Monday, December 16, 2013

ပေ ၃၀၀ ထက် ကျော်လွန် ပါက လျှပ်စစ်ကြိုးသွယ်တန်း ပေးမည် မဟုတ်ဟုဆို

မိမိနေအိမ်သို့ လျှပ်စစ်မီးသွယ် တန်းရန် လျှောက်ထားလာပါက ပေ ၃၀၀အထက် ကျော်လွန်သောအိမ်များ ကို လျှပ်စစ်မီးသွယ်တန်းပေးမည် မဟုတ်ကြောင်း၊ ဒလမြို့နယ် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“၀ါယာကြိုးတစ်ခွေ ပေ ၃၀၀ပဲရှိ တယ်။ ဒီထက်ကျော်သွားမည်ဆိုရင် ၀ါ ယာကြိုးက ဆက်ရတော့မည်။ ဆက်ရ ပြီဆိုတာနဲ့ အဲဒီမှာအထုံးဖြစ်သွားတယ်။ အဆက်ပါပြီဆိုတာနဲ့ ဘယ်နေ့ပြဿနာ တက်မလဲဆိုတာ သတိထားနေရတယ်။ တိုင်နဲ့အဝေးကြီးဆိုရင် မလျှောက်နဲ့၊ အခုက ဘယ်လိုတွေဖြစ်နေ သလဲ ဆို တော့ အောက်ခြေ က ၀န်ထမ်းတွေနဲ့ တိုးတိုးတိတ်တိတ် လုပ်ပြီး တက်လာလို့ ရှိရင် ပေ ၃၀၀ ဆိုတော့ အထက်က ခွင့် ပြုလိုက်တယ်။ ဒါမျိုးလေးတွေလည်း ရှိ နေတယ်”ဟု ယင်းကပြောသည်။
ယခုအခါတွင် မီးဆင့်ပွားပေးခြင်း များ ရှိနေပြီး လက်ရှိအချိန်တွင် ဖမ်းဆီး အရေးယူခြင်းများ မရှိသေးသော် လည်း တရား ၀င်ရှင်းလင်းပွဲများ ပြုလုပ်ပြီးပါ က ပိုက်စိပ်တိုက်စစ်ဆေးမှုများ ပြုလုပ် မည်ဖြစ်သောကြောင့် မီးဆင့်ပွားပေး ခြင်းများ မလုပ်ရန်တားမြစ်ထားကြောင်း သိရသည်။

“တရားဝင် အသိပေးပြီးသွားရင် တော့ စစ်ဆေးသွားမယ်။ တွေ့ရှိရင် မီတာဖြုတ်သိမ်းခံရမယ်။ ဒဏ်ငွေရိုက် ရင် တစ်သိန်းခွဲ ကျမယ်။ ဒါက တစ်ယူ နစ်နဲ့တွက်တာ။ ကျန်တဲ့ မီးပူ၊ ပလပ် ပေါက်၊ သုံးစွဲတဲ့ပစ္စည်းအကုန် စစ်ဆေး ပြီးရင် အကုန်ပေါင်း သိန်း ၂၀၊ ၃၀ လောက် ကျတယ်။ ဒါက တစ်နှစ်မှာ ၃၆၅နဲ့ မြှောက်ပြီး တစ်နှစ် စာ ဒဏ်ရိုက် တာ”ဟု ယင်းက ထပ်မံပြောသည်။
၎င်းင်းအပြင် နိုင်ငံတော်မှ မီတာများ ကို နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိ ရာ လျှောက်ထားသူများ အနေဖြင့် ပွဲစား များမှတဆင့် လျှောက်ထားခြင်းထက် ကိုယ်တိုင်လာရောက်၍ လျှောက်ထား ပါက ငွေ ကျပ် ၆၅၀၀၀သာ ကုန်ကျမည် ဖြစ်ကြောင်း၊ သတ်မှတ်ထားသော မူ ဘောင်နှင့် ကိုက်ညီပါ က နေ့ချင်းပြီး ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မင်းသုခ
ပို့ဆောင်ရေးသတင်းဂျာနယ်

No comments:

Post a Comment