Thursday, August 21, 2014

ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဒေါ်အောင်ဆန်းစုကြည်အား လူထုခေါင်းဆောင်တစ်ဦးအနေဖြင့် ပါဝင်ရန် NCCT လိုလား

Photo: ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဒေါ်အောင်ဆန်းစုကြည်အား လူထုခေါင်းဆောင်တစ်ဦးအနေဖြင့် ပါဝင်ရန် NCCT လိုလား
Thursday, August 21, 2014

ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံ၏ထင်ရှားသော လူထုခေါင်းဆောင်တစ်ဦးအနေဖြင့်ပါဝင်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ကလိုလားနေကြောင်း NCCT အဖွဲ့ခေါင်းဆောင်များ၏ ပြောကြားချက်များအရ သိရသည်။
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား အပစ်ရပ်စဲရေးလုပ်ဆောင်ပါက ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အခြားတိုင်းရင်းသားခေါင်းဆောင်များကို သက်သေအဖြစ်ပါဝင်ရန် တင်ပြထားသည်ဟု NCCT ခေါင်းဆောင်များကဆိုသည်။
ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဒေါ်အောင်ဆန်းစုကြည်ပါဝင်လာနိုင်မည့်အခြေအနေနှင့်ပတ်သက်ပြီး ဗိုလ်မှူးကြီးခွန်ဥက္ကာက "ဒီနှစ်ဖက်ကတော့ အပစ်အခတ်ရပ်ပြီဆိုပြီး သက်သေတစ်ယောက်အနေနဲ့ ပါကောင်းပါမယ်။ အဲဒီအပစ်ရပ်တဲ့စာချုပ်ပြီးလို့ သက်သေပါပြီးတဲ့နောက်ဆိုရင်တော့ လွယ်သွားပြီ။ အဲဒီမှာကတော့ မူဘောင်ပဲရေးဆွဲမလား။ နောက်ထပ်အကောင်အထည်ဖော်တဲ့ ကော်မတီပဲဖွဲ့မလား။ အဲဒီမှာတော့ သူ့ရဲ့ ပါသင့်ပါထိုက်တဲ့ သူ့ရဲ့အနေအထားနဲ့ ဆက်လက်ပါသွားနိုင်တယ်။ ဒါကြောင့် အပစ်အခတ်ရပ်စဲရေးစာချုပ်အလွန် လုပ်ငန်းတွေမှာတော့ ဦးဆောင်ဦးရွက်ပါသွားမယ်။ အပစ်အခတ်ရပ်စဲရေး နိဂုံးချုပ်တဲ့အချိန်မှာတော့ သက်သေအဖြစ်ပါသွားမယ်" ဟု ပြောကြားသည်။
NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာကလည်း "ကျွန်တော်တို့ဖိတ်မယ်ဆိုရင် သူလာမယ်လို့တော့ပြောပါတယ်။ သူကတော့ နိုင်ငံမှာထင်ရှားတဲ့ လူထုခေါင်းဆောင်တစ်ယောက်အနေနဲ့ ပါဝင်စေချင်တာပါ" ဟု ပြောကြားသည်။
အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် NCCT တို့ လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းစဉ်မှာ အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ရှည်ကြာမည်ဖြစ်ကြောင်း၊ အပစ်ရပ်စဲရေးလုပ်ငန်းစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်ပါဝင်ရန် ဖိတ်ကြားလိုသော်လည်း ဆွေးနွေးဖက်ဖြစ်သည့် အစိုးရ၏သဘောတူညီချက်ရမှသာ ဖိတ်ကြားလို့ရကြောင်း NCCT မှ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။
"နှစ်ဖက်သဘောတူမှ လူတစ်ယောက်ကိုဖိတ်လို့ရတယ်။ ဥပမာ နမ်ဘီးယားကိုဖိတ်တယ်ဆိုတာ ကျွန်တော်တို့လည်းသဘောတူတယ်။ အစိုးရလည်းသဘောတူတယ်။ ဆွေးနွေးဖက်နှစ်ဖက်သဘောတူမှ အလယ်လူတစ်ယောက်ကို ပြောလို့ရတာ" ဟု ၎င်းကဆိုသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒေါ်အောင်ဆန်းစုကြည်အား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ၀ိုင်းကူပေးရန် နိုင်ငံတော်သမ္မတမှ ပြောကြားထားပြီးဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကူညီချင်သည့်အခန်းကဏ္ဍမှ ၀င်ရောက်ကူညီလို့ရသည်ဟု ဖိတ်ခေါ်ထားပြီးဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာမည်ဆိုပါက ၀မ်းသာပါကြောင်းနှင့် တစ်နေ့နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်မည်ဖြစ်သည်ဟု ရန်ကုန်မြို့၌ပြုလုပ်ခဲ့သော အရပ်ဘက်အဖွဲ့အစည်း ၄၆ ဖွဲ့နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ တွေ့ဆုံပွဲတွင် သတင်းမီဒီယာများအား ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရသူ ဦးဥာဏ်ဝင်းက "ဥက္ကဋ္ဌက ပြည်တွင်းငြိမ်းချမ်းရေးမှာ သူကိုယ်တိုင်ပါဝင်ဖို့ ဆန္ဒရှိတယ်ဆိုတာ သုံးခါလောက်ရှိပြီပြောတာ။ အန်ကယ်သိသလောက်ပြောရင် ဒီနေ့အထိ ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲဖိတ်တာ မရှိသေးဘူး" ဟု သြဂုတ် ၁၈ ရက်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါတီများ၏ ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲအပြီးတွင် သတင်းထောက်များကို ပြန်လည်ဖြေကြားသည်။
NCCT အဖွဲ့ခေါင်းဆောင်များဖြစ်သည့် မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာ၊ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီးခွန် ဥက္ကာတို့သည် ရန်ကုန်မြို့သို့ အစိုးရ၏ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် အပစ်ရပ်စဲရေးညှိနှိုင်းမှုဆောင်ရွက်ရန်လာရောက်တိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံလေ့ရှိပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်းတို့၏ သြဂုတ် ၁၈ ရက်က တွေ့ဆုံမှုတွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်လည်း ပါဝင်ခဲ့သည်။
ဗိုလ်ချုပ်ဂွမ်မော်က "ကျွန်တော်တို့က လက်မှတ်ရေးထိုးပြီးတဲ့နောက်ပိုင်း လုပ်ငန်းစဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်တို့လို ပုဂ္ဂိုလ်များပါဝင်ဖို့ လိုလားပါတယ်။ အချိန်မတိုင်ခင်မှာ မလိုအပ်သေးတဲ့အချိန်မှာ ကျွန်တော်တို့က မဖိတ်ခေါ်တာဘဲဖြစ်ပါတယ်။ နောက်ပိုင်းမှာ တကယ်ပဲဖိတ်ခေါ်ဖို့ဖြစ်ပါတယ်" ဟု သြဂုတ် ၁၈ ရက်က ပြောကြားသည်။
Eleven Media Group
ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံ၏ထင်ရှားသော လူထုခေါင်းဆောင် တစ်ဦးအနေဖြင့်ပါဝင်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ကလိုလားနေကြောင်း NCCT အဖွဲ့ခေါင်းဆောင်များ၏ ပြောကြားချက်များအရ သိရသည်။အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အကြား အပစ်ရပ်စဲရေးလုပ်ဆောင်ပါက ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အခြားတိုင်းရင်းသားခေါင်းဆောင်များကို သက်သေအဖြစ် ပါဝင်ရန် တင်ပြထားသည်ဟု NCCT ခေါင်းဆောင်များကဆိုသည်။
ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဒေါ်အောင်ဆန်းစုကြည်ပါဝင်လာနိုင်မည့်အခြေအနေနှင့်ပတ်သက်ပြီး ဗိုလ်မှူးကြီးခွန်ဥက္ကာက "ဒီနှစ်ဖက်ကတော့ အပစ်အခတ်ရပ်ပြီဆိုပြီး သက်သေတစ်ယောက်အနေနဲ့ ပါကောင်းပါမယ်။ အဲဒီအပစ်ရပ်တဲ့စာချုပ်ပြီးလို့ သက်သေပါပြီးတဲ့နောက်ဆိုရင်တော့ လွယ်သွားပြီ။ အဲဒီမှာကတော့ မူဘောင်ပဲရေးဆွဲမလား။ နောက်ထပ်အကောင်အထည်ဖော်တဲ့ ကော်မတီပဲဖွဲ့မလား။ အဲဒီမှာတော့ သူ့ရဲ့ ပါသင့်ပါထိုက်တဲ့ သူ့ရဲ့အနေအထားနဲ့ ဆက်လက်ပါသွားနိုင်တယ်။ ဒါကြောင့် အပစ်အခတ်ရပ်စဲရေးစာချုပ်အလွန် လုပ်ငန်းတွေမှာတော့ ဦးဆောင်ဦးရွက်ပါသွားမယ်။ အပစ်အခတ်ရပ်စဲရေး နိဂုံးချုပ်တဲ့အချိန်မှာတော့ သက်သေအဖြစ်ပါသွားမယ်" ဟု ပြောကြားသည်။
NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာကလည်း "ကျွန်တော်တို့ဖိတ်မယ်ဆိုရင် သူလာမယ်လို့တော့ပြောပါတယ်။ သူကတော့ နိုင်ငံမှာထင်ရှားတဲ့ လူထုခေါင်းဆောင်တစ်ယောက်အနေနဲ့ ပါဝင်စေချင်တာပါ" ဟု ပြောကြားသည်။
အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် NCCT တို့ လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းစဉ်မှာ အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ရှည်ကြာမည်ဖြစ်ကြောင်း၊ အပစ်ရပ်စဲရေးလုပ်ငန်းစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်ပါဝင်ရန် ဖိတ်ကြားလိုသော်လည်း ဆွေးနွေးဖက်ဖြစ်သည့် အစိုးရ၏သဘောတူညီချက်ရမှသာ ဖိတ်ကြားလို့ရကြောင်း NCCT မှ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။
"နှစ်ဖက်သဘောတူမှ လူတစ်ယောက်ကိုဖိတ်လို့ရတယ်။ ဥပမာ နမ်ဘီးယားကိုဖိတ်တယ်ဆိုတာ ကျွန်တော်တို့လည်းသဘောတူတယ်။ အစိုးရလည်းသဘောတူတယ်။ ဆွေးနွေးဖက်နှစ်ဖက်သဘောတူမှ အလယ်လူတစ်ယောက်ကို ပြောလို့ရတာ" ဟု ၎င်းကဆိုသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒေါ်အောင်ဆန်းစုကြည်အား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ၀ိုင်းကူပေးရန် နိုင်ငံတော်သမ္မတမှ ပြောကြားထားပြီးဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကူညီချင်သည့်အခန်းကဏ္ဍမှ ၀င်ရောက်ကူညီလို့ရသည်ဟု ဖိတ်ခေါ်ထားပြီးဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာမည်ဆိုပါက ၀မ်းသာပါကြောင်းနှင့် တစ်နေ့နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်မည်ဖြစ်သည်ဟု ရန်ကုန်မြို့၌ပြုလုပ်ခဲ့သော အရပ်ဘက်အဖွဲ့အစည်း ၄၆ ဖွဲ့နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ တွေ့ဆုံပွဲတွင် သတင်းမီဒီယာများအား ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရသူ ဦးဥာဏ်ဝင်းက "ဥက္ကဋ္ဌက ပြည်တွင်းငြိမ်းချမ်းရေးမှာ သူကိုယ်တိုင်ပါဝင်ဖို့ ဆန္ဒရှိတယ်ဆိုတာ သုံးခါလောက်ရှိပြီပြောတာ။ အန်ကယ်သိသလောက်ပြောရင် ဒီနေ့အထိ ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲဖိတ်တာ မရှိသေးဘူး" ဟု သြဂုတ် ၁၈ ရက်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါတီများ၏ ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲအပြီးတွင် သတင်းထောက်များကို ပြန်လည်ဖြေကြားသည်။
NCCT အဖွဲ့ခေါင်းဆောင်များဖြစ်သည့် မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာ၊ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီးခွန် ဥက္ကာတို့သည် ရန်ကုန်မြို့သို့ အစိုးရ၏ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် အပစ်ရပ်စဲရေးညှိနှိုင်းမှုဆောင်ရွက်ရန်လာရောက်တိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံလေ့ရှိပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်းတို့၏ သြဂုတ် ၁၈ ရက်က တွေ့ဆုံမှုတွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်လည်း ပါဝင်ခဲ့သည်။
ဗိုလ်ချုပ်ဂွမ်မော်က "ကျွန်တော်တို့က လက်မှတ်ရေးထိုးပြီးတဲ့နောက်ပိုင်း လုပ်ငန်းစဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်တို့လို ပုဂ္ဂိုလ်များပါဝင်ဖို့ လိုလားပါတယ်။ အချိန်မတိုင်ခင်မှာ မလိုအပ်သေးတဲ့အချိန်မှာ ကျွန်တော်တို့က မဖိတ်ခေါ်တာဘဲဖြစ်ပါတယ်။ နောက်ပိုင်းမှာ တကယ်ပဲဖိတ်ခေါ်ဖို့ဖြစ်ပါတယ်" ဟု သြဂုတ် ၁၈ ရက်က ပြောကြားသည်။
Eleven Media Group

No comments:

Post a Comment