Thursday, April 3, 2014

ဆိုင်ကယ်စီးပြီး လုယက်မှု ရန်ကုန်တွင် ထပ်မံဖြစ်


စက်ဘီးခြင်းအတွင်း ထည့်ထားသည့် ပိုက်ဆံအိတ်ကို ဆိုင်ကယ်စီးအမျိုးသား နှစ်ဦးက လုယူထွက်ပြေး သဖြင့် အရေးယူပေးရန်တိုင်ကြားမှုကို ဒဂုံမြို့သစ်မြောက်ပိုင်းရဲစခန်းက အမှုဖွင့်ဆောင်ရွက်နေသည် ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဧပြီ ၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
မတ်လ ၂၉ ရက်ည ၈ နာရီက ဒဂုံမြို့သစ်မြောက်ပိုင်းနေ ဒေါ်တင်တင်ထွေးသည် မြောက်ဥက္ကလာပမြို့ နယ် (ဃ) ရပ်ကွက်ရှိ မိခင်ဖြစ်သူ နေအိမ်သို့ စက်ဘီးဖြင့်သွားစဉ် လုယက်ခံရခြင်း ဖြစ်သည်။

မြောက်ဥက္ကလာပမြို့နယ် သုနန်္ဒာလမ်းဆုံမီးပွိုင့်အလွန် အရောက်တွင် ဆိုင်ကယ်စီးနင်းလာသူ အမျိုးသား နှစ်ဦးက နောက်မှလိုက်လာပြီးစက်ဘီးရှေ့ခြင်းတွင် ထည့်ထားသည့် စလင်းဘက် အိတ်ကို နှိုက်ယူ ထွက်ပြေးသွားသည်ဟု ဆိုသည်။
စလင်းဘက်အိတ်အတွင်း ထည့်ထားသည့် ငွေကျပ် ငါးသိန်းနှင့်ဆင်းကတ်ပါ လက်ကိုင်ဖုန်းတစ်လုံးတို့ လုယက်ခံရသည့်အတွက် စုံစမ်းဖော်ထုတ်အရေးယူပေးရန် ဒေါ်တင်တင်ထွေးက အမှုဖွင့် တိုင်တန်းခြင်း ဖြစ်သည်။
ယင်းတိုင်တန်းမှုကို ရဲစခန်းက (ပ) ၂၅၀/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၇၉ ဖြင့် အရေးယူရန် စုံစမ်း ဖော်ထုတ်လျက်ရှိသည်။
အလားတူ အောင်ဇေယျကြိုးတံတားတွင်လည်း စက်ဘီးစီးနင်းလာသူ ဇနီး မောင်နှံနှစ်ဦးထံမှ ပိုက်ဆံအိတ် အား ဆိုင်ကယ်စီးသူနှစ်ဦးက လုယက်ထွက်ပြေးမှု တစ်ခု မတ်လ ၂၈ ရက် ညက ဖြစ်ပွားခဲ့သည်။

Mizzima

No comments:

Post a Comment