Saturday, March 1, 2014

ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ဘုတ်အဖွဲ့ကို သုံးနှစ်အတွင်း စီးပွားရေးကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းရန် နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) က ကူညီမည်

Photo: ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ဘုတ်အဖွဲ့ကို သုံးနှစ်အတွင်း စီးပွားရေးကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းရန် နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) က ကူညီမည်
Saturday, March 1, 2014

ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးအ ဖွဲ့YESB ကို သုံးနှစ်အတွင်း သီးခြားစီးပွားရေး ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းနိုင်ရန် ကမ္ဘာ့ဘဏ် အုပ်စုဝင်ဖြစ်သော နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC)က ကူညီသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် လူဦးရေအထူထပ်ဆုံး မြို့ဖြစ်သည့် ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ငန်းများကို  အဆင့်မြှင့်တင် အကူအညီပေးရန် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့်IFCတို့ ဖေဖော်ဝါ ရီ ၂၆ ရက်က သဘောတူစာချုပ် လက်မှတ်ရေးထိုး ခဲ့ကြသည်။

အဆိုပါစာချုပ်အရIFC သည် နည်းပညာ အကူအညီ အပါအဝင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန လက်အောက်ရှိ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ကို စွမ်းရည်ပြည့်ဝစွာ စီမံဆောင်ရွက်နိုင်သည့် ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းရန် အကူအညီပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် IFC၏ အကူအညီဖြင့် လက်ရှိရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ YESB ကို ဥပဒေ လုပ်ထုံးလုပ်နည်းများ နှင့်အညီ အစိုးရလက်အောက်တွင် မဟုတ်ဘဲ လွတ်လပ်စွာ စီမံခန့်ခွဲသည့် သီးခြားကော်ပိုရေးရှင်း တစ်ခုအဖြစ် သုံးနှစ်အတွင်း ပြောင်းလဲနိုင်ရန် လိုအပ်သည့် ပြင်ဆင်မှုများကို ပြုလုပ်သွားမည်ဟု ဆိုသည်။

“IFCက ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့ကို ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းရာမှာ ဘဏ္ဍာရေးပိုင်း အဆင်ပြေချောမွေ့စေဖို့ ကော်ပိုရေးရှင်းအဖြစ် အပြည့်အဝမပြောင်းလဲမီ ကာလအတွင်း လိုအပ်တဲ့ငွေကြေးပံ့ပိုးမှု လုပ်သွားဖို့ရှိပါတယ်။ အဲဒီငွေကြေးပံ့ပိုးမှုကတော့ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့မှာ အစုရှယ်ယာအဖြစ် ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပါတယ်”ဟု IFC၏ မြန်မာပြည်ဌာနေ ကိုယ်စားလှယ် မစ္စတာဗစ်ခ်ရမ်ကူးမားကDaily Eleven သို့ ပြောကြားသည်။

ထိုသို့ ရန်ကုန်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအဖွဲ့ကို ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းခြင်းဖြင့် လျှပ်စစ်မီးမရသော နေရာများသို့ ပုံမှန်လျှပ်စစ်မီးကို သင့်တင့်သော ဈေးနှုန်းဖြင့် ရောင်းချသွားနိုင်ပြီး လျှပ်စစ်လေလွင့် ဆုံးရှုံးမှုများကိုလည်း လျော့နည်းသွားစေမည်ဟု သိရသည်။  

Eleven Media Group

မြို့နယ်တစ်ခု၏ လျှပ်စစ်ဓာတ်အားလိုင်း တစ်ခုကို တွေ့ရစဉ်

No comments:

Post a Comment