Tuesday, October 28, 2014

ရှစ်လေးလုံးကို ပြန်လည်အသက်သွင်းချင်နေကြသလား

Photo: ရှစ်လေးလုံးကို ပြန်လည်အသက်သွင်းချင်နေကြသလား
Tuesday, October 28, 2014

မနေ့ညနေက ရုံးဆင်းပြီး အိမ်အပြန်ပေါ့။ သားအချစ်မြေးအနှစ် ဆိုတဲ့စကားလို ညနေရုံးဆင်းချိန် အိမ်ပြန် လာမယ့် အဘိုးဖြစ်သူကို ခြံဝကနေထွက် မျှော်နေတတ်တဲ့ မြေးငယ်အတွက် ရေခဲမုန့်ဝယ်ဖို့ စတိုးဆိုင်တစ်ခုကို ၀င် လိုက်တယ်။ မုန့်ဝယ်ပြီး ပိုက်ဆံရှင်းဖို့ ကောင်တာကို အသွားမှာ သတိထားမိတာက စင်ပေါ်မှာ အစီအရီထပ်ထားတဲ့ ဂျာနယ်တွေ။ ဂျာနယ်မျက်နှာဖုံးမှာ စာလုံးအမည်းကြီးနဲ့ ဖော်ပြထားတာတစ်ခုက " ကိုပါကြီး မတရားညှင်းပန်း နှိပ်စက် အသတ်ခံရမှုအပေါ် ဆန္ဒထုတ်ဖော်" ဆိုပြီးဖော်ပြထားတာပါ။ ဒီသတင်းနဲ့ ပတ်သတ်ပြီး ညအိပ်ယာဝင်တဲ့ အထိ ကျွန်တော်စဉ်းစားနေမိခဲ့တယ်။

လက်ရှိအစိုးရ လက်ထက်မှာ အရင်ကလည်း ဆန္ဒပြပွဲသတင်းတွေကို တွေ့မြင်ကြားနေရတာဆိုတော့ ဆန်း တော့ မဆန်းတော့ပါဘူး။ မိမိတို့ လိုအပ်ချက်အတွက် အစိုးရကို လွတ်လပ်စွာ ဆန္ဒထုတ်ဖော် ပြသလို့ရပါတယ်။ ဒါပေမယ့် အခုဖော်ထုတ်ဆန္ဒပြနေတာဟာ လက်ရှိအစိုးရကို သေဆုံးသူရဲ့အမှုမှန် ပေါ်ပေါက်ရေးအတွက် အမြန် ဆုံး ဆောင်ရွက်ပေးဖို့ ရည်ရွယ်တာဆိုရင်ဖြင့် ပြဿနာက သိပ်မကြီးမားပါဘူး။ ဒီလိုမှမဟုတ်ပဲ ဆန္ဒပြပွဲကို ဦးဆောင် နေသူတွေမှာ တစ်ခြား ရည်ရွယ်ချက်တွေများ ရှိနေခဲ့မယ်ဆိုရင်ဖြင့်။

ကျွန်တော့်အတွေးများဟာ ကုန်လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာဆီကို ပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။ ၁၉၈၈ မတ်လ ၁၃ ရက်နေ့က RIT ကျောင်းသား မောင်ဖုန်းမော် သေဆုံးခဲ့တဲ့ ကိစ္စနဲ့ပတ်သတ်ပြီး ဖြစ်ပေါ်ခဲ့ရတဲ့ ရှစ်လေးလုံး အရေးခင်းကိုပြန်လည်ပြီး သတိရလိုက်မိပါတယ်။ ဒီအရေးအခင်းဟာ မောင်ဖုန်းမော် သေဆုံး ရတဲ့ကိစ္စကို အကြောင်းပြုလို့ နိုင်ငံရေးအမြတ်ထုတ်ပြီး အာဏာရယူလိုသူ မြေပေါ်၊မြေအောက် အဖွဲ့အစည်း များကြောင့် ဖြစ်ပေါ်လာရတာလို့ ပြောလို့ရပါတယ်။

အဲဒီအဖွဲ့အစည်းများဟာ ဖြစ်လာသမျှသော ပြဿနာသေးသေးကြီးကြီးမှန်သမျှ မဆလအစိုးရ အပေါ် အပြစ်ပုံချပြပါတယ်။ ပြီးတော့မှ နဂိုကတည်း စီးပွားရေးကြပ်တည်းလို့ ငိုချင်ရဲ့လက်တို့ ဖြစ်နေရတဲ့ ကျွန်တော်တို့ ပြည်သူတွေ၊ မောင်ဖုန်းမော် သေဆုံးမှုနဲ့ပတ်သက်ပြီး သေချာရေရာစွာ ဘာမှမသိလိုက်တဲ့ ကျောင်းသား/သူတွေကို စည်းရုံးသွေးဆောင်ပြီး ရှစ်လေးလုံးအရေးခင်းကို ဖန်တီးလိုက်ပါတော့တယ်။ သူတို့ဖြစ်စေချင်တဲ့အတိုင်း မဆလ အစိုးရဟာ ဘယ်လိုမှမထိန်းသိမ်းနိုင်တော့ပဲ တစ်နိုင်ငံလုံး မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ သတ်ဖြတ်မှုတွေ၊ ပြည်သူ ပိုင် ပစ္စည်းဖျက်ဆီးမှုတွေ ဖြစ်လာခဲ့ပါတော့တယ်။ နောက်ဆုံးတော့ ကျွန်တော်တို့ပြည်သူတွေပဲ ဒုက္ခပင်လယ်ဝေခဲ့ရ ပါတယ်။ သူတို့ချင်း အာဏာလုတဲ့ပွဲမှာ ပြည်သူတွေပဲမြေဇာပင် ဘ၀ရောက်ခဲ့ရပါတယ်။
ဒီကနေ့ခေတ်မှာလည်း ကိုပါကြီး လို့ခေါ်တဲ့ အလွတ်သတင်းထောက် တစ်ယောက် (သူတို့ပြောဆိုဖော်ပြ ချက်အရ) သေဆုံးမှုနဲ့ပတ်သတ်ပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့ ပြည်သူတွေကို လမ်းပေါ်ရောက်အောင် တွန်းပို့ ချင်နေသူတွေ ရှိနေမှာသေချာပါတယ်။ ကိုပါကြီးဆိုတာကို မြင်ဖူးဖို့နေနေသာသာ နာမည်တောင် သူတို့လာပြောပြမှ ကြားဖူးတဲ့ ပြည်သူတွေကို " ကိုပါကြီးတော့ဖြင့် အခုလို မတရား အသတ်ခံနေရပြီ ကျုပ်တို့တွေအတွက် လုံခြုံမှု ဆိုတာ မရှိတော့ဘူး "ဆိုတာမျိုး၊ " အရင်ကလည်းဒီလိုမျိုး လူမသိသူမသိ အသတ်ခံနေရတာဖြင့် ဘယ်နှစ်ယောက် လောက်ရှိပါပြီ"လို့တစ်ဖုံ၊ အမျိုးမျိုးသော ၀ါဒဖြန့်နည်းပေါင်းစုံနဲ့ ပြည်သူတွေကို သွေးဆောင်စည်းရုံးပြီး လမ်းပေါ် ရောက်အောင် လုပ်ဆောင်နိုင်ပါတယ်။

နိုင်ငံရေးအမြတ်ထုတ်လိုသူတွေဟာ လက်ရှိအာဏာရ အစိုးရကိုနည်းမျိုးစုံနဲ့ ဖြုတ်ချပြီး အာဏာရယူဖို့ ကြိုး စားနေသူတွေဖြစ်ပါတယ်။ တစ်ဖက်ကနေ အစိုးရကို ဖိအားပေးနေသလို တစ်ဖက်ကလည်း ပြည်သူတွေ အစိုးရ အပေါ် အယုံအကြည်မရှိအောင် ၀ါဒဖြန့်ပြောဆိုရင်း အစိုးရနဲ့ပြည်သူတွေကို ရန်တိုက်ပေးတဲ့ သဘောပါပဲ။ သူတို့ ဖြန့်တဲ့ ၀ါဒမှိုင်းကို ပြည်သူတွေမိလာပြီဆိုတာနဲ့ အရေးခင်းတွေ ဖြစ်အောင်ဖန်တီးမယ့် လူစားမျိုးတွေဖြစ်ပါတယ်။ ဖြစ်ပေါ်လာတဲ့ အရေးခင်းတွေကို အစိုးရကထိန်းသိမ်းရင်းနဲ့ တစ်ချို့နေရာတွေမှာ ပြဿနာလေးတွေရှိလာရင် အဲဒီ ပြဿနာလေးတွေကို ထောက်ပြ၀ါဒဖြန့်ရင်း ပိုမိုဆူပူလာအောင်လုပ်ဆောင် ကြတော့မှာဖြစ်ပါတယ်။ ဒါဟာ နိုင်ငံရေး အမြတ်ထုတ်လိုသူတွေရဲ့ သုံးနေကြ အကွက်တွေပဲဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်ပြောချင်တာက ပြည်သူတွေအနေနဲ့ နိုင်ငံရေးအမြတ်ထုတ်လိုသူတွေရဲ့ လှည့်စားဝါဒ ဖြန့်မှုတွေကနေ လိမ္မာပါးနပ်စွာ ရှောင်ရှားကြပါ။ မိမိတို့ကို နင်းခြေပြီး အာဏာထိုင်ခုံပေါ် တက်လှမ်းချင်နေသူတွေ ကို ဝေးဝေးက ရှောင်သွားပါ။ ကိုပါကြီးသေဆုံးမှုကို အကြောင်းပြု၍ ဆန္ဒပြပွဲတွေကို ဦးဆောင်နေကြပါကုန်သော ပုဂ္ဂိုလ်များနေဖြင့်လည်း ရည်ရွယ်ချက်ရှိရှိဖြင့် ရှစ်လေးလုံး အရေးခင်းပုံစံမျိုးကို ပြန်လည်အသက်သွင်းဖို့ မကြိုးစား ကြပါနဲ့။ ကျုပ်တို့ပြည်သူတွေဟာ တစ်ချိန်တုန်းကလို ခင်ဗျားတို့ရဲ့ သွေးထိုးမြှေက်ပင့်တတ်တဲ့အကျင့်နဲ့၊ နည်းနည်း ကိုများများ လုပ်ပြောတတ်တဲ့ စကားလုံးတိုင်းကို လွယ်လွယ်နဲ့ယုံကြည်နေမှာ မဟုတ်ဘူးဆိုတာကို အသိပေးပြော ကြား လိုက်ရပါတယ်။

ဦးသန်းနိုင်
Credit to နေ့စဉ်သတင်း
မနေ့ညနေက ရုံးဆင်းပြီး အိမ်အပြန်ပေါ့။ သားအချစ်မြေးအနှစ် ဆိုတဲ့စကားလို ညနေရုံးဆင်းချိန် အိမ်ပြန် လာမယ့် အဘိုးဖြစ်သူကို ခြံဝကနေထွက် မျှော်နေတတ်တဲ့ မြေးငယ်အတွက် ရေခဲမုန့်ဝယ်ဖို့ စတိုးဆိုင်တစ်ခုကို ၀င် လိုက်တယ်။ မုန့်ဝယ်ပြီး ပိုက်ဆံရှင်းဖို့ ကောင်တာကို အသွားမှာ သတိ ထားမိတာက စင်ပေါ်မှာ အစီအရီထပ်ထားတဲ့ ဂျာနယ်တွေ။ ဂျာနယ် မျက်နှာဖုံးမှာ စာလုံးအမည်းကြီးနဲ့ ဖော်ပြထားတာတစ်ခုက " ကိုပါကြီး မတရား ညှင်းပန်း နှိပ်စက် အသတ်ခံရမှုအပေါ် ဆန္ဒထုတ်ဖော်" ဆိုပြီးဖော်ပြထားတာပါ။ ဒီသတင်းနဲ့ ပတ်သတ်ပြီး ညအိပ်ယာဝင်တဲ့ အထိ ကျွန်တော်စဉ်းစား နေမိခဲ့တယ်။



လက်ရှိအစိုးရ လက်ထက်မှာ အရင်ကလည်း ဆန္ဒပြပွဲသတင်းတွေကို တွေ့မြင်ကြားနေရတာဆိုတော့ ဆန်း တော့ မဆန်းတော့ပါဘူး။ မိမိတို့ လိုအပ်ချက်အတွက် အစိုးရကို လွတ်လပ်စွာ ဆန္ဒထုတ်ဖော် ပြသလို့ရပါတယ်။ ဒါပေမယ့် အခုဖော်ထုတ်ဆန္ဒပြနေတာဟာ လက်ရှိအစိုးရကို သေဆုံးသူရဲ့အမှုမှန် ပေါ်ပေါက်ရေးအတွက် အမြန် ဆုံး ဆောင်ရွက်ပေးဖို့ ရည်ရွယ်တာဆိုရင်ဖြင့် ပြဿနာက သိပ်မကြီးမားပါဘူး။ ဒီလိုမှမဟုတ်ပဲ ဆန္ဒပြပွဲကို ဦးဆောင် နေသူတွေမှာ တစ်ခြား ရည်ရွယ်ချက်တွေများ ရှိနေခဲ့မယ်ဆိုရင်ဖြင့်။

ကျွန်တော့်အတွေးများဟာ ကုန်လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာဆီကို ပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။ ၁၉၈၈ မတ်လ ၁၃ ရက်နေ့က RIT ကျောင်းသား မောင်ဖုန်းမော် သေဆုံးခဲ့တဲ့ ကိစ္စနဲ့ပတ်သတ်ပြီး ဖြစ်ပေါ်ခဲ့ရတဲ့ ရှစ်လေးလုံး အရေးခင်းကိုပြန်လည်ပြီး သတိရလိုက်မိပါတယ်။ ဒီအရေးအခင်းဟာ မောင်ဖုန်းမော် သေဆုံး ရတဲ့ကိစ္စကို အကြောင်းပြုလို့ နိုင်ငံရေးအမြတ်ထုတ်ပြီး အာဏာရယူလိုသူ မြေပေါ်၊မြေအောက် အဖွဲ့အစည်း များကြောင့် ဖြစ်ပေါ်လာရတာလို့ ပြောလို့ရပါတယ်။

အဲဒီအဖွဲ့အစည်းများဟာ ဖြစ်လာသမျှသော ပြဿနာသေးသေးကြီးကြီးမှန်သမျှ မဆလအစိုးရ အပေါ် အပြစ်ပုံချပြပါတယ်။ ပြီးတော့မှ နဂိုကတည်း စီးပွားရေးကြပ်တည်းလို့ ငိုချင်ရဲ့လက်တို့ ဖြစ်နေရတဲ့ ကျွန်တော်တို့ ပြည်သူတွေ၊ မောင်ဖုန်းမော် သေဆုံးမှုနဲ့ပတ်သက်ပြီး သေချာရေရာစွာ ဘာမှမသိလိုက်တဲ့ ကျောင်းသား/သူတွေကို စည်းရုံးသွေးဆောင်ပြီး ရှစ်လေးလုံးအရေးခင်းကို ဖန်တီးလိုက်ပါတော့တယ်။ သူတို့ဖြစ်စေချင်တဲ့အတိုင်း မဆလ အစိုးရဟာ ဘယ်လိုမှမထိန်းသိမ်းနိုင်တော့ပဲ တစ်နိုင်ငံလုံး မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ သတ်ဖြတ်မှုတွေ၊ ပြည်သူ ပိုင် ပစ္စည်းဖျက်ဆီးမှုတွေ ဖြစ်လာခဲ့ပါတော့တယ်။ နောက်ဆုံးတော့ ကျွန်တော်တို့ပြည်သူတွေပဲ ဒုက္ခပင်လယ်ဝေခဲ့ရ ပါတယ်။ သူတို့ချင်း အာဏာလုတဲ့ပွဲမှာ ပြည်သူတွေပဲမြေဇာပင် ဘ၀ရောက်ခဲ့ရပါတယ်။
ဒီကနေ့ခေတ်မှာလည်း ကိုပါကြီး လို့ခေါ်တဲ့ အလွတ်သတင်းထောက် တစ်ယောက် (သူတို့ပြောဆိုဖော်ပြ ချက်အရ) သေဆုံးမှုနဲ့ပတ်သတ်ပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့ ပြည်သူတွေကို လမ်းပေါ်ရောက်အောင် တွန်းပို့ ချင်နေသူတွေ ရှိနေမှာသေချာပါတယ်။ ကိုပါကြီးဆိုတာကို မြင်ဖူးဖို့နေနေသာသာ နာမည်တောင် သူတို့လာပြောပြမှ ကြားဖူးတဲ့ ပြည်သူတွေကို " ကိုပါကြီးတော့ဖြင့် အခုလို မတရား အသတ်ခံနေရပြီ ကျုပ်တို့တွေအတွက် လုံခြုံမှု ဆိုတာ မရှိတော့ဘူး "ဆိုတာမျိုး၊ " အရင်ကလည်းဒီလိုမျိုး လူမသိသူမသိ အသတ်ခံနေရတာဖြင့် ဘယ်နှစ်ယောက် လောက်ရှိပါပြီ"လို့တစ်ဖုံ၊ အမျိုးမျိုးသော ၀ါဒဖြန့်နည်းပေါင်းစုံနဲ့ ပြည်သူတွေကို သွေးဆောင်စည်းရုံးပြီး လမ်းပေါ် ရောက်အောင် လုပ်ဆောင်နိုင်ပါတယ်။

နိုင်ငံရေးအမြတ်ထုတ်လိုသူတွေဟာ လက်ရှိအာဏာရ အစိုးရကိုနည်းမျိုးစုံနဲ့ ဖြုတ်ချပြီး အာဏာရယူဖို့ ကြိုး စားနေသူတွေဖြစ်ပါတယ်။ တစ်ဖက်ကနေ အစိုးရကို ဖိအားပေးနေသလို တစ်ဖက်ကလည်း ပြည်သူတွေ အစိုးရ အပေါ် အယုံအကြည်မရှိအောင် ၀ါဒဖြန့်ပြောဆိုရင်း အစိုးရနဲ့ပြည်သူတွေကို ရန်တိုက်ပေးတဲ့ သဘောပါပဲ။ သူတို့ ဖြန့်တဲ့ ၀ါဒမှိုင်းကို ပြည်သူတွေမိလာပြီဆိုတာနဲ့ အရေးခင်းတွေ ဖြစ်အောင်ဖန်တီးမယ့် လူစားမျိုးတွေဖြစ်ပါတယ်။ ဖြစ်ပေါ်လာတဲ့ အရေးခင်းတွေကို အစိုးရကထိန်းသိမ်းရင်းနဲ့ တစ်ချို့နေရာတွေမှာ ပြဿနာလေးတွေရှိလာရင် အဲဒီ ပြဿနာလေးတွေကို ထောက်ပြ၀ါဒဖြန့်ရင်း ပိုမိုဆူပူလာအောင် လုပ်ဆောင် ကြတော့မှာဖြစ်ပါတယ်။ ဒါဟာ နိုင်ငံရေး အမြတ်ထုတ်လိုသူတွေရဲ့ သုံးနေကြ အကွက်တွေပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်ပြောချင်တာက ပြည်သူတွေအနေနဲ့ နိုင်ငံရေးအမြတ်ထုတ်လိုသူတွေရဲ့ လှည့်စားဝါဒ ဖြန့်မှုတွေကနေ လိမ္မာပါးနပ်စွာ ရှောင်ရှားကြပါ။ မိမိတို့ကို နင်းခြေပြီး အာဏာထိုင်ခုံပေါ် တက်လှမ်းချင်နေသူတွေ ကို ဝေးဝေးက ရှောင်သွားပါ။ ကိုပါကြီးသေဆုံးမှုကို အကြောင်းပြု၍ ဆန္ဒပြပွဲတွေကို ဦးဆောင်နေကြပါကုန်သော ပုဂ္ဂိုလ်များနေဖြင့်လည်း ရည်ရွယ်ချက်ရှိရှိဖြင့် ရှစ်လေးလုံး အရေးခင်းပုံစံမျိုးကို ပြန်လည်အသက်သွင်းဖို့ မကြိုးစား ကြပါနဲ့။ ကျုပ်တို့ပြည်သူတွေဟာ တစ်ချိန်တုန်း ကလို ခင်ဗျားတို့ရဲ့ သွေးထိုးမြှေက်ပင့်တတ်တဲ့အကျင့်နဲ့၊ နည်းနည်း ကိုများများ လုပ်ပြောတတ်တဲ့ စကားလုံးတိုင်းကို လွယ်လွယ်နဲ့ယုံကြည်နေမှာ မဟုတ်ဘူးဆိုတာကို အသိပေးပြော ကြား လိုက်ရပါတယ်။

ဦးသန်းနိုင်
Credit to နေ့စဉ်သတင်း

No comments:

Post a Comment