Thursday, February 20, 2014

အလှမယ်များ ရေကြည်ရန်ပုံငွေပွဲတွင် ပါဝင်ကူညီကြမည်

ရွှေရောင်အနာဂတ်လူငယ်အဖွဲ့၏ “အခမဲ့”လူနာတင်ယာဉ် ဖြစ်မြောက်ရေးရန်ပုံ ငွေပွဲကို ဖေဖော်ဝါရီ ၂၅ ရက်တွင် ရေကြည်မြို့ ပြည်သူ့အားကစားကွင်း၌် ကျင်းပပြုလုပ်မည်ဖြစ်သည်။ ယင်းဖျော်ဖြေပွဲတွင် သရုပ် ဆောင်၊ စာရေးဆရာ၊ ဒါရိုက်တာ အကယ် ဒမီကျော်သူ (နာရေးကူညီမှုအသင်းဥက္ကဋ္ဌ) နှင့်အတူ မြန်မာ နိုင်ငံမှ အလှမယ်များလည်း ပါဝင်ကြမည်ဖြစ်ကြောင်း Miss Golden Land Myanmar Organization မှ ကိုဝေယံအောင်က မဇ္ဈိမသို့ ပြောသည်။

ယင်းဖျော်ဖြေပွဲကို Miss Golden Land Myanmar Organization မှ နာရေးကူညီမှု အသင်းအနေဖြင့် ရေကြည်မြို့တွင်ပြုလုပ် သည့်ဖျော်ဖြေပွဲတွင် ပထမဦးဆုံး ပူးပေါင်း ပါဝင်လှုပ်ရှားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပွဲတွင် သရုပ်ဆောင်၊ စာရေး ဆရာ၊ ဒါရိုက်တာ အကယ်ဒမီကျော်သူ (နာရေးကူညီမှုအသင်းဥက္ကဋ္ဌ)နှင့် အဖွဲ့၏စာပေဟောပြောပွဲ၊ ဗြဟ္မစိုရ်စကားလုံးများ နှင့် ဖျော်ဖြေရေး အစီအစဉ်များသည်လည်း ပါဝင်မည် ဖြစ်ပြီး နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါ၊ ထားထက်ထက်နှင့် ဂုဏ်ရည်အေးကျော်တို့သည် ယင်း ရန်ပုံငွေဈေး ရောင်းပွဲတော်တွင် အမှတ်တရလက်မှတ်များ ရေးထိုး ပေးမည်ဖြစ်သည်။

“ပရဟိတလူငယ်အဖွဲ့က ကမ်းလှမ်းလို့ ပါဝင်ဖြစ်တာပါ။ အရင်က သထုံဘက်မှာလဲ ပါဝင်ကူညီပေးခဲ့ဖူး တယ်။ ဒီပွဲမှာတော့ miss တွေက ကိုယ်တိုင်ဈေးရောင်းမယ်။ သီချင်းလဲ ဆိုကြမယ်။ နှစ်ယောက်တွဲဆိုဖို့ အတွက် သီချင်းတွေလဲ တိုက်ထားပါတယ်။ အဆိုတော်မဟုတ်ပေမယ့် ကိုယ်လဲရတဲ့ သီချင်းပရိသတ်လဲ လိုက်ဆိုလို့ရမယ့်သီချင်းမျိုး ရွေးထားပါတယ်။ နောက်ပိုင်းလည်း ကိုယ်တိုင်လုပ်တဲ့ ပရဟိတပဲဖြစ်ဖြစ်၊ တခြား အဖွဲ့အစည်းက ကမ်းလှမ်းတဲ့ ပရဟိတပဲ ဖြစ်ဖြစ် ပါဝင်ကူညီပေးသွားမှာပါ” ဟု အလှမယ် ထား ထက်ထက်က ဆိုသည်။

အဆိုပါရန်ပုံငွေပွဲကို ညနေ ၅ နာရီ တွင် ရေကြည်မြို့ ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အလှမယ်များသည် ပရဟိတအကြောင်းအရာများ၏ တွေ့ကြုံ မှုများကို ပြောပြကြမည်ဖြစ်ကာဈေးရောင်း ပွဲတော်မှရရှိသည့် ငွေကြေးအားလုံးကို ယင်းရန်ပုံငွေပွဲတွင် လှူဒါန်းခဲ့ကြမည်ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment