Wednesday, February 5, 2014

ရိုဟင်ဂျာဆိုသည်မှာ လုပ်ကြံထားသည့်နာမည်တစ်ခုသာဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန် ပြောဆို

နိုင်ငံတော်သမ္မတနှင့် ကျွမ်းကျင်ပညာရှင်များက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုး မရှိဘူးဟုပြော ဆိုနေသော်လည်း လူအချို့က ရိုဟင်ဂျာလူမျိုးများရှိသည်ဟု ပြောဆိုနေခြင်းများနှင့် ပတ်သက်၍ ယခင် တမ်မတော်အစိုး ရထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့် က မြန်မာနိုင်ငံ တွင် ရိုဟင်ဂျာဆိုသည်မှာ တကယ်မရှိကြောင်း ဖေဖော်ဝါရီလ ၄ ရက်နေ့က ပြောဆိုသည်။

၎င်းအနေဖြင့် ယခင်အစိုးရ လက်ထက်က ရခိုင်ပြည်နယ် ဘူးသီးတောင် နှင့် မောင်တော် မြို့များတွင် တပ်ရင်းမှူးဘဝဖြင့် ၄ နှစ်တာဝန် ထမ်းဆောင်ခဲ့ဘူးကြောင်း ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန်က ၎င်းအိပ်တွင်ပြုလုပ်ခဲ့သော ပန်ချီပြပွဲတွင် ပြောသည်။

“ရိုဟင်ဂျာဆိုတာ လုံးဝမရှိဘူး ဒါလုပ်ကြံထားတာ။ ရှိလည်းမရှိဘူး လက်လည်းမခံနိုင်ဘူး ရခိုင်ဆိုတာ တိုင်းရင်းသား ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားမဟုတ်” ဟု ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်က ဆိုသည်။

၎င်းကဆက်လက် ပြောကြားရာတွင်လည်း “ဦးအနေနဲ့ အဲ့မှာအနေကြာလာတာ များတော့ ရခိုင်တိုင်းရင်းသား တွေရဲ့အကြောင်းကို ကောင်းကောင်းသိသလို မူဆလင်တွေ အကြောင်းကို လည်းကောင်းကောင်း သိပါတယ်” ဟု ဦးခင်ညွှန့်က ထပ်လောင်းပြောဆိုသည်။

ရခိုင်ပြည်နယ် ဒူချီးတားရန်း ရွာအနီးတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့်ပတ်သက်၍ နိုင်ငံတကာမီဒီယာများ ၏ ဖော်ပြမှုသည် တစ်ဖက်သတ် ဆန်နေကြောင်လည်း ပြောသည်။

နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က “ ဒူချီးတားရန်းရွာဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထုတ်ပြန် ထားတဲ့ ကြေညာချက်ကို အမေရိကန်နဲ့ ဗြိတိသျှ သံရုံးတို့က ပြန်ရုပ်သိမ်းတယ်ဆိုပြီး သတင်းတွေ ထွက်နေပေမယ့် ဒီနေ့မနက် ၁၁ နာရီခွဲအထိ တော့ မူလ ကြေညာချက်ကိုပဲ ဆက်တင် ထားတာ တွေ့ရပါတယ်” ဟု ၎င်း၏ Facebook စာမျက်နာပေါ်တွင် ရေးသားထားသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေဖြင့် ချက်ချင်းစိစစ် ဆောင်ရွက်ရန် ၊ ရခိုင်ပြည်နယ် လုံခြုံရေးတပ်ဖွဲ့အား အဆင့်မြှင့်ပေးရန် ၊ MSF (ခေါ်) AZG အဖွဲ့ရခိုင်ပြည်မှ ခုနစ်ရက်အတွင်း ထွက်ခွာပေးရန် အစရှိသော တောင်း ဆိုချက် ကြွေးကြော် သံ ခြောက်ချက်ဖြင့် ရခိုင်လူမှုကွန်ရက် (စစ်တွေ) က လူအင်အား နှစ်ထောင်ကျော်ခန့်ဖြင့် ဆန္ဒပြ ခဲကြသေးသည်။

၎င်းအနေဖြင့် ယခင်အစိုးရ လက်ထက်က ရခိုင်ပြည်နယ် ဘူးသီးတောင် နှင့် မောင်တော် မြို့များတွင် တပ်ရင်းမှူးဘဝဖြင့် ၄ နှစ်တာဝန် ထမ်းဆောင်ခဲ့ဘူးကြောင်း ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန်က ၎င်းအိပ်တွင်ပြုလုပ်ခဲ့သော ပန်ချီပြပွဲတွင် ပြောသည်။

“ရိုဟင်ဂျာဆိုတာ လုံးဝမရှိဘူး ဒါလုပ်ကြံထားတာ။ ရှိလည်းမရှိဘူး လက်လည်းမခံနိုင်ဘူး ရခိုင်ဆိုတာ တိုင်းရင်းသား ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားမဟုတ်” ဟု ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်က ဆိုသည်။

၎င်းကဆက်လက် ပြောကြားရာတွင်လည်း “ဦးအနေနဲ့ အဲ့မှာအနေကြာလာတာ များတော့ ရခိုင်တိုင်းရင်းသား တွေရဲ့ အကြောင်းကို ကောင်းကောင်းသိသလို မူဆလင်တွေ အကြောင်း ကိုလည်းကောင်းကောင်း သိပါတယ်” ဟု ဦးခင်ညွှန့်က ထပ်လောင်းပြောဆိုသည်။

ရခိုင်ပြည်နယ် ဒူချီးတားရန်း ရွာအနီးတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့်ပတ်သက်၍ နိုင်ငံတကာမီဒီယာများ ၏ ဖော်ပြမှုသည် တစ်ဖက်သတ် ဆန်နေကြောင်လည်း ပြောသည်။

နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က “ ဒူချီးတားရန်းရွာဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ ကြေညာချက်ကို အမေရိကန်နဲ့ ဗြိတိသျှ သံရုံးတို့က ပြန်ရုပ်သိမ်းတယ်ဆိုပြီး သတင်းတွေ ထွက်နေပေမယ့် ဒီနေ့မနက် ၁၁ နာရီခွဲအထိ တော့ မူလ ကြေညာချက်ကိုပဲ ဆက်တင်ထားတာ တွေ့ရပါတယ်” ဟု ၎င်း၏ Facebook စာမျက်နာပေါ်တွင် ရေးသားထားသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေဖြင့် ချက်ချင်းစိစစ် ဆောင်ရွက်ရန် ၊ ရခိုင်ပြည်နယ် လုံခြုံရေးတပ်ဖွဲ့အား အဆင့်မြှင့်ပေးရန် ၊ MSF (ခေါ်) AZG အဖွဲ့ရခိုင်ပြည်မှ ခုနစ်ရက်အတွင်း ထွက်ခွာပေးရန် အစရှိသော တောင်း ဆိုချက် ကြွေးကြော် သံ ခြောက် ချက်ဖြင့် ရခိုင်လူမှုကွန်ရက် (စစ်တွေ) က လူအင်အား နှစ်ထောင်ကျော်ခန့်ဖြင့် ဆန္ဒပြခဲကြသေးသည်။

နှင်းနွယ်
မြန်မာ့ခေတ်

No comments:

Post a Comment