Friday, September 5, 2014

"ခင်ဇာခြည်ကျော် ပြောတဲ့ အောင်မြင်မှုနဲ့ ကျော်ကြားမှု"



အနုပညာလောကမှာ ကြာရှည်စွာ လျှောက်လှမ်းနေသူ အကယ်ဒမီ ခင်ဇာခြည်ကျော် က အောင်မြင်မှု အကြောင်းကို ယခုလို ပြောပြသည်။
အောင်မြင်ခြင်းရဲ့ နောက်ကွယ်
 အောင်မြင်ခြင်း နောက်ကွယ်မှာ ကြိုးစားခြင်း၊ ပေးဆပ် အနစ်နာခံခြင်းကို လုပ်နိုင်မှ ရမှာပါ။ အလုပ် တစ်ခုကို လက်ခံရင် ဘယ်နေရာ၊ ဘယ်လိုဝတ် စားရမယ်။ ကာရိုက် တာ ပီပြင်အောင် လုပ်ရတဲ့ အခါမှာ အသေးစိတ် လေ့လာ ဖို့လိုတယ်။ သေသေ ချာချာ စီစဉ်ဖို့ လို အပ်တယ်။ သရုပ်ဆောင် ပီပြင်မှု အပြင် အဝတ်အစား တင်ပြမှုဟာ လည်း အရေးကြီးတယ်။ ခင်ဇာခြည်ကျော် လို့ ဖြစ်လာအောင် သေချာ ဂရုစိုက်ကြိုးစား ခဲ့လို့သာ ဖြစ်လာတာပါ။

ကြိုးစားခြင်းသာအဓိက
ရရှိထားတဲ့ အောင်မြင်မှု တစ်ခုကို ရေရှည် ရပ်တည်နေနိုင်အောင် ခုခေတ် အနေအထား နဲ့ဆို အရမ်း အရေးကြီး တယ်။ လူတွေ များလာတာ တစ်မျိုး။ ပြီး တော့ အပြိုင် လှနေကြတာက တစ်မျိုး ဆိုတော့ ခက်ခဲတယ်။ အဲဒီတော့ ပြော ချင်တာက သရုပ်ဆောင် အတတ်ပညာ ကို အဓိက မထားကြတော့ဘူး။ ကျန် တဲ့ အလှအပ ကိုပဲ ဦး စားပေး လာကြ တယ်။ ဒါကနေရာ ကို ခဏနဲ့ ဖယ်သွား ရအောင် လုပ်တာနဲ့ အတူတူပဲ။ အခွင့် အရေး ပေးမှုမှာလည်း မူတည်တယ်။ တစ်ယောက် နဲ့တစ်ယောက် ကံ မတူကြ ဘူး။ ကြိုးစားခြင်း သာလျှင် အဓိကပဲ။
အောင်မြင်မှုနဲ့ကျော်ကြားမှု
 အောင်မြင် ပြီးမှ ကျော်ကြားမှု ဆို တာ ဖြစ်လာတာပါ။ အရင်ဆုံး အောင် မြင်မှုကို ရေရှည်ရအောင် ကြိုးစားလုပ် ဆောင်ပြီးမှ ကျော်ကြားမှု ဆိုတာ နောက်က ကပ်လိုက် လာမှာပါ။ အောင် မြင်မှုနဲ့ ကျော်ကြားမှု ကို ခွဲခြား အသုံးချ တတ်ဖို့ အရေးကြီးတယ်။ ကိုယ်က ဘာ ကို ဝါသနာပါလဲ ဘာက ကိုယ်နဲ့ အံဝင်ခွင်ကျ သလဲ အရင်ဆုံး သိအောင် ကြိုး စားပြီးမှ ရွေးချယ်ကြပါ။
Popular Journal

No comments:

Post a Comment