Tuesday, September 30, 2014

လက်ပံတောင်းတောင်သပိတ်စခန်းဖြိုခွင်းခံရမှု (၂၂) လပြည့် ဆန္ဒထုတ်ဖော်ပွဲတွင် မဖြူနှင်းထွေးအား ပြန်လည်လွှတ်ပေးရေး တောင်းဆို

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးသပိတ်စခန်းအား
 မီးလောင်ဗုံးသုံးပြီး အကြမ်းဖက်ဖြိုခွင်းခဲ့မှု ၂၂ လပြည့်အဖြစ် လက်
ပံတောင်းတောင်ဒေသခံများက စက်တင်ဘာ
၂၉ ရက် မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအထိ တုံကျေးရွာမှ ညောင်ပင်ကြီး ဇက်ကူးတို့အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြပြီး ဖမ်းဆီးခံထားရသည့် မန္တလေး ဗကသ ကျောင်းသူ မဖြူနှင်းထွေးအား ပြန်လွှတ်ပေးရေးအတွက် တောင်းဆိုခဲ့ကြကြောင်း သတင်းရရှိသည်။   “သပိတ်စခန်းကို မီးလောင်ဗုံးသုံးပြီး အကြမ်းဖက်ဖြိုခွင်းခဲ့တာ ဒီနေ့ဆိုရင် ၂၂ လ ပြည့်ပါပြီ။

 ဒါပေမဲ့လည်း ကျွန်မတို့ဒေသခံတွေရင်ထဲမှာတော့ တစ်နေ့မှ မေ့မရသေးပါဘူး။ အခုဆိုရင် တရုတ်နှစ်ယောက်ကို ပြန်ပေးဆွဲတယ်ဆိုပြီး မတရားစွပ်စွဲ ဖမ်းဆီးခံထားရတဲ့ မဖြူနှင်းထွေး ကို ပြန်လွှတ်ပေးရေးအတွက် တောင်းဆိုနေရပါတယ်။

အဲဒီ မဖြူနှင်းထွေးကိစ္စမှာ အာဏာပိုင်တွေဘက်ကရော၊ ကုမ္ပဏီဘက်ကပါ မတရားသက်သက် စွပ်စွဲကြတာပါ” ဟု အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင်ပါဝင်သည့် ဒေသခံတစ်ဦးက ပြောကြားသည်။   လက်ပံတောင်းတောင်ကြေးနီစီမံကိန်း သပိတ်စခန်းအား ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၂၉ ရက် နံနက် ၂ နာရီကျော်ခန့်တွင် မီးလောင်ဗုံး အသုံးပြီး ဖြိုခွင်းခဲ့မှုကြောင့် ရဟန်းသံဃာများနှင့် ဒေသခံများ အပြင်းအထန် ဒဏ်ရာများရရှိခဲ့ကြသည်။

 မီးလောင်ဗုံးတရားခံအား ဖော်ထုတ်ပေးရေးအတွက် ဒေသခံများအနေဖြင့် ဆန္ဒ ထုတ်ဖော် တောင်း ဆိုနေသော်လည်း သက်ဆိုင်ရာတာဝန်ရှိသူများဘက်မှ တုံ့ပြန်မှု မရှိသေးကြောင်း ဒေသခံ များက ဆိုသည်။    



(လက်ပံတောင်းတောင်ကြေးနီစီမံကိန်း သပိတ်စခန်းဖြိုခွင်းခံရမှု (၂၂) လပြည့်အဖြစ် ဒေသခံများ ဆန္ဒပြနေစဉ် (ဓာတ်ပုံ-ဟိန်းမင်းထက်))  

ယနေ့ ဆန္ဒထုတ်ဖော်ပွဲတွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး၊ မီးလောင်ဗုံးတရားခံများ အမြန်ဆုံးဖော်ထုတ်ပေးရေး၊ မတရားဖမ်းဆီးခံထားရသော မဖြူ နှင်းထွေးအား ချက်ချင်းလွှတ် စသည့်တောင်းဆိုချက်များဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

 လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအား သတ္တုတွင်းဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် တရုတ်နိုင်ငံမှ ဝမ်ပေါင်ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီး ဒေသခံများက အဆိုပါစီမံကိန်းအား အပြင်းအထန် ကန့်ကွက်လျက်ရှိသည်။

အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများသည် ယင်းစီမံကိန်းအား ဒေသခံများနှင့်အတူ ပူးပေါင်းကန့်ကွက် သူများအား မကြာခဏဖမ်းဆီးကာ တရားစွဲဆိုခဲ့ပြီး ယခု နောက်ဆုံးဖမ်းဆီးခံထားရသည့် မန္တလေး ဗကသကျောင်းသူ မဖြူ နှင်းထွေးမှာ ၂ဝ၁၄ ခုနှစ် မေ ၁၈ ရက် နံနက်ပိုင်းက မြန်မာ ဝမ်ပေါင် ကုမ္ပဏီမှ တရုတ်နိုင်ငံသားနှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်ခဲ့မှုတွင် ပါဝင်ခဲ့သည်ဟုဆိုကာ စက်တင်ဘာ ၁၃ ရက်တွင် ပုသိမ်ကြီးမြို့ အောင်မင်္ဂလာ(၁)ရပ်ကွက်ရှိနေအိမ်သို့ သွားရောက်ခေါ်ဆောင် ဖမ်းဆီးကာ ပြစ်မှုသေးအမှတ် ၁/၂ဝ၁၄၊ ပုဒ်မ ၃၆၄/ ၃၆၈ ကျင့် ၅၁၂ အရ ဖမ်းဆီးကာ တရားစွဲဆိုခံနေခြင်း ဖြစ်သည်။    

Eleven Media Group

No comments:

Post a Comment