Wednesday, July 16, 2014

အင်တာနက် လူမှုကွန်ရက်စာမျက်နှာများတွင် အကောင့်အတုများဖြင့် ဆူပူမှုများဖြစ်ပေါ်အောင် ရည်ရွယ်ချက်ဖြင့် ရေးသားနေသူများကို အရေးယူရန် စောင့်ကြည့်နေ

အင်တာနက် လူမှုကွန်ရက် စာမျက်နှာများတွင် အကောင့်အတုပေါင်းစုံဖြင့် ဆူပူမှုများဖြစ်ပေါ်အောင် ရည်ရွယ်ချက်ဖြင့် ရေးသားနေသူများကို အရေးယူရန် စောင့်ကြည့်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးဖြစ်သူ ဗိုလ်မှူးကြီးတင်ဝင်းက ဇူလိုင် ၁၅ ရက်တွင် ပြောကြားခဲ့သည်။

ယင်းကဲ့သို့ မှန်ကန်မှုမရှိ သတင်းများနှင့် ပြည်သူလူထု ဆူပူအုံကြွ လာအောင် ရေးသားနေသူ
များကို စောင့်ကြည့်နေသည့်အပြင် ရန်ကုန်တိုင်းဒေသကြီး၌ လူထူအုံကြွမှုများ မဖြစ်စေရန် လုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နေကြောင်း သိရသည်။

    အခုလည်း အင်တာနက်လူမှုကွန်ရက် စာမျက်နှာအချို့တွေမှာ အကောင့်ပေါင်းစုံနဲ့ မဟုတ်မမှန် သတင်းတွေကို ရေးသားနေတာတွေ၊ ဆူပူမှုဖြစ်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ ရေးသား တင်ပြနေတာတွေကို တွေ့ရတယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေတဲ့သူတွေကို အရေး ယူဖို့ စောင့်ကြည့်နေပါတယ် . . . . .

“မန္တလေးမှာ ဖြစ်ပွားခဲ့တဲ့ ဆူပူအကြမ်းဖက်ဖြစ်စဉ်တွေ ရန်ကုန်တိုင်းအတွင်းကို ကူးစက်မှုမဖြစ်အောင် အထူးကြပ်မတ် ဆောင်ရွက်နေပါတယ်။ တချို့ဆူပူမှုဖြစ်ခဲ့တဲ့ အကြောင်းရင်းက နောက်ကွယ်ကနေ ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်နေတာတွေ ရှိသလို၊ ရန်ကုန်တိုင်း၊ လှည်းကူး၊ ဥက္ကံ၊ တိုက်ကြီးမြို့နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ ဆူပူမှုတွေကတော့ တစ်ဖက်နဲ့တစ်ဖက် သံသယစိတ်တွေမကင်းလို့ မှုခင်းဖြစ်စဉ်တွေကတစ်ဆင့် ဖြစ်ပွားခဲ့တွေဖြစ်တယ်။ အခုလည်း အင်တာနက်လူမှုကွန်ရက် စာမျက်နှာအချို့တွေမှာ အကောင့်ပေါင်းစုံနဲ့ မဟုတ်မမှန် သတင်းတွေကို ရေးသားနေတာတွေ၊ ဆူပူမှုဖြစ်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ ရေးသားတင်ပြနေတာတွေကို တွေ့ရတယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေတဲ့သူတွေကို အရေးယူဖို့ စောင့်ကြည့်နေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားခဲ့သည်။

ယင်းကဲ့သို့ အင်တာနက်လူမှုစာမျက်နှာအချို့တွင် ဆူပူအောင် ရည်ရွယ်ချက် ရှိရှိဖြင့် လုပ်ဆောင်နေမှုနှင့် ပတ်သက်၍လည်း ပြည်သူလူထု အနေဖြင့် ချင့်ချိန်ပြီး စဉ်းစားတွေးခေါ်ကြရန် အထူးလိုအပ်ကြောင်း နယ်/လုံ ၀န်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော လူထုအုံကြွမှုဖြစ်စဉ်မှာ နောက်ကွယ်မှ ရည်ရွယ်ချက်ဖြင့် လူတစ်စုက ဖန်တီးလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာမှ တာဝန်ရှိသူများက ပြောကြားခဲ့သည့်အပြင် အဆိုပါ အကြမ်းဖက်မှု၌ အမျိုးသားနှစ်ဦး သေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ  စုံစမ်းသိရသည်။


Eleven

No comments:

Post a Comment