Tuesday, July 1, 2014

ဗောတံတားတွင် ရပ်တန့်ထားသော မော်တော်ယာဉ်အား အရက်မူးနေသူမှ တက်ရောက် မောင်းနှင်၊ အရှိန်လွန်ကာ မြစ်ထဲ ထိုးကျ

ဆိပ်ကမ်း မြို့နယ်တွင် ဇွန်လ(၂၉)ရက် နေ့ မနက်(၅) နာရီအချိန်ခန့်က အရက်မူးနေ သူတစ်ဦးက ဗိုလ်တထောင် အမှတ်(၅) ဗောတံတားပေါ်တွင် ရပ်တန့်ထားသော ယာဉ်အား တက်ရောက် မောင်းနှင်ခဲ့ရာ မြစ်တွင်း ထိုးကျမှု ဖြစ်ပွားခဲ့ကြောင်း ဆိပ်ကမ်း မြို့မရဲစခန်း မှ သိရသည်။
ပုဇွန်တောင်မြို့နယ်နေ ကားဝပ်ရှော့ အလုပ်သမား ဖြစ်သူက ပြုပြင်ဆဲ မော်တော်ယာဉ်အား မောင်းနှင်လာပြီး၊ ဗောတံတားပေါ်တွင် ရပ်တန့်ကာ
တံတားပေါ်တွင် ရှိနေစဉ် အနီးရှိ အရက်မူးနေသူ တစ်ဦးမှ ယင်း မော်တော်ယာဉ်အား တက်ရောက် မောင်းနှင်ခဲ့၍ အရှိန်လွန်ကာ မြစ်တွင်းသို့ ထိုးကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြစ်တွင်း ထိုးကျခဲ့မှုကြောင့် တက်ရောက် မောင်းနှင်ခဲ့သူတွင် ပွန်းပဲဒဏ်ရာများ ရရှိပြီး၊ ရန်ကုန်အရှေ့ပိုင်း ဆေးရုံတွင် အတွင်းလူနာ (မစိုးရိမ်ရ) အဖြစ် ကုသနေပြီး၊ ယာဉ်အနည်းငယ် ပျက်စီးခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ ဖြစ်ပွားမှုအား ဆိပ်ကမ်းမြို့ မရဲစခန်းမှ ယာဉ်(ပ)၁၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၂၇၉ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

Messenger

No comments:

Post a Comment