Wednesday, October 8, 2014

ရုရှား နိုင်ငံတွင် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား လေးဦး သေဆုံး

Photo: ရုရှား နိုင်ငံတွင် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား လေးဦး သေဆုံး
Wednesday, October 8, 2014

ရုရှားနိုင်ငံ မြောက်ပိုင်းရှိ ကော့ကေးဆပ်စ် ဒေသ၌ အောက်တိုဘာ ၅ ရက်က အသေခံဗုံးခွဲ တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် လေးဦး သေဆုံးပြီး အခြား လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုသည် ၎င်းဒေသ ဂရော့ဇနီမြို့ရှိ ဖျော်ဖြေရေးခန်းမတစ်ခု၏ အပြင်ဘက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ အဆိုပါ အသေခံ ဗုံးခွဲသမားသည် Gro-zny Day နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသော ဖျော်ဖြေရေး ပွဲတစ်ခုကို ပစ်မှတ်ထားဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ပြင် ၎င်းသည် ဂရော့ဇနီမြို့မှ ဒေသခံလူငယ် တစ်ဦး ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ ရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများကို ဆက်လက် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

မြ၀တီ
ရုရှားနိုင်ငံ မြောက်ပိုင်းရှိ ကော့ကေးဆပ်စ် ဒေသ၌ အောက်တိုဘာ ၅ ရက်က အသေခံဗုံးခွဲ တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ ဝင် လေးဦး သေဆုံးပြီး အခြား လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုသည် ၎င်းဒေသ ဂရော့ဇနီမြို့ရှိ ဖျော်ဖြေရေးခန်းမတစ်ခု၏ အပြင်ဘက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ အဆိုပါ အသေခံ ဗုံးခွဲသမားသည် Gro-zny Day နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသော ဖျော်ဖြေရေး ပွဲတစ်ခုကို ပစ်မှတ်ထားဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ပြင် ၎င်းသည် ဂရော့ဇနီမြို့မှ ဒေသခံလူငယ် တစ်ဦး ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ ရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများကို ဆက်လက် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment