Wednesday, October 8, 2014

ဂျပန်နိုင်ငံမှ အခမဲ့တည်ဆောက်ပေးမည့် ဒလ ဆိပ်ခံတံတား နိုဝင်ဘာလ ကုန်တွင် အပြီးသတ်ဖွင့်နိုင်ရန် ရည်ရွယ်ထားဟုဆို

JFE၊ NIPON၊ JICA တို့ ပူးပေါင်းတည်ဆောက်နေသော ဒလဆိပ်ကမ်းတွင်ထားရှိမည့် ကွန်ကရစ် ဘောတံတား အသစ်ကို ဒလသင်္ဘော ကျင်း၌ အောက်တိုဘာ ၇ ရက်က ရေချစမ်းသပ်နေစဉ်။ (ဓာတ်ပုံ ဘိုဘို၊ မဇ္ဈိမ) 
ဂျပန်နိုင်ငံမှ အခမဲ့တည်ဆောက်ပေးမည့် ဒလဆိပ်ခံတံတားကို နိုဝင်ဘာလကုန်တွင် ဖွင့်နိုင်ရန် ရည်ရွယ် ထားသည်ဟု ဂျပန်နိုင်ငံ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ ပြန်ကြားရေး တာဝန်ခံ မတင်ဇာအောင်က မဇ္ဈိမကို ပြောသည်။
“စီမံကိန်းက  စတော့စနေပြီ။ နိုဝင်ဘာလကုန်မှာ ဖွင့်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။ အဓိက ကတော့ ဂျပန်-မြန်မာ ချစ်ကြည်ရေးအတွက် အခမဲ့ ကူညီပေးတဲ့ သဘောပါ” ဟု ၎င်းက ဆိုသည်။

ဆိပ်ခံတံတားသည် ဒလဆိပ်နှင့် ပန်းဆိုးတန်းဆိပ်မှ ခရီးသည်များအတွက် တစ်ခုတည်းသာ အသုံးပြုနေ ရသောကြောင့် ခရီးသည်များ သွားလာ ရာတွင် အချိန်ကြန့်ခြင်း၊ ဆိပ်ခံမှာလည်း သက်တမ်းကြာမြင့်ပြီဖြစ်ရာ အန္တရာယ်ရှိသဖြင့် တံတားသစ်ဆောက်ပေးရန် ဂျပန်နိုင်ငံက အခမဲ့ ကူညီခဲ့ခြင်းဖြစ်သည်။

ဒလမြို့ဒေသခံ ကိုချစ်မင်းက “ဆိပ်ခံတံတားက ဒလဘက်အခြမ်းမှာ ပဲတည်ဆောက်နေတာတော့ တွေ့တယ်။ သင်္ဘောတွေ အများကြီးနဲ့ ခရီးသည်တွေအားလုံးက လက်ရှိဆိပ်ခံတံတားဟောင်းကြီးမှာပဲ အဝင်အထွက်လုပ်ကြတော့ လူနဲ့တံတားနဲ့ မမျှတဲ့အတွက် အန္တရာယ်တော်ေ တာ် ရှိတယ်။ ဒါ့ကြောင့် ဆိပ်ခံတံတားသစ်ဆောက်ပြီး ရင်တော့ တော်တော်လေး အဆင်ပြေသွားမယ်လို့ ထင်ပါတယ်” ဟု မဇ္ဈိမကို ပြော သည်။

ဂျပန်နိုင်ငံမှ ပန်းဆိုးတန်း-ဒလ ခရီးစဉ် ပြေးဆွဲရန် အတွက် တစ်စီးလျှင် အမေရိကန် ဒေါ်လာ လေးသန်း (ကျပ်သန်း ၄၀၀၀ ခန့်) တန်ဖိုးရှိ လူ ၁၀ဝ၀ ဆံ့ ကူးတို့ ရေယာဉ် သုံးစင်းကိုလည်း ကူညီပေးအပ်ခဲ့သကဲ့သို့ ခရီးသည်နားနေဆောင်များလည်း ပါဝင်မည်ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment