Monday, December 16, 2013

စားဆီများကို ပီပါအဟောင်းများနှင့် မထည့်ရန် စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီး တိုက်တွန်း

စားဆီများကို ပီပါအဟောင်းများနှင့် မထည့်ရန် စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီး တိုက်တွန်း

16.12.2013

စားအုန်းဆီများကို ကြုံရာပီပါခွံများဖြင့်ထည့်သွင်းနေခြင်းသည် စားသုံးသူများအတွက် အန္တရာယ်ရှိနိုင် သဖြင့် ပြည်ပမှပီပါများ တင်သွင်းအသုံးပြုရန် ဆီကုန်သည်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က တိုက်တွန်း ပြောကြားလိုက်သည်။

ယင်းနှင့်စပ်လျဉ်းကာ ဒီဇင်ဘာ ၁၄ ရက်တွင် UMFCCI ၌ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ ၂၁ ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးတွင် ဦးဝင်းမြင့်ကပြောကြားခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ပြည်ပမှ စားအုန်းဆီများကို သင်္ဘောများအတွင်း လှောင်ကန်များဖြင့် တင်သွင်းလာ ကြကာ ဆိပ်ကမ်းအနီးရှိ ဆီလှောင်ကန်များတွင် သိုလှောင်ထားပြီးနောက် ဆီဝယ်ယူသူများက ပြန် လည်ဆေးကြောထားသည့် စက်သုံးဆီပီပါများ၊အက်ဆစ်နှင့် ဓာတုဆေးဝါးများထည့်သော ပီပါ အဟောင်းများဖြင့် ထည့်သွင်းအသုံးပြုလျက်ရှိကြောင်း ယင်းကဆိုသည်။

ဦးဝင်းမြင့်က “စားအုန်းဆီရောင်းဝယ်တဲ့နေရာမှာ ဓာတုဗေဒဆေးပေပီခွံတွေကို သုံးနေတာတွေ့နေရပါ တယ်။ စားသုံးသူတွေ ကျန်းမာရေးထိခိုက်မှုဖြစ်လာခဲ့ရင် နောင်တစ်ချိန်မှာ တရားခံဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ပြည်ပကနေ ပီပါအခွံသွင်းတာပဲဖြစ်ဖြစ် ဒါမှမဟုတ် ဆီသွင်းတာကို ပီပါနဲ့တစ်ခါတည်းသွင်း တာဖြစ်ဖြစ်ဆောင်ရွက်ပြီး အားနည်းချက်တွေကို ပြင်ဖို့လိုပါတယ်”ဟုပြောသည်။

သို့ရာတွင် စားအုန်းဆီကို ပီပါဖြင့် တင်သွင်းခြင်းနှင့်  ပီပါအခွံလွတ်များသီး သန့်တင်သွင်းခြင်းတို့သည် ကုန်ကျစရိတ်ကြီးမြင့်ခြင်းများကြောင့် ဆောင်ရွက်ရန် အခက်အခဲရှိနေရာ ပီပါသန့်စင်ခြင်း လုပ်ငန်းအား စနစ်တကျရှိစေရန်နှင့် အက်ဆစ်ပေပါကဲ့သို့ အရိုးခေါင်းအမှတ်တံဆိပ်ပါသောပေပါများကို အသုံးပြုခြင်း မရှိစေရန် ကြပ်မတ်မှုများကိုသာ ကနဦး ဆောင်ရွက်နိုင်မည်ဟု မဇ္ဈိမ၏ မေးမြန်းမှုအား မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသိန်းဟန်က ပြောသည်။

ဦးသိန်းဟန်က “အရင်တုန်းကတော့ ပီပါခွံအသစ်တွေနဲ့တင်သွင်းပြီး ရောင်းတဲ့အခါမှာ ပီပါခွံစရိတ်တွေ နဲ့ဆိုရင် ရှုံးတယ်။ အဲဒီအရှုံးကိုကာမိအောင် ရောင်းမယ်ဆိုရင်လည်း စားသုံးသူဆီမှာ ၀န်သွားပိတယ်။ အဲတော့ သိုလှောင်ကန်တွေ ရင်းနှီးမြှုပ်နှံပြီး သွင်းတာပေါ့။ ပီပါခွံသစ်တွေ သွင်းတာထက် အခြားစိတ် ချရတဲ့ နည်းလမ်းတွေသုံးပြီး ဆောင်ရွက်ဖို့တော့လုပ်သွားမှာပါ” ဟု ပြောသည်။

လက်ရှိအချိန်တွင် ပြည်ပမှစားအုန်းဆီတင်သွင်းရာတွင် အေးခဲအမှတ် ၈ (Cloud Point အဆင့်ရှိ အဆင့်မြင့်ဆီများကိုသာ တင်သွင်းခွင့်ပြုထားသော်လည်း ရေကြောင်းမှ သင်္ဘောမှတင်ဆောင်စဉ် ဆားငံရေများဝင်ရောက်ခြင်းကြောင့် အေးခဲအမှတ် ၁၀ ၊ ၁၂ သို့အထိ အရည်အသွေး ကျဆင်းမှုများ ရှိကြောင်း ဦးသိန်းဟန်က ဆက်လက်ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် တစ်နှစ်လျှင် ပြည်ပမှစားအုန်းဆီ မက်ထရစ်တန်ချိန် သုံးသိန်းခန့် တင်သွင်းလျက်ရှိသည်။

Mizzima - News in Burmese
စားအုန်းဆီများကို ကြုံရာပီပါခွံများဖြင့်ထည့်သွင်းနေခြင်းသည် စားသုံးသူများအတွက် အန္တရာယ်ရှိနိုင် သဖြင့် ပြည်ပမှပီပါများ တင်သွင်းအသုံးပြုရန် ဆီကုန်သည်များအား စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ် ရေး ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က တိုက်တွန်း ပြောကြားလိုက်သည်။

ယင်းနှင့်စပ်လျဉ်းကာ ဒီဇင်ဘာ ၁၄ ရက်တွင် UMFCCI ၌ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ ၂၁ ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးတွင် ဦးဝင်းမြင့်ကပြောကြားခဲ့ခြင်းဖြစ်ပြီး လက်ရှိ အချိန် တွင် ပြည်ပမှ စားအုန်းဆီများကို သင်္ဘောများအတွင်း လှောင်ကန်များဖြင့် တင်သွင်းလာ ကြကာ ဆိပ်ကမ်းအနီးရှိ ဆီလှောင်ကန်များတွင် သိုလှောင်ထားပြီးနောက် ဆီဝယ်ယူသူများက ပြန် လည်ဆေးကြော ထားသည့် စက်သုံးဆီပီပါများ၊အက်ဆစ်နှင့် ဓာတုဆေးဝါးများထည့်သော ပီပါ အဟောင်းများဖြင့် ထည့်သွင်းအသုံးပြုလျက်ရှိကြောင်း ယင်းကဆိုသည်။

ဦးဝင်းမြင့်က “စားအုန်းဆီရောင်းဝယ်တဲ့နေရာမှာ ဓာတုဗေဒဆေးပေပီခွံတွေကို သုံးနေတာတွေ့နေရပါ တယ်။ စားသုံးသူတွေ ကျန်းမာရေးထိခိုက်မှုဖြစ်လာခဲ့ရင် နောင်တစ်ချိန်မှာ တရားခံဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ပြည်ပကနေ ပီပါအခွံသွင်းတာပဲဖြစ်ဖြစ် ဒါမှမဟုတ် ဆီသွင်းတာကို ပီပါနဲ့တစ်ခါတည်းသွင်း တာဖြစ်ဖြစ်ဆောင်ရွက်ပြီး အားနည်းချက်တွေကို ပြင်ဖို့လိုပါတယ်”ဟုပြောသည်။

သို့ရာတွင် စားအုန်းဆီကို ပီပါဖြင့် တင်သွင်းခြင်းနှင့်  ပီပါအခွံလွတ်များသီး သန့်တင်သွင်းခြင်းတို့သည် ကုန်ကျ စရိတ်ကြီးမြင့်ခြင်းများကြောင့် ဆောင်ရွက်ရန် အခက်အခဲရှိနေရာ ပီပါသန့်စင်ခြင်း လုပ်ငန်းအား စနစ်တကျရှိစေရန်နှင့် အက်ဆစ်ပေပါကဲ့သို့ အရိုးခေါင်းအမှတ်တံဆိပ်ပါသောပေပါများကို အသုံးပြုခြင်း မရှိစေရန် ကြပ်မတ်မှုများကိုသာ ကနဦး ဆောင်ရွက်နိုင်မည်ဟု မဇ္ဈိမ၏ မေးမြန်းမှုအား မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသိန်းဟန်က ပြောသည်။

ဦးသိန်းဟန်က “အရင်တုန်းကတော့ ပီပါခွံအသစ်တွေနဲ့တင်သွင်းပြီး ရောင်းတဲ့အခါမှာ ပီပါခွံစရိတ်တွေ နဲ့ဆိုရင် ရှုံးတယ်။ အဲဒီအရှုံးကိုကာမိအောင် ရောင်းမယ်ဆိုရင်လည်း စားသုံးသူဆီမှာ ၀န်သွားပိတယ်။ အဲတော့ သိုလှောင်ကန်တွေ ရင်းနှီးမြှုပ်နှံပြီး သွင်းတာပေါ့။ ပီပါခွံသစ်တွေ သွင်းတာထက် အခြားစိတ် ချရတဲ့ နည်းလမ်းတွေသုံးပြီး ဆောင်ရွက်ဖို့တော့လုပ်သွားမှာပါ” ဟု ပြောသည်။

လက်ရှိအချိန်တွင် ပြည်ပမှစားအုန်းဆီတင်သွင်းရာတွင် အေးခဲအမှတ် ၈ (Cloud Point အဆင့်ရှိ အဆင့်မြင့် ဆီများကိုသာ တင်သွင်းခွင့်ပြုထားသော်လည်း ရေကြောင်းမှ သင်္ဘောမှတင်ဆောင်စဉ် ဆားငံရေများ ၀င်ရောက်ခြင်းကြောင့် အေးခဲအမှတ် ၁၀ ၊ ၁၂ သို့အထိ အရည်အသွေး ကျဆင်းမှုများ ရှိကြောင်း ဦးသိန်းဟန် က ဆက်လက်ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် တစ်နှစ်လျှင် ပြည်ပမှစားအုန်းဆီ မက်ထရစ်တန်ချိန် သုံးသိန်းခန့် တင်သွင်းလျက် ရှိသည်။

Mizzima - News in Burmese

No comments:

Post a Comment