“PRစနစ်ကိုကျင့်သုံးမယ်ဆိုရင် ဖွဲ့စည်း ပုံအခြေခံဥပဒေဟာ ယခုအထိ အတည်ဖြစ်နေ သေးတဲ့အတွက် အခန်း (၁၂) မှာပါရှိတဲ့ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး နည်း လမ်းများအရ ဆောင်ရွက်ရပါမယ်။ ပုဒ်မ-၄၃၃အရ ဥပဒေမူကြမ်းအဖြစ် အဆိုတင်သွင်း ရပါမယ်။ ပုဒ်မ ၄၃၄အရ ပြည်ထောင်စုလွှတ် တော်မှာ တင်သွင်းရပါမယ်။ ပုဒ်မ ၄၃၅အရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစု ပေါင်းရဲ့ ရာခိုင်နှုန်း ၂ဝ က တင်ပြရခြင်းဖြစ် ပါတယ်။ ပုဒ်မ ၄၃၆(က)အရ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာ ခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူရပါ မယ်။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံးရဲ့ ထက်ဝက် ကျော် ဆန္ဒမဲဖြင့် ပြင်ဆင်ရမှာဖြစ်တယ်”ဟု ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မဲ ဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ဆွေး နွေးသည်။
ရွေးကောက်ပွဲ စနစ်ပေါ်ပေါက်လာစေရန် လေ့လာသုံးသပ်ရေးကော်မရှင်၏ အစီရင် ခံစာသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြ|ာန်း ချက်များနှင့် ဆန့်ကျင်နေသည်ကို တွေ့ရ ကြောင်း ၎င်းက ဆိုသည်။
ကျောက်ပန်းတောင်း မဲဆန္ဒနယ်မှ လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင် က “ကျွန်တော် တို့သည် ရွေးကောက်ပွဲစနစ်ကို တင်ပြမှာဖြစ်ပါတယ်။ ရွေးတဲ့အခါမှာ ဘယ် သူတွေရွေးမှာလည်း ပြည်သူ့လွှတ်တော် ကိုယ် စားလှယ်အားလုံးက ရွေးချယ်ကြမှာဖြစ်ပါ တယ်။ ဒါပေမဲ့ ကော်မရှင်ရဲ့နောက်ဆုံး ဥက္က| ရဲ့ အစီရင်ခံစာမှာ နည်းလမ်း (၃)နဲ့(၄) ဟာ နိုင်ငံတော်နဲ့လိုက်လျောညီထွေရှိမယ်လို့ ပြော သွားခြင်းကို ကျွန်တော်တို့သဘောထားမပါ ပါဘူး။ ဒါကြောင့်မိုလို့ အလေးအနက်ထား ကန့်ကွက်ပါတယ်”ဟု ဆွေးနွေးပြောကြား သည်။
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ယနေ့ လက်ရှိကျင့်သုံးနေသည့် FPTPစနစ်အတွက် ရည်ရွယ်ပြီး ရေးဆွဲထားခြင်းဖြစ်သည့်အတွက် အခြေခံဥပဒေပြင်ဆင်ရန်လိုကြောင်း ၎င်းက ဆိုသည်။
“ပြည်သူတွေ ရွေးကောက်ပွဲစနစ်ပြောင်း ပေးပါလို့ မတောင်းဆိုဘဲနဲ့ ကျွန်တော်တို့ လွှတ်တော်ကြီးက ရွေးကောက်ပွဲစနစ်တစ်ခု ကို ဆုံးဖြတ်ပေးလိုက်မယ်ဆိုရင် ကျွန်တော်တို့ ဆောင်ပုဒ်က စက္ကူပေါ်မှာ ရှိတယ်ဆိုပြီး သမိုင်း တွင်ကျန်ရစ်ပါလိမ့်မယ်။ နိုင်ငံရေးအရဆွေးနွေး ပြီးမှသာလျှင် ရွေးကောက်ပွဲစနစ် တစ်ခုအ သစ်လေ့လာဖို့ လိုအပ်မယ်လို့ ယုံကြည်ပါ တယ်။ ဒီမိုကရေစီကျင့်စဉ်အရ လွှတ်တော်ထဲ မှာ မဲခွဲဆုံးဖြတ်နိုင်ပါတယ်။ အတည်စနစ် တစ်ခုကို ရွေးလိုက်မယ်ဆိုရင်လည်း ၇၅ ရာ ခိုင်နှုန်းကျော်က ထောက်ခံပြီးတော့ ပြည်သူ့ ဆန္ဒခံယူ ပွဲပြုလုပ်ပေးပါလို့ အကြံပြုပါတယ်”ဟု ဆွေးနွေးတင်ပြသည်။
မန္တလေးတိုင်းဒေသကြီး မြင်းခြံမဲဆန္ဒ နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က “ ကော်မရှင်ကလည်း ယနေ့ ကမ္ဘာ့နိုင်ငံ အသီးသီးက ကျင့်သုံးလျက်ရှိသော ရွေးကောက် ပွဲစနစ်များကို လေ့လာဖော်ထုတ်ရာတွင် အ လွှာစုံ၊ ဒေသစုံ၊ ပါတီစုံ၊ တွေးခေါ်မြော်မြင်မှု သဘောတရားအစုံနှင့် ပြည်သူတို့၏ ဆန္ဒအစုံ ကို ကိုယ်စားပြုလျက်အဓိပ္ပာယ်ပြည့်ဝပြီး မဲ ပေးရလွယ်ကူသော ရွေးကောက်ပွဲ မျိုးဖော် ဆောင်၍ တည်ငြိမ်ပြီး စွမ်းရည်ရှိသော အစိုးရမျိုးဖွဲ့စည်းနိုင်သည့် ရွေးကောက်ပွဲ စနစ် ဖြစ်ရန်နှင့် မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေ နှင့်ဆီလျော်အပ်စပ်မှုရရှိသော ရွေးကောက်ပွဲ စနစ်တစ်ခုကို ရွေးချယ်ပေးဖို့ အထူးအရေးကြီး ပါကြောင်း သုံးသပ်ရရှိပါတယ်”ဟု ဆွေးနွေး ပြောကြားသည်။
Eleven Media
No comments:
Post a Comment