Thursday, September 11, 2014

သီတဂူဆရာတော်ကြီးက ဦးဝီရသူကို လူဝတ်လဲခိုင်းသည့်သတင်း မဟုတ်ဟုဆို

လူမှုကွန်ရက် စာမျက်နှာတစ်ခု၌ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဖော်ပြထားသည့် မန္တလေးမြို့တော် မစိုးရိမ်ကျောင်းတိုက် ဆရာတော် အရှင်ဝီရသူကို သီတဂူ ဆရာတော်ကြီးက လူဝတ်လဲ၍ အိမ်ထောင်ပြုရန် မိန့်ကြားခဲ့သည်ဟု ဖော်ပြမှုမှာ လွဲမှားစွာ ဖော်ပြထားခြင်းသာ ဖြစ်ကြောင်း အရှင်ဝီရသူက The Voice သို့ မိန့်ကြားသည်။


“လတ်တလောမှာ သီတဂူဆရာတော်ကြီးက ဘုန်းဘုန်းကို ဘာမှ မမိန့်ထားပါဘူး။ ဖေ့ဘုတ်မှာ ဖော်ပြတာ လုံးဝ မှားပါတယ်။ ဘုန်းကြီးအနေနဲ့ ကိုယ့်လမ်းကြောင်းကို ကိုယ်သွားနေတာပါ။ ခရီးမတွင်မှာ စိုးတဲ့အတွက် ဖော်ပြတဲ့ မီဒီယာကိုလည်း ဘာမှမတုံ့ပြန်ပါဘူး။ ဘက်ပေါင်းစုံကနေ ဘုန်းကြီးကို ထိုးနှက်နေကြတာပါ။ ဘုန်းကြီးမှာ ဘာအားနည်းချက်မှ မရှိပါဘူး” ဟု ၎င်းက ဆက်လက်မိန့်ဆိုသည်။

လူမှုကွန်ရက် စာမျက်နှာတစ်ခု ဖြစ်သည့် Myanmar News Update တွင် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ဆရာတော် အရှင်ဉာဏိဿရက မန္တလေးမြို့ မစိုးရိမ်ဆရာတော် အရှင်ဝီရသူအား လူဝတ်လဲ၍ အိမ်ထောင်ပြုရန် မိန့်ကြားလိုက်ကြောင်း ဖော်ပြထားသည်။

မစိုးရိမ်တိုက်သစ်တွင် ကိုရင်ယောင် ဆောင်ထားသော အမျိုးသမီးတစ်ဦးကို တွေ့ရှိပြီးနောက် သီတဂူဆရာတော်က အထက်ပါအတိုင်း မိန့်ကြားခဲ့ခြင်း ဖြစ်ကြောင်း ယင်းဖော်ပြချက်တွင် ပါရှိသည်။

The Voice Weekly

No comments:

Post a Comment