပြောကြားသည်။

အင်တာနက်လိုင်းများ နှေးကွေးလွန်းခြင်း၊ လျှပ်စစ်မီး မကြာခဏပြတ်
တောက်ခြင်း၊ တည်းခိုနေထိုင်စရာဟိုတယ်များ မပြည့်စုံသေးခြင်း၊ ရှိထားသည့် ဟိုတယ်အခန်းခနှုန်းထားများ ဈေးနှုန်းကြီးမြင့်နေခြင်းနှင့် ညီမျှသောဝန်ဆောင်မှုကို ပြန်မရခြင်း၊ လမ်းညွှန်ဆိုင်းဘုတ်များကအစ
မြန်မာဘာသာဖြင့်သာ ရှိနေသေးခြင်း စသည့်အခြေခံအဆောက်အအုံပိုင်း
တွင်လည်း မပြည့်စုံသေးကြောင်း လေ့လာသူများက ဆိုကြသည်။ “အာဆီယံဥက္ကဋ္ဌဆိုတာ အစည်းအဝေးတွေ ဒီမှာအိမ်ရှင်အဖြစ် လက်ခံကျင်းပရမယ်လို့တော့ သိတယ်။ ကျန်တာတော့ သိပ်စိတ်မ၀င်စားဘူး။ သိလည်းမသိပါဘူး။ ကျွန်တော်ရှင်းရှင်းပြောရရင် ဆီးဂိမ်းတောင် သိပ်စိတ်မ၀င်စားပါဘူး။ ကျွန်တော်စိတ်ဝင်စားတာက အင်တာနက်လိုင်းတွေမြန်ဖို့နဲ့ အင်တာနက်သုံးခတွေ ဒီထက်ဈေးလျှော့
ချပေးဖို့ပါ”ဟု အသက်(၂၃)နှစ်အရွယ် ဒုတိယနှစ်ဥပဒေကျောင်းသား ကိုရန်နိုင်မောင်ကပြောသည်။

ဘရူနိုင်းနိုင်ငံတွင်မူ အလှည့်ကျဥက္ကဋ္ဌရာထူးအတွင်း လူငယ်များ၏အခန်း
ကဏ္ဍကို မြှင့်တင်ပေးနိုင်ခဲ့ပြီး မြန်မာအလှည့်တွင်ရော နိုင်ငံအတွက် ဘာလုပ်နိုင်မည်လဲဆိုသည်က အဓိကမေးခွန်းဖြစ်သည်။

အထက်ပါအချက်များအားလုံး ပြည့်စုံအောင် ဖြေရှင်းနိုင်ရန် အချိန်များစွာ
မကျန်တော့ပါ။ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလမှာပင် အာဆီယံဥက္ကဋ္ဌတာဝန်ကို
မြန်မာ စတင်ထမ်းဆောင်ရတော့မည့်အတွက် ဖြစ်သည်။ ။

Photo- VINCENT THIAN/ AP


အေးချမ်းမွန် Credit To >7day <Thanks
https://www.facebook.com/excellencemedia
ရေးသားသူ- အေးသူစံ
တစ်ချိန်က အပယ်ခံတိုင်းပြည်က အခုတော့ ဒေသဆိုင်ရာ ခေါင်းဆောင်ဖြစ်လာပြီဟု အာဆီယံဥက္ကဋ္ဌ တာဝန်ကို မြန်မာက ဘရူနိုင်းနိုင်ငံတွင် အောက်တိုဘာ ၁၁ ရက်တွင် လွှဲပြောင်းရာယူပြီးနောက် နိုင်ငံ တကာ မီဒီယာက သတင်းဖော်ပြကြသည်။
၁၆ နှစ်အတွင်း ပထမဆုံးအကြိမ် အာဆီယံဥက္ကဋ္ဌဖြစ်လာခြင်းက ပြုပြင်ပြောင်းလဲမှုများကြောင့် နာမည် ကောင်းရလာသော သမ္မတ ဦးသိန်းစိန် အစိုးရအတွက် သံတမန်ရေးဆိုင်ရာ ဆုတစ်ဆု ဖြစ်ကြောင်းလည်း ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြသည်။
အာဆီယံဥက္ကဋ္ဌရာထူး လွှဲပြောင်းရယူနိုင်ခဲ့ခြင်းအတွက် အစိုးရသစ်မှာ ဟန်မဆောင်နိုင်အောင် ဂုဏ်ယူ ၀မ်းမြောက်၊ ကျေနပ်နေချိန်တွင် ပြည်သူအများစုမှာ အာဆီယံဥက္ကဋ္ဌရာထူး၊ ထိုတာဝန်ကြောင့်ရလာမည့် အကျိုး ကျေးဇူးတို့နှင့်ပတ်သက်၍ မသိကိန်းများစွာဖြစ်နေသည်။
အာဆီယံဥက္ကဋ္ဌရာထူးကို ရယူခဲ့သော်လည်း အာဆီယံအသင်းကြီး အကြောင်းကို ပြည်သူလူထုသိရှိနိုင်ရန် ပညာပေးလုပ်ငန်းများ ပြည့်စုံအောင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိခဲ့ကြောင်း နိုင်ငံရေးလေ့လာသူများနှင့် ပြည်သူများက ပြောကြားသည်။ ထိုအချက်ကပင် လူထုစိတ်ဝင်စားမှု လျော့နည်းခြင်း၏ အဓိကဖြစ်သည်။
သာမန်ပြည်သူ ၁၀ ဦးကို အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)နှင့် ပတ်သက်၍မေးမြန်းရာ မသိသလို စိတ်လည်းမ၀င်စားကြဟု ဖြေသည်။
အာဆီယံ၏ ရည်ရွယ်ချက်ကိုက နိုင်ငံအစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ပေါင်းစည်းရေးကို ဦးတည် သွားခြင်းဖြစ်သည်။ ထို့ကြောင့် ပြည်သူလူထုသို့ တိုက်ရိုက်အကျိုးသက်ရောက်မှုမှာ နည်းပါးပြီး ပြည်သူများ စိတ်ဝင်စားမှုမရှိခြင်းဖြစ်ကြောင်း အာဆီယံရေးရာသင်တန်းများ ပို့ချနေသူ သံလွင်နိုင်ငံရေး အင်အားစုမှ ဦးဇော်မင်းကျော်ကပြောကြားသည်။
အစိုးရသည် အာဆီယံနှင့်သက်ဆိုင်သည့် စာချုပ်စာတမ်းများ လက်မှတ်ရေးထိုးရုံသာရှိပြီး ယင်းစာချုပ်ပါ အကျိုးခံစားခွင့်များကို အောက်ခြေပြည်သူလူထုအထိ သိရှိအောင် ဆောင်ရွက်ထားခြင်း မရှိခြင်းကြောင့် ပြည်သူများ အာဆီယံကိုမသိရှိခြင်းမှာ မထူးဆန်းကြောင်း နိုင်ငံရေးဆောင်းပါးရှင် ဒေါက်တာရန်မျိုး သိမ်းက ပြောကြားသည်။
“တီဗီသတင်းမှာ သမ္မတပြောသွားတဲ့ အာဆီယံအကြောင်းတွေ တစ်လုံးမှနားမလည်ဘူး။ ပြီးတော့ အာဆီယံ အသိုက်အ၀န်းဆိုတာလည်း ကျွန်မ မသိဘူး။ အခု ကျွန်မကလေးနှစ်ယောက်ရဲ့ ကျူရှင်စရိတ်၊ ကျောင်းစရိတ်၊ ကုန်ဈေးနှုန်းနဲ့ ယောက်ျားရဲ့ တက္ကစီမောင်းလို့ရတဲ့ ပိုက်ဆံကမလောက်ဘူး။ အခု သမ္မတ က အာဆီယံဥက္ကဋ္ဌဆိုတော့ ကုန်ဈေးနှုန်းတွေကျအောင် သူမလုပ်ပေးနိုင်ဘူးလားလို့ သိချင်တယ်”ဟု မင်္ဂလာ တောင်ညွန့် စံပြဖဆပလရပ်ကွက်ကနေ ဒေါ်စိုးစိုးမော်ကပြောပါသည်။
အာဆီယံဥက္ကဋ္ဌရာထူးကို ကမ္ဘောဒီးယားအား အလှည့်ကျော်၍ မြန်မာနိုင်ငံက ရယူလိုကြောင်း သမ္မတ ဦးသိန်းစိန် အစိုးရက အာဆီယံကို ၂၀၁၂ တွင် ကျင်းပသော အာဆီယံထိပ်သီး အစည်းအဝေးတွင် တောင်း ဆိုခဲ့သည်။
၂၀၀၆ ခုနှစ်က ဥက္ကဋ္ဌ တစ်ကြိမ်ဖြစ်ခွင့်ကို အမေရိကန်၊ ဥရောပသမဂ္ဂ မိတ်ဖက်နိုင်ငံများ အပါအ၀င် နိုင်ငံ တကာ ဖိအားပေးမှုကြောင့် အဆင်သင့်မဖြစ်ဟုဆိုကာ လက်လွှတ်ခဲ့ရသော မြန်မာအတွက် အသွင်ကူး ပြောင်းရေးလုပ်ငန်းစဉ်များအပြီးတွင် ဥက္ကဋ္ဌရာထူးကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ဘာလီတွင် ကျင်းပသည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် အာဆီယံနိုင်ငံများက မြန်မာကို ယုံကြည်စွာ ဥက္ကဋ္ဌရာထူးပေးရန် ဆုံးဖြတ်ခဲ့သည်။
တစ်နိုင်ငံ၏ ပြည်တွင်းရေးကို တစ်နိုင်ငံက ၀င်ရောက်စွက်ဖက်ခြင်းမရှိ၊ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ နေထိုင်ခြင်းဆိုသည့် အာဆီယံ ပဋိညာဉ်ကြောင့် ဒေသတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် နှုတ် ဆိတ်နေလေ့ရှိသည့် အာဆီယံနိုင်ငံများမှာ အတိတ်က မြန်မာပြည်သူ လုထုနှင့် နီးစပ်မှုမရှိကြပါ။ ထို့အပြင် မြန်မာအစိုးရက ဥက္ကဋ္ဌရာထူးမရမီ လပိုင်းအတွင်းကမှ အာဆီယံမိတ်ဆက်အကြောင်းအရာများကို အစိုးရ ပိုင် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ခဲ့ခြင်းမှာလည်း ထိရောက်မှုမရှိခဲ့ပါ။
“လူထုက ၀ါဒဖြန့်ချိပြန်ကြားရေးဆိုတာနဲ့ပဲ တစ်လျှောက်လုံးဖြတ်သန်း ခဲ့ရတဲ့အတွက် သူတို့ပြောတာဆိုတာ စိတ်မ၀င်စားဘူး။ မဆိုင်သလိုနေတယ်။ ဒါကြောင့်ပါ”ဟု ဦးရဲထွန်းက ပြောကြား သည်။
“အာဆီယံနဲ့ပတ်သက်ပြီး တီဗီက လွှင့်တယ်ဆိုတာတောင် မသိပါဘူး။ အခု စိတ်ဝင်စားတာက ကျွန်တော် တို့ရပ်ကွက်တွေ မီးအရမ်းပြန်ပျက်တယ်။ အခုနှစ်လအတွင်းမှာကို တော်တော်ပျက်တယ်။ မီးမပျက်တာ ကြာပြီ။ မီးပြန်ပျက်တာကို ဘယ်လိုမှမနေနိုင်ဘူး။ မီးလေးတော့ ပုံမှန်ပြန်လာစေချင်တယ်”ဟု သာကေတ မြို့နယ်နေ ကွမ်းယာရောင်းသူ ကိုအောင်ချိုကပြောကြားသည်။
ဆင်းရဲမွဲတေမှု၊ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ဘာသာရေး ပဋိပက္ခများ၊ တိုင်းရင်းသားလက်နက်ကိုင်အရေး စသည့်ပြဿနာပေါင်းများစွာကို ရပ်ဆိုင်းဖြေရှင်း နေဆဲ အချိန်တွင် အာဆီယံဥက္ကဋ္ဌတာဝန်ကို ရယူလိုက်ခြင်းက ပြည်သူအပေါ် ထပ်မံ၍ ၀န်ထုပ်ဝန်ပိုးဖြစ် လာနိုင် ကြောင်း ဒေါက်တာရန်မျိုးသိမ်းကဆိုပါသည်။
ဥက္ကဋ္ဌဖြစ်သည့်အတွက် ထိပ်သီးအစည်းအဝေးအပါအ၀င် အစည်း အဝေးပေါင်းတစ်ထောင်နီးပါး အိမ်ရှင် အဖြစ် လက်ခံကျင်းပရာတွင် ထုတ်ယူသုံးစွဲရမည့် ရင်းမြစ်များစွာ လိုအပ်မည်ဖြစ်သည်။
“ကျခံသုံးစွဲရမယ့် Resource တွေအတွက် အစိုးရယန္တရားက အဆင်သင့်မဖြစ်သေးတော့ လိုအပ်တဲ့ ငွေကြေး၊ နည်းပညာ ဒါတွေပြည့်စုံဖို့အတွက် ဘတ်ဂျက်ကသုံးရမှာပဲ။ ဒါကို ပြည်သူက မျှဝေခံစားရမှာ”ဟု ၎င်းကပြောကြားသည်။
အာဆီယံ၏မူဝါဒသည် ဒေသအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် ပြည်သူ့ထံ တိုက်ရိုက်အကျိုး သက်ရောက်မှု ရှိချင်မှရှိမည်ဖြစ်ပြီး ဥက္ကဋ္ဌအဖြစ် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ လိုက်နာကျင့် သုံးခြင်းနှင့် နိုင်ငံတကာတွင် ၀င်ဆံ့ခြင်းတို့သာ အမြတ်ထွက်မည်ဖြစ်ကြောင်း ဗဟုအဖွဲ့မှ ဦးတင်မောင်သန်း က ပြောကြားသည်။
“အာဆီယံဥက္ကဋ္ဌဖြစ်မို့လို့ နေ့စဉ်ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတွေ ပြီးဆုံးသွားမယ်လို့ မျှော်လင့်နေ တာကတော့ အလွန်အကျွံမျှော်လင့်တာ ပဲဖြစ်တယ်။ ဒါ့အပြင် မြန်မာပြည်သူတွေအနေနဲ့ ၂၀၁၅ မှာ အာဆီယံ လွတ်လပ်တဲ့ ကုန်သွယ်ရေးဇုန်ဖြစ်လာတဲ့အခါ ဖွံ့ဖြိုးပြီးသား စင်ကာပူ၊ မလေး၊ အင်ဒိုလိုနိုင်ငံ တွေက အခွင့်သာနိုင်တယ်။ ကျွန်တော်တို့ မြန်မာမှာ ရောင်းစရာ ဘာမှသိပ်မရှိဘူး။ ခံရဖို့များတယ်”ဟု ဦးဇော်မင်းကျော်ကဆိုသည်။
အာဆီယံဥက္ကဋ္ဌရာထူးသည် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ အသိအမှတ်ပြုမှု တစ်ခုကို ရယူခြင်းဖြစ်ပြီး တစ်နှစ်သက်တမ်းအတွင်း နိုင်ငံများကို ဦးဆောင်ခွင့်၊ ဆုံးဖြတ်ခွင့်၊ ထိပ်သီးနိုင်ငံကြီးများနှင့် အစည်း အဝေးအစီ အစဉ်များကို ဦးဆောင်ရေးဆွဲခြင်း စသည့်အခွင့်အရေးတို့ကို မြန်မာက ရရှိမည်ဖြစ်သည်။
ယင်းအချက်ကို အခွင့်ကောင်းယူ၍ စီးပွားရေးအကျိုးအမြတ်ထွက်အောင် အစိုးရဆောင်ရွက်နိုင်ပါက ပြည်သူကို တိုက်ရိုက်မဟုတ်သည့်နည်းဖြင့် အကျိုးပြုရာရောက်ကြောင်း ဦးဇော်မင်းကျော်ကသုံးသပ်သည်။
အစည်းအဝေးသို့ လာရောက်ကြသည့် အင်အားကြီးနိုင်ငံများထံမှ ရေတို ကာလအကျိုးရှိသည့် အထောက် အပံ့ အကူအညီများရအောင် အစိုးရအနေဖြင့် ပါးနပ်စွာစည်းရုံးနိုင်ခြင်းကသာ ပြည်သူအတွက် အကျိုး ရှိမည် ဖြစ်ကြောင်း ဒေါက်တာရန်မျိုးသိမ်းကပြောကြားသည်။
မြန်မာတွင်ပေါများသည်မှာ လုပ်အားခနှင့် လုပ်သားများသာဖြစ်ခြင်းကြောင့် လုပ်သားအင်အားကို အခြေပြု သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်နိုင်ရန် အစိုးရကကြိုးပမ်းပေးခြင်းဖြင့် ပြည်သူထံ အကျိုး သက်ရောက်မှုရှိနိုင်ကြောင်း ၎င်းကဆိုသည်။
မြန်မာနိုင်ငံသည် “ငြိမ်းချမ်းကြွယ်ဝသော လူ့အသိုင်းအ၀ိုင်းသို့ စုစည်းမှုဖြင့် ရှေ့ဆက်ကြပါစို့”ဆောင်ပုဒ်ဖြင့် အာဆီယံအသင်းကို ဦးဆောင်မည်ဖြစ်သည်။ ပြည်သူကို ဗဟိုပြုသော အာဆီယံအဖွဲ့ဖြစ်စေရန် ကြိုးစား မည်ဖြစ်ပြီး ၂၀၁၅ တွင် ပေါ်ပေါက်လာမည့် အာဆီယံအသိုက် အ၀န်းအတွက် ရည်မှန်းချက်များ ပြီးမြောက် အောင် ဆောင်ရွက်မည်ဟု သမ္မတက ပြောကြားသည်။
သို့သော် အာဆီယံနိုင်ငံများထဲတွင် မြန်မာက စီးပွားရေးဖွံ့ဖြိုးမှု အနိမ့်ဆုံးဖြစ်နေ၍ တန်းတူဖွံ့ဖြိုးတိုး တက်ရန် ဥက္ကဋ္ဌသက်တမ်းတစ်နှစ် အတွင်း များစွာကြိုးစားရဦးမည်ဖြစ်ကြောင်း သမ္မတရုံး ပြည်ထောင်စု ၀န်ကြီးဦးစိုးသိန်းက ပြောကြားထားသည်။
“အကောင်းဘက်က မျှော်လင့်ရတာကတော့ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေကို နိုင်ငံတကာက ဖိအားပေးလာနိုင်သလို ဥက္ကဋ္ဌဖြစ်တဲ့အတွက် နိုင်ငံတကာရဲ့သဘောထားနဲ့ စံချိန်စံညွှန်းတွေကို လိုက်နာ ကျင့်သုံးဖို့ လိုတယ်။ ဒါပေမဲ့လည်း ဥက္ကဋ္ဌသက်တမ်းဟာ တစ်နှစ်ပဲဖြစ်တဲ့အတွက် အများကြီးတော့ပြောင်း လဲမှာ မဟုတ်ပါဘူး”ဟု ဦးဇော်မင်းကျော် ကပြောကြားသည်။
အင်တာနက်လိုင်းများ နှေးကွေးလွန်းခြင်း၊ လျှပ်စစ်မီး မကြာခဏပြတ် တောက်ခြင်း၊ တည်းခိုနေထိုင်စရာ ဟိုတယ်များ မပြည့်စုံသေးခြင်း၊ ရှိထားသည့် ဟိုတယ်အခန်းခနှုန်းထားများ ဈေးနှုန်းကြီးမြင့်နေခြင်းနှင့် ညီမျှသော ၀န်ဆောင်မှုကို ပြန်မရခြင်း၊ လမ်းညွှန်ဆိုင်းဘုတ်များကအစ မြန်မာဘာသာဖြင့်သာ ရှိနေ သေးခြင်း စသည့်အခြေခံအဆောက်အအုံပိုင်း တွင်လည်း မပြည့်စုံသေးကြောင်း လေ့လာသူများက ဆိုကြ သည်။ “အာဆီယံဥက္ကဋ္ဌဆိုတာ အစည်းအဝေးတွေ ဒီမှာအိမ်ရှင်အဖြစ် လက်ခံကျင်းပရမယ်လို့တော့ သိ တယ်။ ကျန်တာတော့ သိပ်စိတ်မ၀င်စားဘူး။ သိလည်းမသိပါဘူး။ ကျွန်တော်ရှင်းရှင်းပြောရရင် ဆီးဂိမ်း တောင်သိပ်စိတ်မ၀င်စားပါဘူး။ ကျွန်တော်စိတ်ဝင်စားတာက အင်တာနက်လိုင်းတွေမြန်ဖို့နဲ့ အင်တာနက် သုံးခတွေ ဒီထက်ဈေးလျှော့ ချပေးဖို့ပါ”ဟု အသက်(၂၃)နှစ်အရွယ် ဒုတိယနှစ် ဥပဒေကျောင်းသား ကိုရန်နိုင် မောင်ကပြောသည်။
ဘရူနိုင်းနိုင်ငံတွင်မူ အလှည့်ကျဥက္ကဋ္ဌရာထူးအတွင်း လူငယ်များ၏အခန်း ကဏ္ဍကို မြှင့်တင်ပေးနိုင် ခဲ့ပြီး မြန်မာအလှည့်တွင်ရော နိုင်ငံအတွက် ဘာလုပ်နိုင်မည်လဲဆိုသည်က အဓိကမေးခွန်းဖြစ်သည်။
အထက်ပါအချက်များအားလုံး ပြည့်စုံအောင် ဖြေရှင်းနိုင်ရန် အချိန်များစွာ မကျန်တော့ပါ။ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလမှာပင် အာဆီယံဥက္ကဋ္ဌတာဝန်ကို မြန်မာ စတင်ထမ်းဆောင်ရတော့မည့်အတွက် ဖြစ်သည်။ ။
Photo- VINCENT THIAN/ AP
7day

No comments:

Post a Comment