Wednesday, September 10, 2014

သမ္မတဦးသိန်းစိန်နှင့် နယ်သာလန်ဘုရင် Willem Alexander တို့ ဟိဂ်မြို့၌ တွေ့ဆုံ

Photo: သမ္မတဦးသိန်းစိန်နှင့် နယ်သာလန်ဘုရင် Willem Alexander တို့ ဟိဂ်မြို့၌ တွေ့ဆုံ 
Wednesday, September 10 , 2014

ဥရောပသုံးနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်နေသော သမ္မတဦးသိန်းစိန်နှင့် နယ်သာလန်နိုင်ငံဘုရင် King Willem Alexander တို့သည် နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ Noordeinde နန်းတော်တွင် စက်တင်ဘာ ၉ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီက တွေ့ဆုံခဲ့ကြောင်း မြန်မာ့ရုပ်မြင်သံကြား ဖော်ပြချက်အရ သိရသည်။

သမ္မတဦးသိန်းစိန်သည် စက်တင်ဘာ ၁ ရက်တွင် မြန်မာနိုင်ငံမှထွက်ခွာခဲ့ပြီး ဂျာမနီနိုင်ငံသို့ ဦးစွာသွားရောက်ခဲ့ပြီး ဂျာမနီသမ္မတ၊ ၀န်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ပြီး ယင်းမှတစ်ဆင့် ဆွစ်ဇာလန်နိုင်ငံသမ္မတနှင့် တွေ့ဆုံကာ နယ်သာလန်နိုင်ငံသို့ ဆက်လက်ခရီးဆက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး သမ္မတဦးသိန်းစိန်သည် နယ်သာလန်နိုင်ငံ မိဖုရားနှင့်လည်းကောင်း နယ်သာလန်နိုင်ငံ ပါလီမန်အထက်လွှတ်တော်ဥက္ကဋ္ဌနှင့်လည်းကောင်း အသီးသီးတွေ့ဆုံခဲ့ကြောင်း သိရသည်။

သမ္မတဦးသိန်းစိန်သည် ပထမအကြိမ် ဥရောပခရီးစဉ်ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်မှ မတ် ၈ ရက်ထိ နော်ဝေ၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနှင့် အီတလီနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ၂၀၁၃ ဇူလိုင် ၁၄ ရက်မှ ၂၀ ရက်အထိ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့ သွားရောက်ခဲ့ပြီးဖြစ်သည်။ 

Eleven
ဥရောပသုံးနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်နေသော သမ္မတဦးသိန်းစိန်နှင့် နယ်သာလန်နိုင်ငံဘုရင် King Willem Alexander တို့သည် နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ Noordeinde နန်းတော်တွင် စက်တင်ဘာ ၉ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီက တွေ့ဆုံခဲ့ကြောင်း မြန်မာ့ ရုပ်မြင်သံကြား ဖော်ပြချက်အရ သိရသည်။

သမ္မတဦးသိန်းစိန်သည် စက်တင်ဘာ ၁ ရက်တွင် မြန်မာနိုင်ငံမှထွက်ခွာခဲ့ပြီး ဂျာမနီနိုင်ငံသို့ ဦးစွာ သွားရောက်ခဲ့ပြီး ဂျာမနီသမ္မတ၊ ၀န်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ပြီး ယင်းမှတစ်ဆင့် ဆွစ်ဇာလန်နိုင်ငံ သမ္မတနှင့် တွေ့ဆုံကာ နယ်သာလန်နိုင်ငံသို့ ဆက်လက်ခရီးဆက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး သမ္မတဦးသိန်းစိန်သည် နယ်သာလန်နိုင်ငံ မိဖုရားနှင့်လည်းကောင်း နယ်သာလန်နိုင်ငံ ပါလီမန်အထက်လွှတ်တော်ဥက္ကဋ္ဌနှင့်လည်းကောင်း အသီးသီးတွေ့ဆုံခဲ့ကြောင်း သိရသည်။

သမ္မတဦးသိန်းစိန်သည် ပထမအကြိမ် ဥရောပခရီးစဉ်ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်မှ မတ် ၈ ရက်ထိ နော်ဝေ၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနှင့် အီတလီနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ၂၀၁၃ ဇူလိုင် ၁၄ ရက်မှ ၂၀ ရက်အထိ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့ သွားရောက်ခဲ့ပြီးဖြစ်သည်။

Eleven

No comments:

Post a Comment