Saturday, July 12, 2014

မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို သံရုံး သတိပေး

Photo: မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို သံရုံး သတိပေး
Saturday, July 12, 2014

မလေးရှားနိုင်ငံမှာနေထိုင်တဲ့ မြန်မာနိုင်ငံသားများအနေနဲ့ မိမိတို့လုံခြုံရေးကို အထူးဂရုပြု သွားလာနေထိုင်ဖို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မြန်မာသံရုံးမှ သတိပေးစာကို ဇူလိုင်လ ၁၀ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

မလေးရှားနိုင်ငံအတွင်း ဇူလိုင်လ ၁ရက်နေ့ကစပြီး ဇူလိုင်လ ၉ ရက်နေ့အတွင်း မြန်မာနိုင်ငံသား ၄ဦး ဓါးခုတ်ခံပြီး သေဆုံးခဲ့ရတာကြောင့်သံရုံးက ခုလိုသတိပေးစာထုတ်ပြန်ခဲ့တာပါ။

မြန်မာနိုင်ငံသားတွေ အသတ်ခံရတာနဲ့ပတ်သက်ပြီး ဆိုင်ကယ်စီးအုပ်စုတွေက သတ်ဖြတ် တာဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေပေမဲ့ အုပ်စုတစ်ခုခုက ရည်ရွယ်ချက်ရှိရှိ နဲ့ ဆောင်ရွက်နေတာလို့ မမြင်မိကြောင်း ကွာလာလမ်ပူမြို့ မြန်မာသံရုံးက အလုပ်သမားရေးရာသံအရာရှိ ဦးမင်းမင်းဝင်းက ပြောပါတယ်။

"အဲ့လို မော်တော်ဆိုင်ကယ်သမား သတ်တယ်ဆိုတာလည်း သိရဆဲပဲရှိတာပါ၊ အကုန်လုံးက မော်တော်ဆိုင်ကယ်သမား သတ်တယ်ဆိုတာမဟုတ်ဘူးဆိုတာ မဟုတ်လောက်ဘူးထင်တယ်၊ ဒီရက်ထဲမှာကြားရသလောက်တော့ မော်တော် ဆိုင်ကယ်သမားချည်းပဲ သတ်နေတဲ့ပုံစံမျိုးတော့မဟုတ်ဘူး၊ ကျနော့် အမြင်ကတော့ အဲ့လိုမြင်ပါတယ်ခင်ဗျ၊ အဖွဲ့တစ်ဖွဲ့တည်းက ရည်ရွယ်ချက်ရှိရှိလုပ်နေတာတော့ မဟုတ်ပါဘူး ကြုံကြိုက်သွားလို့ပဲ ဖြစ်ပါလိမ့်မယ်ဗျ၊ သူတို့ဟာ သူတို့ပတ်သက်မှု ဘာညာတော့ရှိပါလိမ့်မယ် ဒါပေမဲ့ အဲ့လို မလေးရှားနိုင်ငံမှာတော့ နေရာတကာဖြစ်နေတာတော့ လုံးဝမဟုတ်ပါဘူး၊ ကျနော်ထင်တာတော့ ပုဂ္ဂိုလ်ရေးဆက်သွယ်မှုတွေ ပတ်သက်လိမ့်မယ်လို့ ထင်ပါတယ်ဗျ၊ ဒါကတော့ သူတို့ကိုယ်တိုင်မှပဲ သိမှာလေ အမျိုးမျိုးတော့ ပြောနေကြတာပဲ"

ခုလို မြန်မာနိုင်ငံသားတွေ အသတ်ခံရတာနဲ့ပတ်သက်ပြီး မြန်မာသံရုံးက သံအမတ်ကြီးနဲ့ စစ်သံမှူးတို့ဟာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် လုံခြုံရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနဲ့ သွားရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံသားများကို အကြမ်းဖက်တိုက်ခိုက်မှု များမှ ကာကွယ်စောင့်ရှောက်ပေးဖို့နဲ့ ကျူးလွန်တဲ့တရားခံများကို အမြန်ဆုံးဖေါ်ထုတ်အရေး ယူပေးဖို့ မေတ္တာရပ်ခံထားတယ်လို့သိရပါတယ်။

မလေးရှားနိုင်ငံအတွင်း မြန်မာနိုင်ငံသားတွေ အသတ်ခံရမှုတွေဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဘာသာရေးဆိုင်ရာ အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှာ ပိုမိုများပြားခဲ့တာဖြစ်ပြီး ၂၀၁၂ ခုနှစ် နောက်ပိုင်း အသတ်ခံရတဲ့ မြန်မာနိုင်ငံသား ၃၀ခန့်ရှိပြီး အသတ်ခံရသူအများစုဟာ ကွာလာလမ်ပူနဲ့ ပီနန်းမြို့တွေကဖြစ်တယ်လို့ ကပုန်းနာရေး ကူညီမှုအသင်းကပြောပါတယ်။

မလေးရှားနိုင်ငံမှာ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၅သိန်းလောက်ရှိတယ်လို့ သိရပါတယ်။

RFA
မလေးရှားနိုင်ငံမှာနေထိုင်တဲ့ မြန်မာနိုင်ငံသားများအနေနဲ့ မိမိတို့လုံခြုံရေးကို အထူးဂရုပြု သွားလာနေထိုင်ဖို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မြန်မာသံရုံးမှ သတိပေးစာကို ဇူလိုင်လ ၁၀ရက်နေ့စွဲနဲ့ ထုတ်ပြန်ထား ပါတယ်။

မလေးရှားနိုင်ငံအတွင်း ဇူလိုင်လ ၁ရက်နေ့ကစပြီး ဇူလိုင်လ ၉ ရက်နေ့အတွင်း မြန်မာနိုင်ငံသား ၄ဦး ဓါးခုတ်ခံပြီး သေဆုံးခဲ့ရတာကြောင့်သံရုံးက ခုလိုသတိပေးစာထုတ်ပြန်ခဲ့တာပါ။

မြန်မာနိုင်ငံသားတွေ အသတ်ခံရတာနဲ့ပတ်သက်ပြီး ဆိုင်ကယ်စီးအုပ်စုတွေက သတ်ဖြတ် တာဖြစ်တယ်လို့
သတင်းတွေထွက်ပေါ်နေပေမဲ့ အုပ်စုတစ်ခုခုက ရည်ရွယ်ချက်ရှိရှိ နဲ့ ဆောင်ရွက်နေတာလို့ မမြင်မိကြောင်း ကွာလာလမ်ပူမြို့ မြန်မာသံရုံးက အလုပ်သမားရေးရာသံအရာရှိ ဦးမင်းမင်းဝင်းက ပြောပါတယ်။

"အဲ့လို မော်တော်ဆိုင်ကယ်သမား သတ်တယ်ဆိုတာလည်း သိရဆဲပဲရှိတာပါ၊ အကုန်လုံးက မော်တော်ဆိုင်ကယ်သမား သတ်တယ်ဆိုတာမဟုတ်ဘူးဆိုတာ မဟုတ်လောက်ဘူး ထင်တယ်၊ ဒီရက်ထဲမှာကြားရသလောက်တော့ မော်တော် ဆိုင်ကယ်သမားချည်းပဲ သတ်နေတဲ့ပုံစံမျိုးတော့မဟုတ်ဘူး၊ ကျနော့် အမြင်ကတော့ အဲ့လိုမြင်ပါတယ်ခင်ဗျ၊ အဖွဲ့တစ်ဖွဲ့တည်းက ရည်ရွယ်ချက်ရှိရှိလုပ်နေတာတော့ မဟုတ်ပါဘူး ကြုံကြိုက်သွားလို့ပဲ ဖြစ်ပါလိမ့်မယ်ဗျ၊ သူတို့ဟာ သူတို့ပတ်သက်မှု ဘာညာတော့ရှိပါလိမ့်မယ် ဒါပေမဲ့ အဲ့လို မလေးရှားနိုင်ငံမှာတော့ နေရာ တကာဖြစ်နေတာတော့ လုံးဝမဟုတ်ပါဘူး၊ ကျနော်ထင်တာတော့ ပုဂ္ဂိုလ်ရေးဆက်သွယ်မှုတွေ ပတ်သက်လိမ့်မယ်လို့ ထင်ပါတယ်ဗျ၊ ဒါကတော့ သူတို့ကိုယ်တိုင်မှပဲ သိမှာလေ အမျိုးမျိုးတော့ ပြောနေကြတာပဲ"

ခုလို မြန်မာနိုင်ငံသားတွေ အသတ်ခံရတာနဲ့ပတ်သက်ပြီး မြန်မာသံရုံးက သံအမတ်ကြီးနဲ့ စစ်သံမှူးတို့ဟာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် လုံခြုံရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနဲ့ သွားရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံသားများကို အကြမ်းဖက်တိုက်ခိုက်မှု များမှ ကာကွယ်စောင့်ရှောက်ပေးဖို့နဲ့ ကျူးလွန်တဲ့တရားခံများကို အမြန်ဆုံးဖေါ်ထုတ်အရေး ယူပေးဖို့ မေတ္တာရပ်ခံထားတယ်လို့သိရပါတယ်။

မလေးရှားနိုင်ငံအတွင်း မြန်မာနိုင်ငံသားတွေ အသတ်ခံရမှုတွေဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဘာသာရေးဆိုင်ရာ အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှာ ပိုမိုများပြားခဲ့တာဖြစ်ပြီး ၂၀၁၂ ခုနှစ် နောက်ပိုင်း အသတ်ခံရတဲ့ မြန်မာနိုင်ငံသား ၃၀ခန့်ရှိပြီး အသတ်ခံရသူအများစုဟာ ကွာလာလမ်ပူနဲ့ ပီနန်းမြို့တွေကဖြစ်တယ်လို့ ကပုန်းနာရေး ကူညီမှုအသင်းကပြောပါတယ်။

မလေးရှားနိုင်ငံမှာ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၅သိန်းလောက်ရှိတယ်လို့ သိရပါတယ်။

RFA

No comments:

Post a Comment