Wednesday, February 19, 2014

အမ်အေအိုင်လေကြောင်းလိုင်း ဂျပန်-မြန်မာ ပြေးဆွဲမည်

အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI)သည် ဂျပန်နိုင်ငံ HAMA INC နှင့်ပူးပေါင်းကာMyanmar Airways International Japan Co., Ltd အဖြစ် ဂျပန်နိုင်ငံတွင် ရုံးဖွင့်ပြီး ဂျပန်-မြန်မာ ခရီးစဉ်များကို ဇွန်လမှစတင် တိုးချဲ့ပျံသန်းသွားမည်ဟု MAI မှ ဈေးကွက်နှင့် လူထုဆက်ဆံရေးမန်နေဂျာ ဒေါ်အေးမရ သာက ဖေဖော်ဝါရီ ၁၇ ရက်တွင် မဇိ္ဈမကို ပြောသည်။


“အဓိကကတော့ ဂျပန်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအတွက်လုပ်တာပါ။ ဒါက အမ်အေအိုင်လေကြောင်း လိုင်းအနေနဲ့ ပထမဦးဆုံး ဂျပန်နိုင်ငံနဲ့ MOU ရေးထိုးတာဖြစ်သလို ဂျပန်နိုင်ငံမှာ ရုံးခန်းဖွင့်တဲ့ အပြည် ပြည်ဆိုင်ရာလေကြောင်းလိုင်းတွေထဲမှာ MAI က ပထမဦးဆုံးလည်း ဖြစ်တယ်”ဟု ပြောသည်။

MOU ရေးထိုးမှုကို ဖေဖော်ဝါရီ ၁၄ ရက်တွင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းရုံးချုပ်တွင် ပြုလုပ် ခဲ့ပြီး MAI မှ ဖက်စပ်ကုမ္ပဏီအဖြစ် ဂျပန်နိုင်ငံတွင် HAMA INC နှင့်ပူးပေါင်းကာ ရုံးဖွင့်လှစ်မည်ဖြစ်ပြီး ဂျပန်-မြန်မာ လေယာဉ်ခရီးစဉ်များကို စင်းလုံးငှားခရီးစဉ်များအပြင် နေ့စဉ်ပုံမှန်ခရီးစဉ်များကိုပါ အမြန် ဆုံး တိုးချဲ့ပျံသန်းနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

ထို့ပြင် ရန်ကုန်မှ ကမ္ဘောဒီးယားနိုင်ငံ စီရမ်ရိနှင့် ဖနွမ်းပင်မြို့များကိုပါ မြန်မာနိုင်ငံသို့ လာရောက်သည့် ဂျပန်ခရီးသည်များ သွားရောက်လည်ပတ်လိုပါက ဆောင်ရွက်ထားသည်ဟု သိရသည်။ MAI သည် ရန်ကုန်မှ ဘန်ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူ၊ ကွမ်ကျိုး၊ ဂယာ၊ ဖနွမ်းပင်နှင့် စီရမ်ရိမြို့များသို့ ပုံမှန် ပြေး ဆွဲလျက်ရှိသည်။

Mizzima - News in Burmese

No comments:

Post a Comment