လူမှုကွန်ရက်မှတစ်ဆင့် စည်းရုံးကာ အများအပြားဆန္ဒပြမည်ဆိုသော ကောလာဟလသတင်းများကြောင့် ဇွန်လ ၁ ရက်က ရဲနှင့် စစ်သား ၆၀၀၀ ခန့် ချထားကာ လူများစုဝေးခြင်းကို တားဆီးရန် လမ်းများကို ပိတ်ထားခဲ့သည်။ သို့သော် ယခုအထိ အခြေအနေမှာ ပုံမှန်ဖြစ်ပြီး ဆန္ဒပြမည့် လက္ခဏာမတွေ့ရဟု အမျိုးသားရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ ဆွမ်ယွတ်ပွမ်ပမ်မွန်က ပြောသည်။ ဆန္ဒပြပွဲစည်းရုံးသူများအနက် တစ်ဦးဖြစ်ပုံရသော ရှပ်နီတက်ကြွလှုပ်ရှားသူ ၀ရမ်းပြေးဆွမ်ဘက်ဘွမ်ဂမ်နာနွမ်က ၎င်း၏တွစ်တာအကောင့်တွင် ‘‘ပြည်သူတွေမှာ လက်နက်တွေ မရှိဘူး။ ပြည်သူတွေအင်အား မသုံးနိုင်ဘူး။ ကျွန်တော်တို့က စစ်သားတွေကို စိတ်အနှောင့်အယှက်ဖြစ်အောင်ပဲ လုပ်နိုင်တာပါ’’ ဟု ရေးသားခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ် အားလပ်ရက်က အင်အားတစ်ထောင်ခန့်ရှိခဲ့သော ဆန္ဒပြပွဲ အသေးစားများဖြစ်ပွားခဲ့သော်လည်း အများစုမှာ အင်အားရာဂဏန်းသာ ရှိခဲ့သည်။
ဘန်ကောက်မြို့ ဈေးဝယ်စင်တာတစ်ခုဝင်ပေါက်မှ ကန့်ကွက်ဆန္ဒပြသူများကို
ဖယ်ရှားလိုက်ပြီးနောက် ရဲတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေသည်ကို ဇွန် ၁ ရက်က
တွေ့ရစဉ် (REUTERS/Damir Sagolj)-AFP
7Day Daily
No comments:
Post a Comment