Wednesday, February 5, 2014

ရွှေကျောင်းတော်ကို တိုက်ခိုက်ရန် အိန္ဒိယအား ဗြိတိသျှတို့မှ တိုက်တွန်းခဲ့

တရားဝင် စုံစမ်းမှုများအရ ၁၉၈၄ ခုနှစ်တွင် အမ်ရစ်ဆာရှိ ရွှေကျောင်းတော်မှ ဆစ်ခ်လူမျိုး ခွဲထွက်ရေး သမားများကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ရန် ဗြိတိန် အနေဖြင့် အိန္ဒိယကို တိုက်တွန်း ခဲ့ကြောင်း တွေ့ရှိရ သည်ဟု အင်္ဂလန် နိုင်ငံခြားရေး ဝန်ကြီး ဝီလျံဟဂူးမှ အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

ထိုစဉ်က ဝန်ကြီးချုပ် မာဂရက်သက်ချာမှ အထူးလေကြောင်း တပ်ဖွဲ့မှ အရာရှိ တစ်ယောက် ကို စေ လွှတ်ခဲ့ပြီး တိုက်ခိုက်မှုအတွက် အကြံပြုခဲ့ကြောင်း ထုတ်ပြန်ခဲ့သည့် ရုံးစာရွက်စာတမ်း များက ညွှန်ပြနေ သည့် အတွက် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းမှ ၎င်းကိစ္စကို ဆက်လက် စုံစမ်းရန် ပြီးခဲ့သောလက ညွှန်ကြား ခဲ့ခြင်း ဖြစ်သည်။

“ ဗြိတိသျှရဲ့ ထောက်ပံ့မှုဟာ အကြံဉာဏ်သက်သက်ပါ။ အိန္ဒိယအစိုးရကို အစောပိုင်း အခြေအနေတွေ မှာ ပြောခဲ့တာပါ။ နောက်သုံးလ အကြာ ရွှေကျောင်းတော်မှာ ဖြစ်ပေါ်ခဲ့တဲ့ တိုက်ခိုက်မှုအပေါ် ဒီအကြံဉာဏ် က သက်ရောက်မှု နည်းနည်းပဲ ရှိတာပါ။ နောက်ပြီး ဒီလိုတိုက်ခိုက်မှုအတွက် ဗြိတိန်ကိုလည်း ကြိုတင် အကြောင်းကြားတဲ့ မှတ်တမ်းတွေ မရှိပါဘူး ”  ဟု ပါလီမန်တွင် ပြောကြားခဲ့သည်။

ဟဂူး၏ ပြောကြားမှုများကြောင့် အိန္ဒိယရှိ ဆစ်ခ် အဖွဲ့များ စိတ်ပျက်စေနိုင်ပြီး မေလတွင် ပြန်လည် ကျင်းပ မည့် ရွေးကောက်ပွဲအတွက် ရုန်းကန်နေရသော ကွန်ဂရက် ပါတီကိုလည်း ထိခိုက်စေနိုင်လျက် ရှိသည်။ ရွှေကျောင်းတော် တိုက်ခိုက်မှု ဖြစ်ပွားချိန်တွင် ကွန်ဂရက်ပါတီမှ အုပ်ချုပ်နေသောကြောင့် ဖြစ် သည်။

အမ်ရစ်ဆာရှိ ရွှေကျောင်းတော်ကို ဝင်ရောက် တိုက်ခိုက်မှုသည် ဆစ်ခ်လူမျိုး ခွဲထွက်ရေးသမားများကို ရည်ရွယ် တိုက်ခိုက်ခြင်း ဖြစ်သည်။ ထိုစဉ်က တရားဝင် ထုတ်ပြန်မှုများတွင် လူပေါင်း ၅၇၅ ယောက် သေ ဆုံး ခဲ့ကြောင်း ကြေငြာခဲ့သော်လည်း မစ္စတာ ဟဂူးမှ အခြားသော အစီရင်ခံစာများတွင် ပစ်ခတ်မှုများ အကြား ဘုရား ဖူး များ အပါအဝင် လူပေါင်း ၃၀၀၀ နီးပါး သေဆုံးခဲ့သည်ဟု ပါဝင်ကြောင်း ပြောဆိုခဲ့သည်။ “ ဒီလို အသက်တွေ ဆုံးရှုံးမှုဟာ ကြေကွဲစရာပါ။ ကမ္ဘာပေါ်မှာ ရှိတဲ့ ဆစ်ခ်လူမျိုးတွေ အတွက် ဒီလို ကိစ္စရပ်တွေကြောင့် ထိခိုက်ခံစားရမှာကို နားလည်ပေးနိုင်ပါတယ် ” ဟုလည်း ပြောဆိုခဲ့သည်။

ရွှေကျောင်းတော် တိုက်ခိုက်ခဲ့မှုကို ကြယ်ပြာ စစ်ဆင်ရေးဟု ခေါ်ဆိုကြပြီး ၎င်းစစ်ဆင်ရေးကို ဦးဆောင်ခဲ့ သည့် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ခူဒိပ်ဆင်းဘရာမှ “ ဗြိတိန်က အကြံဉာဏ်တွေ၊ အကူအညီတွေ မရခဲ့ပါဘူး။ တခြားဌာနတွေ၊ ထောက်လှမ်းရေး ဌာနတွေမှာ ဖြစ်ပေါ်ခဲ့မလားတော့ ကျွန်တော်လည်း သတိ မထား ခဲ့မိ ပါဘူး။ ကြယ်ပြာ စစ်ဆင်ရေးကို ရေးဆွဲပြီး အကောင်အထည် ဖော်တဲ့နေရာမှာ ဗြိတိန်ရဲ့ ပါဝင် ပတ် သက် မှု မရှိခဲ့ပါဘူး ” ဟု ပြောဆိုခဲ့သည်။

အစိုးရ၏ ပြန်လည်သုံးသပ်မှုကို ဗြိတိန်ရှိ ဆစ်ခ်အဖွဲ့အစည်းမှ ဝေဖန်ခဲ့ပြီး ဇွန်လ ၁၉၈၄ ခုနှစ်က ကိစ္စရပ်ကို သာမက နောက်ဆက်တွဲ ဖြစ်ရပ်များကိုပါ ပြန်လည် သုံးသပ်သင့်ကြောင်း ပြောဆိုခဲ့ကြသည်။ အိန္ဒိယ ဝန်ကြီးချုပ် အင်ဒီရာဂန္ဒီသည် ဆစ်ခ်လူမျိုး သက်တော်စောင့်၏ ပြန်လည် လုပ်ကြံမှုကို အောက်တိုဘာ ၁၉၈၄ တွင် ခံခဲ့ရသည်။ လုပ်ကြံမှုသည် ရွှေကျောင်းတော်ကို တိုက်ခိုက်မှုအတွက် ပြန်လည် လက်စားချေ သည်ဟု ယူဆကြသည်။ နောက်တစ်လအကြာတွင် အိန္ဒယတွင် ဖြစ်ပွားခဲ့သည့် ဆစ်ခ်ဆန့် ကျင်သည့် အဓိကရုဏ်းများ၌ လူပေါင်း သုံးထောင်ထက် မနည်း သေဆုံးခဲ့ကြသည်။

REF: The Nation

No comments:

Post a Comment