Monday, September 8, 2014

အမြောက်များဖြင့် ထပ်မံပစ်ခတ်မှုကြောင့် ယူကရိန်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြားကိန်းဆိုက်

Photo: အမြောက်များဖြင့် ထပ်မံပစ်ခတ်မှုကြောင့် ယူကရိန်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြားကိန်းဆိုက်

ဒွန်နီဆတ်၊ စက်တင်ဘာ ၇

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းဒေသမှ မဟာဗျူဟာအရ အရေးပါသော မာရီပိုးဆိပ်ကမ်းနှင့် ဒွန်နီဆတ်မြို့တို့တွင် လက်နက်ကြီးများ၊ အမြောက်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ တနင်္ဂနွေနေ့က ပြန်လည်ဖြစ်ပေါ်ခဲ့ရာ အဆိုပါ ဖြစ်ရပ်ကြောင့် ယူကရိန်းတပ်ဖွဲ့နှင့် ရုရှားလိုလားသော ခွဲထွက်ရေး သူပုန်များအကြား ခဲရာခဲဆစ် ဖော်ဆောင်ထားရသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ များစွာ ခြိမ်းခြောက်ခံနေရကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

ယူကရိန်းသမ္မတ ပီထရိုပိုရိုရှန်ကိုနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ နှစ်ဦး အပစ်အခတ် ရပ်စဲရေးအတွက် တယ်လီဖုန်းဖြင့် ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ယင်းသို့ အမြောက်ဖြင့် ပစ်ခတ်မှုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ 

ယခု ထပ်မံဖြစ်ပေါ်သော ပစ်ခတ်မှုများနှင့် ပတ်သက်၍ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ချိုးဖောက်မှုအဖြစ် နှစ်ဖက်စလုံးက အပြန်အလှန် ပြစ်တင်ဝေဖန်လျက် ရှိကြောင်း၊ သို့သော် ထိခိုက်ဒဏ်ရာ ရရှိမှု ရှိ၊ မရှိဟူသော အချက်ကို မသိရသေးကြောင်း သတင်းဌာနများက ဖော်ပြသည်။ 

သို့သော် BBC သတင်းဌာန ရေးသားဖော်ပြချက်အရ ရုရှားလိုလားသော ခွဲထွက်ရေး ဝါဒီများက မာရီပိုးအနီးရှိ ယူကရိန်းအစိုးရ အတွက် အရေးကြီးသည့် စစ်ဆေးရေးစခန်းကို အမြောက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ 

Reuters သတင်းဌာန၏ ရေးသားဖော်ပြချက်အရ အမြောက် သို့မဟုတ် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုမှာ ဒိုနက်စ်လေဆိပ်အနီးတွင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပြီး ယင်းလေဆိပ်ကို ယူကရိန်းအစိုးရက ထိန်းချုပ်ထားကြောင်း၊ သို့သော် ဒိုနက်စ်မြို့သည် ခွဲထွက်ရေးသူပုန်တို့၏ ထိန်းချုပ်မှု အောက်တွင်သာ ရှိကြောင်း သိရသည်။ 

ခွဲထွက်ရေးသူပုန်တို့က အဆိုပါ လေဆိပ်တွင် မည်သူတစ်ဦး တစ်ယောက်မျှ မရှိဘဲ တိုက်ခိုက်မှုများသည် လေဆိပ်အနီးရှိ စစ်အခြေစိုက်စခန်းကို ဦးတည်ခြင်း ဖြစ်သည်ဟု ပြောကြားသည်။ 

“အပစ်အခတ်ရပ်စဲရေး ဆိုတဲ့ အသံကို နားထောင်ကြည့်ကြပါဦးဗျာ။ ဒီမှာတော့ တကယ့်တိုက်ပွဲတွေ အမှန်အကန် ဖြစ်နေတာလေ” ဟု လက်နက်ကိုင် သူပုန်တစ်ဦးက လှောင်ပြောင် ပြောဆိုသည်။ 

ယခုကဲ့သို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရယူထားစဉ် ပစ်ခတ်တိုက်ခိုက်မှုများ ပေါ်ပေါက်ခဲ့မှုနှင့် ပတ်သက်၍ ယူကရိန်းစစ်ဘက်မှ တာဝန်ရှိသူတစ်ဦးက “ရုရှားတွေဟာ အကြမ်းဖက်သမားတွေပါ။ သူတို့က ကျုပ်တို့ကို ကြောက်လန့်အောင် လုပ်နေတာ။ သူတို့ဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် လေးစားမှု မရှိပါဘူး။ တစ်ချိန်လုံး လိမ်ညာနေကြတာ” ဟု ပြောကြားသည်။
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းဒေသမှ မဟာဗျူဟာအရ အရေးပါသော မာရီပိုးဆိပ်ကမ်းနှင့် ဒွန်နီဆတ်မြို့တို့တွင် လက်နက်ကြီးများ၊ အမြောက်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ တနင်္ဂနွေနေ့က ပြန်လည်ဖြစ်ပေါ်ခဲ့ရာ အဆိုပါ ဖြစ်ရပ်ကြောင့် ယူကရိန်းတပ်ဖွဲ့နှင့် ရုရှားလိုလားသော ခွဲထွက်ရေး သူပုန်များအကြား ခဲရာခဲဆစ် ဖော်ဆောင်ထားရသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ များစွာ ခြိမ်းခြောက်ခံနေရကြောင်း Reuters သတင်း ဌာနက ရေးသားဖော်ပြသည်။ 

ယူကရိန်းသမ္မတ ပီထရိုပိုရိုရှန်ကိုနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ နှစ်ဦး အပစ်အခတ် ရပ်စဲရေးအတွက် တယ်လီဖုန်းဖြင့် ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ယင်းသို့ အမြောက်ဖြင့် ပစ်ခတ်မှုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ 

ယခု ထပ်မံဖြစ်ပေါ်သော ပစ်ခတ်မှုများနှင့် ပတ်သက်၍ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ချိုးဖောက်မှုအဖြစ် နှစ်ဖက်စလုံးက အပြန်အလှန် ပြစ်တင်ဝေဖန်လျက် ရှိကြောင်း၊ သို့သော် ထိခိုက်ဒဏ်ရာ ရရှိမှု ရှိ၊ မရှိဟူသော အချက်ကို မသိရသေးကြောင်း သတင်းဌာနများက ဖော်ပြသည်။ 

သို့သော် BBC သတင်းဌာန ရေးသားဖော်ပြချက်အရ ရုရှားလိုလားသော ခွဲထွက်ရေး ဝါဒီများက မာရီပိုးအနီးရှိ ယူကရိန်းအစိုးရ အတွက် အရေးကြီးသည့် စစ်ဆေးရေးစခန်းကို အမြောက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ 

Reuters သတင်းဌာန၏ ရေးသားဖော်ပြချက်အရ အမြောက် သို့မဟုတ် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုမှာ ဒိုနက်စ်လေဆိပ်အနီးတွင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပြီး ယင်းလေဆိပ်ကို ယူကရိန်းအစိုးရက ထိန်းချုပ် ထားကြောင်း၊ သို့သော် ဒိုနက်စ်မြို့သည် ခွဲထွက်ရေးသူပုန်တို့၏ ထိန်းချုပ်မှု အောက်တွင်သာ ရှိကြောင်း သိရသည်။ 

ခွဲထွက်ရေးသူပုန်တို့က အဆိုပါ လေဆိပ်တွင် မည်သူတစ်ဦး တစ်ယောက်မျှ မရှိဘဲ တိုက်ခိုက်မှုများသည် လေဆိပ်အနီးရှိ စစ်အခြေစိုက်စခန်းကို ဦးတည်ခြင်း ဖြစ်သည်ဟု ပြောကြားသည်။ 

“အပစ်အခတ်ရပ်စဲရေး ဆိုတဲ့ အသံကို နားထောင်ကြည့်ကြပါဦးဗျာ။ ဒီမှာတော့ တကယ့်တိုက်ပွဲတွေ အမှန်အကန် ဖြစ်နေတာလေ” ဟု လက်နက်ကိုင် သူပုန်တစ်ဦးက လှောင်ပြောင် ပြောဆိုသည်။ 

ယခုကဲ့သို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရယူထားစဉ် ပစ်ခတ်တိုက်ခိုက်မှုများ ပေါ်ပေါက်ခဲ့မှုနှင့် ပတ်သက်၍ ယူကရိန်းစစ်ဘက်မှ တာဝန်ရှိသူတစ်ဦးက “ရုရှားတွေဟာ အကြမ်းဖက်သမားတွေပါ။ သူတို့က ကျုပ်တို့ကို ကြောက်လန့်အောင် လုပ်နေတာ။ သူတို့ဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် လေးစားမှု မရှိပါဘူး။ တစ်ချိန်လုံး လိမ်ညာနေကြတာ” ဟု ပြောကြားသည်။


The Voice Weekly

No comments:

Post a Comment