Thursday, February 20, 2014

Facebook က WhatsApp ကို ၁၉ ဘီလီယံဒေါ်လာဖြင့် ၀ယ်ယူ

Photo: Facebook က WhatsApp ကို ၁၉ ဘီလီယံဒေါ်လာဖြင့် ၀ယ်ယူ
Thursday, February 20, 2014

လစဉ် အသုံးပြုသူဦးရေ ၄၅၀ သန်းတိုးပွားလျက်ရှိသော မက်ဆေ့ခ်ျအခမဲ့ပေးပို့နိုင်သည့် WhatsApp application ကို Facebook က ငွေသားနှင့် ရှယ်ရာ စုစုပေါင်း ၁၉ ဘီလီယံဒေါ်လာနှင့် ညီမျှသောပမာဏဖြင့် ၀ယ်ယူလိုက်ကြောင်း သိရသည်။

အဆိုပါ ၀ယ်ယူမှုနှင့် ပက်သတ်၍ Facebook၏ သတင်းထုတ်ပြန်ချက်တွင် ကုမ္ဗဏီတည်ထောင်သူ Mark Zukerberg က whatsApp သည် “အလွန်တရာ တန်ဖိုးရှိသော” application ဖြစ်သည်ဟု ဆိုသည်။

WhatApps သည် အင်တာနက်ချိတ်ဆက်မှုဖြင့် အခမဲ့ မက်ဆေ့ခ်ျပေးပို့နိုင်ပြီး အသုံးပြုသူများထံမှ စာရင်းသွင်းခအဖြစ် တစ်နှစ်တွင် ၁ ဒေါ်လာသာ ကောက်ခံသည်။

WhatApps ပူးတွဲတည်ထောင်သူ Jan Koum က “Mark ရယ် Facebook ရယ်နဲ့ တွဲဖက်လုပ်ကိုင်ရမှာ ရင်လည်းခုန်တယ်၊ ဂုဏ်လည်းယူပါတယ်။ Whatsapp ကို တစ်ကမ္ဘာလုံးက လူတွေဆီ ပိုမိုရောက်ရှိအောင် ဆက်လက်ဆောင်ရွက်သွားမယ်” ဟုပြောသည်။

Mark Zukerberg က WhatsApp အသုံးပြုသူ သန်း ၁၀၀၀ ရှိလာမည်ဟု ယုံကြည်ကြောင်း၊ WhatsApp မှတဆင့် ကြော်ငြာဖြင့် ၀င်ငွေရှာမည်မဟုတ်ကြောင်း ပြောသည်။

အရောင်းအ၀ယ်ကိစ္စ အပြီးသတ်ပြီးပါက WhatsApps ၏ ပူးတွဲတည်ထောင်သူများဖြစ်သည့် Jan Koum နှင့် Brian Acton တို့သည် Silicon Valley မှ အသစ်ဆက်ဆက် ဘီလီယံနာများ ဖြစ်လာဖွယ်ရှိသည်။

Facebook သည် ၂၀၁၂ ခုနှစ်ကလည်း ဓါတ်ပုံလူမှုကွန်ယက် Instagram ကို ဒေါ်လာ ၁ ဘီလီယံဖြင့် ၀ယ်ယူခဲ့သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
လစဉ်အသုံးပြုသူဦးရေ ၄၅၀ သန်းတိုးပွားလျက်ရှိသော မက်ဆေ့ခ်ျအခမဲ့ပေးပို့နိုင်သည့် WhatsApp application ကို Facebook က ငွေသားနှင့် ရှယ်ရာ စုစုပေါင်း ၁၉ ဘီလီယံဒေါ်လာနှင့် ညီမျှသော ပမာဏဖြင့် ၀ယ်ယူလိုက်ကြောင်း သိရသည်။


အဆိုပါ ၀ယ်ယူမှုနှင့် ပက်သတ်၍ Facebook၏ သတင်းထုတ်ပြန်ချက်တွင် ကုမ္ဗဏီတည်ထောင်သူ Mark Zukerberg က whatsApp သည် “အလွန်တရာ တန်ဖိုးရှိသော” application ဖြစ်သည်ဟု ဆိုသည်။

WhatApps သည် အင်တာနက်ချိတ်ဆက်မှုဖြင့် အခမဲ့ မက်ဆေ့ခ်ျပေးပို့နိုင်ပြီး အသုံးပြုသူများထံမှ စာရင်းသွင်းခအဖြစ် တစ်နှစ်တွင် ၁ ဒေါ်လာသာ ကောက်ခံသည်။

WhatApps ပူးတွဲတည်ထောင်သူ Jan Koum က “Mark ရယ် Facebook ရယ်နဲ့ တွဲဖက်လုပ်ကိုင်ရမှာ ရင်လည်းခုန်တယ်၊ ဂုဏ်လည်းယူပါတယ်။ Whatsapp ကို တစ်ကမ္ဘာလုံးက လူတွေဆီ ပိုမိုရောက်ရှိအောင် ဆက်လက်ဆောင်ရွက်သွားမယ်” ဟုပြောသည်။

Mark Zukerberg က WhatsApp အသုံးပြုသူ သန်း ၁၀၀၀ ရှိလာမည်ဟု ယုံကြည်ကြောင်း၊ WhatsApp မှတဆင့် ကြော်ငြာဖြင့် ၀င်ငွေရှာမည်မဟုတ်ကြောင်း ပြောသည်။

အရောင်းအ၀ယ်ကိစ္စ အပြီးသတ်ပြီးပါက WhatsApps ၏ ပူးတွဲတည်ထောင်သူများဖြစ်သည့် Jan Koum နှင့် Brian Acton တို့သည် Silicon Valley မှ အသစ်ဆက်ဆက် ဘီလီယံနာများ ဖြစ်လာဖွယ်ရှိသည်။

Facebook သည် ၂၀၁၂ ခုနှစ်ကလည်း ဓါတ်ပုံလူမှုကွန်ယက် Instagram ကို ဒေါ်လာ ၁ ဘီလီယံဖြင့် ၀ယ်ယူခဲ့သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment