Tuesday, September 16, 2014

IS နှိမ်နင်းရေးမှာ နိုင်ငံပေါင်း ၃၀ ရဲ့ နိုင်ငံရေးပူးပေါင်းမှုရရှိ


ပြင်သစ် သမ္မတ Francois Hollande နဲ့ အီရတ်သမ္မတ Fuad Masum (Credit: Reuters) ပြင်သစ်နိုင်ငံမှာ ​ကျင်းပခဲ့တဲ့ ​ညီလာခံအတွင်း ​ISIL ​အကြမ်းဖက်အဖွဲ့ကို ​တိုက်ခိုက်ချေမှုန်းဖို့ ​နိုင်ငံပေါင်း ​၃၀ ​က ​သဘောတူညီခဲ့ကြပါတယ်။
အနောက်တိုင်းနိုင်ငံနဲ့ ​အာရပ်နိုင်ငံတွေက ​ပူးပေါင်းပြီး ​အီရတ်နိုင်ငံအတွင်းက ​ISIL ​တပ်ဖွဲ့ဝင်တွေကို ​ချေမှုန်းသွားမယ်လို့ ​ပူးတွဲကြေညာချက်တစ်စောင် ​ထုတ်ပြန်ခဲ့ကြပါတယ်။
အစ္စလာမ်မစ်နိုင်ငံတည်ထောင်သူတွေကို ​ဘယ်လို ​နှိမ်နင်းသွားမလဲ ​ဆိုတဲ့ ​အစီအစဉ်အပေါ် ​နိုင်ငံ့ခေါင်းဆောင်တွေက ​သဘောတူညီမှု ​လက်မှတ်ရေးထိုးဖို့ ​ပဲရစ်မြို့မှာ ​စုဝေးကြတာ ​ဖြစ်ပါတယ်။

စစ်ရေးအရ ​ဘယ်လို ​လုပ်ဆောင်မလဲ၊ ​ဘယ်လို ​အကူအညီတွေပေးသွားမလဲဆိုတဲ့ ​အသေးစိတ် ​အချက်အလက်တွေ ​မပါဝင်ပေမယ့် ​သြစတြေးလျနိုင်ငံအပါအဝင် ​နိုင်ငံပေါင်း ​၄၀ ​ပါဝင်တဲ့ ​နိုင်ငံရေး ​ပူးပေါင်းမှုတော့ ​ရရှိခဲ့ကြပါတယ်။
ပြင်သစ်နိုင်ငံ ​သမ္မတ ​Francois ​Hollande ​က ​IS ​အဖွဲ့အပေါ် ​တကမ္ဘာလုံးက ​တုန့်ပြန်မှု ​လုပ်ဖို့လိုတယ်လို့ ​ပြောခဲ့ပါတယ်။
ဒီညီလာအပြီး ​နောက်တဆင့်မှာတော့ ​ကုလသမဂ္ဂ ​အထွေထွေ ​ညီလာခံမှာ ​တင်ပြနိုင်မယ့် ​အစီအစဉ်တွေကို ​ရေးဆွဲကြမှာ ​ဖြစ်ပါတယ်။
အခုလောလောဆယ် ​ပြင်သစ်အစိုးရကတော့ ​အီရတ်နိုင်ငံမှာ ​သတင်းအချက်အလက်တွေ ​ရရှိဖို့ ​ထောက်လှမ်းရေးအဖွဲ့ကို ​စေလွှတ်မယ်လို့ ​ပြောဆိုထားတဲ့အကြောင်း ​အေဘီစီ ​သတင်းထောက် ​Phillip ​Williams ​က ​သတင်းပေးပို့ထားပါတယ်။

IS ​အဖွဲ့ ​နှိမ်နင်းရေးမှာ ​အမေရိကန်က ​အီရန်ကို ​ဘေးချိတ်ထားဆဲ


IS ​အဖွဲ့ကို ​နှိမ်နင်းရေးမှာ ​ပါဝင်ဖို့ ​အမေရိကန်က ​အာရပ်နိုင်ငံအတော်များများကို ​စည်းရုံးထားပေမယ့် ​အီရန်နိုင်ငံကိုတော့ ​ဘေးချိတ်ထားပါတယ်။
အီရန်နဲ့ ​ဆွေးနွေးမှုလုပ်ဖို့အတွက် ​တံခါးဖွင့်ထားပေမယ့် ​IS ​စစ်သွေးကြွတွေကို ​နှိမ်နင်းရာမှာတော့ ​အီရန်နိုင်ငံနဲ့ ​စစ်ရေးအရ ​ပူးပေါင်းမှု ​မလုပ်နိုင်ဘူးလို့ ​အမေရိကန် ​အိမ်ဖြူတော်ရဲ့ ​ပြောခွင့်ရပုဂ္ဂိုလ် ​Josh ​Earnest ​က ​ပြောပါတယ်။
အီရန်အနေနဲ့ ​ISIL ​အဖွဲ့ကို ​ဘယ်လို ​နှိမ်နင်းမလဲဆိုတဲ့အကြောင်း ​ပြောဆိုနေမယ်ဆိုတာကို ​နားလည်ပေးနိုင်ပေမယ့် ​အီရန်အဖွဲ့ရဲ့ ​နှိမ်နင်းမှုက ​အမေရိကန်က ​ဦးဆောင်နေတဲ့ ​စစ်ရေးနှိမ်နင်းမှုနဲ့ ​သက်ဆိုင်မှာ ​မဟုတ်တဲ့အကြောင်း ​အကြောင်းရင်းကတော့ ​အမေရိကန်က ​အီရန်နိုင်ငံနဲ့ ​ထောက်လှမ်းရေး အချက်အလက်တွေ၊ ​စစ်ရေးပူးပေါင်းမှုတွေ ​လုပ်ထားတာ ​မရှိတဲ့အတွက် ​ဖြစ်တယ်လို့ ​ပြောပါတယ်။
အမေရိကန်ရဲ့ ​ပြောဆိုမှုကို ​အီရန်နိုင်ငံမှာ ​အရှိန်အဝါ ​ကြီးမားတဲ့ ​ခေါင်းဆောင်ကလည်း ​ရီချင်စရာ ​ကောင်းတယ်လို့ ​ခနဲ့တဲ့တဲ့နဲ့ ​တုန့်ပြန်ထားပါတယ်။

ABC Radio Australia

No comments:

Post a Comment