Friday, September 26, 2014

တရားဝင်ညွှန်ကြားချက်မထုတ်ပြန်သော်လည်း ပုဂ္ဂလိကကျောင်းများ၏ စာမေးပွဲများ အစိုးရကျောင်းများကဲ့သို့ကျင်းပရမည်ဟုဆို



အခြေခံ ပညာဦးစီးဌာနက တရားဝင်ညွှန်ကြား ချက်မထုတ်ပြန်သော်လည်း ပုဂ္ဂလိက ကျောင်းများ၏ စာမေးပွဲများကို အစိုး ရကျောင်းကဲ့သို့ ကျင်းပရမည်ဖြစ် ကြောင်း အမှတ်(၃)အခြေခံပညာ ဦးစီးဌာနမှ သိရသည်။
စတုတ္ထတန်းနှင့် အဋ္ဌမတန်း တို့၏ နှစ်ဆုံးစာမေးပွဲများကိုမြို့နယ် စစ်၊ ခရိုင်စစ်တို့ဖြင့်စစ်ဆေးမည်နှင့် ပတ်သက်ပြီး ဝန်ကြီးဌာနမှတရားဝင် ညွှန်ကြားထားခြင်းမျိုး မရှိသေး၍ သက်ဆိုင်ရာဦးစီးဌာနများအလိုက် အဆိုပါအတန်းများ၏ ပထမနှစ်ဝက် စာမေးပွဲကိုမြို့နယ်စစ်၊ ခရိုင်စစ်ပုံစံ ဖြင့် အကြိုကျင်းပသွားရန် စီစဉ်လျက် ရှိရာ ကိုယ်ပိုင်ကျောင်းများလည်း အကျုံးဝင်ကြောင်း သိရသည်။

''ဦးစီးဌာနကနေ ဘယ်ကျောင်း ကိုမှ ကျောင်းအရောက်အော်ဒါမ ထုတ်ပြန်ပေးဘူး။ မြို့နယ်ပညာရေး မှူးရုံးကိုပဲပို့ပြီး မြို့နယ်ကနေသွား တာ။ အဲဒီလို ကျောင်းအရောက် တိုက်ရိုက်အော်ဒါမထုတ်ပြန်ပေမယ့် အစိုးရအခြေခံပညာကျောင်းတွေ မှာလုပ်တဲ့ မူတိုင်းသည် ကိုယ်ပိုင် ကျောင်းတွေအတွက်ပါ အကျုံးဝင် တယ်။ ပညာရေးမှာပုဂ္ဂလိကကိုလုပ် ကိုင်ခွင့်ပေးထားသလို အခြေခံပညာ ကျောင်းတွေမှာ ကျင့်သုံးတဲ့မူနဲ့ ကိုယ်ပိုင်ကျောင်းတွေအတွက် အတူ တူပဲ''ဟု အမှတ်(၃)အခြေခံပညာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး တစ်ဦးက ပြောသည်။
အဆိုပါ စတုတ္ထတန်းနှင့် အဋ္ဌမတန်းတို့၏ နှစ်ဆုံးစာမေးပွဲများ နှင့်ပတ်သက်ပြီး ကိုယ်ပိုင်ကျောင်း များကို တရားဝင်ညွှန်ကြားထားခြင်း မရှိဘဲ ပညာရေးဝန်ကြီးဌာနမှကျင်းပ သည့် ပုဂ္ဂလိကပညာရေးကဏ္ဍဆွေး နွေးပွဲများတွင် ထည့်သွင်းဆွေးနွေး ခြင်း၊ နှုတ်ဖြင့် ညွှန်ကြားထားခြင်း မျိုးသာရှိကြောင်း သိရသည်။
ယင်းအတန်းများ၏စာမေးပွဲ များကို ခရိုင်အဆင့်၊ တိုင်းအဆင့်နှင့် နိုင်ငံတော်အဆင့်စသည့် အဆင့်များ သတ်မှတ်ပြီး ကျင်းပမည်ဆိုပါက လည်း ပုဂ္ဂလိကကျောင်းများအနေ ဖြင့် အစိုးရကျောင်းများနည်းတူကျင်းပ နိုင်ရန်၊ ကျောင်းသားများအဆင်သင့် ဖြစ်စေရန် စီစဉ်ထားရမည်ဖြစ် ကြောင်း ပုဂ္ဂလိက အထက်တန်းကျောင်း တစ်ကျောင်းဖြစ်သည့် ACA ကိုယ်ပိုင် အထက်တန်းကျောင်းမှ သိရသည်။
''အဲဒီအစီအစဉ်တွေ မသိခင် ကတည်းက တိုင်းစစ်တွေဖြစ်ရင် ကျောင်းအနေနဲ့လဲ အကျအရှုံးမ များအောင်၊ တော်တဲ့ကလေးလဲတော် သလို၊ ညံ့တဲ့ကလေးလဲအောင်အောင် ဆရာတို့ဘက်က ကြိုတင်ပြင်ဆင်မှု တွေ လုပ်ထားပါတယ်။ ဒီစက်တင် ဘာလကုန်ရင် ဘာသာစုံကိုစာမေး ပွဲကြီးပုံစံနဲ့စစ်မယ်။ အစိုးရကျောင်း တွေနဲ့အတူတူ မေးခွန်းတစ်ပုံစံတည်း စစ်တာပဲဖြစ်ဖြစ်၊ ကိုယ့်မေးခွန်းနဲ့ စစ် တာပဲဖြစ်ဖြစ် အဆင်သင့်ဖြစ်အောင် တော့ ပြင်ဆင်ထားရပါတယ်''ဟု ACA မှ တာဝန်ရှိသူတစ်ဦး ဖြစ်သူဦးစန်း ဝင်းက ပြောသည်။
ပုဂ္ဂလိကကျောင်းများကို ၂ဝ၁၂ ခုနှစ်ဝန်းကျင်ကစတင်၍ တရားဝင် ဖွင့်ခွင့်ပြုခဲ့ပြီး ယင်းပုဂ္ဂလိကကျောင်း များနှင့်ပတ်သက်သည့်ဥပဒေ၊ နည်း ဥပဒေများကိုလည်း သီးခြားပြဋ္ဌာန်း ထားပြီးဖြစ်ကြောင်း သိရသည်။
CCT

Yangon Media Group

No comments:

Post a Comment