Monday, November 25, 2013

လုံခြုံရေး အသိပညာပေးသင်တန်း တောင်ကြီးတွင် ပြုလုပ်

ဟိုတယ်များအပါအ၀င် စားသောက်ဆိုင်များ၊ ဈေးဝယ်စင်တာများအား လုံခြုံရေး အသိပညာပေး သင် တန်းကို ပထမဦးဆုံးအကြိမ်အဖြစ် တောင်ကြီးတွင် နိုဝင်ဘာ၂၄ ရက်က စတင်ပြုလုပ်ခဲ့ပြီး ရှမ်းပြည်နယ် ရဲတပ်ဖွဲ့၊ တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူးရုံးနှင့် ရှမ်းပြည်နယ် မှုခင်းတပ်ဖွဲ့တို့က ပူးပေါင်းစီစဉ်ခြင်းဖြစ်သည် ဟု တောင်ကြီးခရိုင် အထူးမှုခင်းနှိမ်နင်းရေးဌာနခွဲမှ တာဝန်ခံရဲအုပ် ၀င်းနိုင်က မဇ္ဈိမကို ပြောသည်။

“လုံခြုံရေး အသိပညာပေးသင်တန်း ဆိုပေမယ့် လုံခြုံရေးတင်မဟုတ်ဘဲ ပြစ်မှု ကြိုတင်ကာကွယ်ရေး၊ မှု ခင်းဖော်ထုတ်ရေးတွေမှာ ပြည်သူလူထု ပူးပေါင်းဆောင်ရွက်လာရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ ကျင်း ပရခြင်း ဖြစ်ပါတယ်”ဟု ရဲအုပ်ဝင်းနိုင်က ပြောသည်။

မှုခင်းဖြစ်ရပ်များတွင် ပြည်သူလူထု ပူးပေါင်းပါဝင်မှု အသိပညာအားနည်းနေသောကြောင့် ပြည်သူလူထု လုံခြုံရေးအပြင် ကာကွယ်ရေးကိစ္စများ နားလည်စေရန် ပြုလုပ်ခြင်းဖြစ်သည်ဟုလည်း ရဲအုပ်ဝင်းနိုင်က ဆိုသည်။

“လတ်တလော ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဖြစ်စဉ်တွေကို မဖြစ်စေဖို့ လုံခြုံရေးနဲ့ပတ်သတ်ပြီး ပြည်သူတွေ ဗဟုသုတရစေချင်လို့၊ ကျွန်တော်တို့ မှုခင်းတပ်ဖွဲ့အနေနဲ့လည်း အများပြည်သူ လုံခြုံရေးအတွက် တစ် ဖက်တစ်လမ်းက ကူညီပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ မိုင်းအသိ မိုင်းသတိရှိဖို့ လာရောက် ပို့ချပေးခြင်းဖြစ် တယ်”ဟု မဇ္ဈိမကို ပြောသည်။

သင်တန်းကို တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူးရုံးခန်းမတွင် နိုဝင်ဘာ ၂၄ ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ ကျင်းပမည်ဖြစ်သည်။ ယင်းသင်တန်းသို့ တောင်ကြီးခရိုင်အတွင်းရှိ ဟိုတယ်၊ တည်းခိုခန်း၊ ဈေး ဆိုင်ခန်းရှင်၊ စားသောက်ဆိုင်၊ စူပါမားကတ်များမှ စိတ်ဝင်စားသူ ၅၀ ခန့် တက်ရောက်ခဲ့ပြီး ရှမ်းပြည်နယ် မှုခင်းတပ်ဖွဲ့မှ ဒု-ရဲမှူးကြည်အောင်၊ တောင်ကြီးခရိုင် အထူးမှုခင်းနှိမ်နင်းရေးဌာနခွဲမှ တာဝန်ခံ ရဲအုပ်ဝင်း နိုင်တို့က ဆွေးနွေးခဲ့ကြသည်။

Mizzima

No comments:

Post a Comment