Friday, October 24, 2014

အာဆီယံထိပ်သီး အစည်းအဝေး လုံခြုံရေး ပြည်ပရဲတပ်ဖွဲ့များအပြင် ပြည်တွင်းရဲအင်အား နှစ်သောင်းကျော် တာဝန်ယူမည်

Photo: အာဆီယံထိပ်သီး အစည်းအဝေး လုံခြုံရေး ပြည်ပရဲတပ်ဖွဲ့များအပြင် ပြည်တွင်းရဲအင်အား နှစ်သောင်းကျော် တာဝန်ယူမည်
====================================

Friday, October 24, 2014

၂၀၁၂ နိုဝင်ဘာ ၁၉ ရက်က ရန်ကုန်လေဆိပ်မှ အမေရိကန်သမ္မတအိုဘားမား ထွက်ခွာလာပြီးနောက် အမေရိကန်လုံခြုံရေးအရာရှိများနှင့် မြန်မာရဲအရာရှိတို့ကို တွေ့ရစဉ်။ အမေရိကန်သမ္မတအိုဘားမားအပါအဝင် နိုင်ငံ တကာခေါင်းဆောင်အချို့တက်ရောက်မည့် အာဆီယံထိပ်သီးအစည်းအဝေးလုံခြုံရေးအတွက် ရဲတပ်ဖွဲ့အင်အား နှစ်သောင်းကျော် အသုံးပြုမည်ဖြစ်သည်။ (ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ)

အမေရိကန် သမ္မတအိုဘားမား တက်ရောက်မည့် နေ ပြည်တော်တွင် ကျင်းပမည့် အာ ဆီယံထိပ်သီးအစည်းအဝေးကို အမြင့်ဆုံးလုံခြုံရေးအဆင့် သတ် မှတ်၍ အင်တာပိုလ်ရဲတပ်ဖွဲ့၊ အာဆီယံရဲတပ်ဖွဲ့တို့၏ အကူအညီ အပြင် ပြည်တွင်း ရဲတပ်ဖွဲ့အင် အား နှစ်သောင်းကျော်ဖြင့် လုံခြုံ ရေးတာဝန် ယူသွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ သတင်းရရှိသည်။

(၂၅)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို လာမည့်နိုဝင်ဘာ ၉ ရက်မှ ၁၃ ရက် အထိ နေပြည်တော်တွင် ပြုလုပ်မည်ဖြစ်ပြီး သမ္မတအိုဘားမား နိုဝင်ဘာ ၁၃ ရက်တွင် တက်ရောက် မည်ဖြစ်သည်။

‘‘ဒီဟာသည် ယခင်လုပ်ခဲ့ဖူးတဲ့ ဆီးဂိမ်းတို့၊ ကမ္ဘာ့စီးပွားရေးဖို ရမ်တို့၊ တခြားနိုင်ငံတကာ Sum-mit တွေထက်စာရင် ပိုပြီးတော့ ကြီး မားတဲ့ ပွဲဖြစ်တဲ့အတွက် လုံ လောက်တဲ့ အင်အားနဲ့ လုပ်မှာပါ။အင်တာပိုလ် အကူအညီအပြင် ပြည်တွင်းက ရဲတပ်ဖွဲ့ဝင် အင်အား အလုံအလောက်နဲ့ လုံခြုံရေးတာဝန်ယူသွားမယ်’’ ဟု နယ်စပ်ဖြတ်ကျော် မှုခင်းဌာနကြီးမှ ရဲမှူးချုပ်စိုးမြိုင်က ပြောသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် ရဲအင်အား ရှစ်သောင်းဝန်းကျင်ရှိ၍ ထိပ်သီးအစည်းအဝေး အတွက် စုစုပေါင်းအင်အား၏ ၂၅ ရာခိုင်နှုန်းကျော်ကို အသုံးပြုမည်ဖြစ်သည်။ ထို့ပြင် အာဆီယံရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ နယ်စပ်ထွက်ပေါက် များ၏ လုံခြုံရေးကို စောင့်ကြပ် သွားမည်ဖြစ်ကြောင်း အသိပေး သည်။

‘‘လုံခြုံရေးအင်အားက နေ ပြည်တော်အပြင် တခြားတိုင်းဒေ သကြီးနဲ့ ပြည်နယ်တွေက ရဲတပ် ဖွဲ့ဝင်တွေပါ လာစောင့်မှာ။ စုစု ပေါင်း အင်အားနှစ်သောင်းကျော် မယ်။ တချို့ဆို ပြင်ဆင်ထားတဲ့ အနေနဲ့ အခုကတည်းက လုံခြုံရေး ၀င်နေကြပြီ’’ဟု နေပြည်တော် ရဲဦးစီးချုပ်ရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။

သမ္မတအိုဘားမားသည် နိုဝင်ဘာ ၁၃ ရက်တွင် လာရောက်မည်ဖြစ်ပြီး ၎င်းတည်းခိုမည့် ဟိုတယ်ကို လုံခြုံရေးစည်းကမ်းအရ ကြိုတင်အသိပေးမထားသေးဘဲ နေပြည်တော်ရှိ ကြယ်ငါးပွင့် အ ဆင့် ဟိုတယ်သုံးလုံးတွင် ၎င်းအ တွက် Proposal တင်ထားကြောင်းသတင်းရရှိသည်။

7 Day Daily
၂၀၁၂ နိုဝင်ဘာ ၁၉ ရက်က ရန်ကုန်လေဆိပ်မှ အမေရိကန်သမ္မတအိုဘားမား ထွက်ခွာလာပြီးနောက် အမေရိကန်လုံခြုံရေးအရာရှိများနှင့် မြန်မာရဲအရာရှိတို့ကို တွေ့ရစဉ်။ အမေရိကန် သမ္မတအိုဘားမား အပါအဝင် နိုင်ငံ တကာခေါင်းဆောင်အချို့တက်ရောက်မည့် အာဆီယံထိပ်သီး အစည်းအဝေးလုံခြုံရေး အတွက် ရဲတပ်ဖွဲ့အင်အား နှစ်သောင်းကျော် အသုံးပြုမည်ဖြစ် သည်။ (ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ)

အမေရိကန် သမ္မတအိုဘားမား တက်ရောက်မည့် နေ ပြည်တော်တွင် ကျင်းပမည့် အာ ဆီယံထိပ်သီးအစည်းအဝေးကို အမြင့်ဆုံးလုံခြုံရေးအဆင့် သတ် မှတ်၍ အင်တာပိုလ်ရဲတပ်ဖွဲ့၊ အာဆီယံရဲတပ်ဖွဲ့တို့၏ အကူအညီ အပြင် ပြည်တွင်း ရဲတပ်ဖွဲ့အင် အား နှစ်သောင်းကျော်ဖြင့် လုံခြုံ ရေးတာဝန် ယူသွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ သတင်းရရှိသည်။

(၂၅)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို လာမည့်နိုဝင်ဘာ ၉ ရက်မှ ၁၃ ရက် အထိ နေပြည်တော်တွင် ပြုလုပ်မည်ဖြစ်ပြီး သမ္မတအိုဘားမား နိုဝင်ဘာ ၁၃ ရက်တွင် တက်ရောက် မည်ဖြစ်သည်။

‘‘ဒီဟာသည် ယခင်လုပ်ခဲ့ဖူးတဲ့ ဆီးဂိမ်းတို့၊ ကမ္ဘာ့စီးပွားရေးဖို ရမ်တို့၊ တခြားနိုင်ငံတကာ Sum-mit တွေထက်စာရင် ပိုပြီးတော့ ကြီး မားတဲ့ ပွဲဖြစ်တဲ့အတွက် လုံ လောက်တဲ့ အင်အားနဲ့ လုပ်မှာပါ။အင်တာပိုလ် အကူအညီအပြင် ပြည်တွင်းက ရဲတပ်ဖွဲ့ဝင် အင်အား အလုံအလောက်နဲ့ လုံခြုံရေးတာဝန်ယူသွားမယ်’’ ဟု နယ်စပ်ဖြတ်ကျော် မှုခင်းဌာနကြီးမှ ရဲမှူးချုပ်စိုးမြိုင်က ပြောသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် ရဲအင်အား ရှစ်သောင်းဝန်းကျင်ရှိ၍ ထိပ်သီးအစည်းအဝေး အတွက် စုစုပေါင်းအင်အား၏ ၂၅ ရာခိုင်နှုန်းကျော်ကို အသုံးပြုမည်ဖြစ်သည်။ ထို့ပြင် အာဆီယံရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ နယ်စပ်ထွက်ပေါက် များ၏ လုံခြုံရေးကို စောင့်ကြပ် သွားမည်ဖြစ်ကြောင်း အသိပေး သည်။

‘‘လုံခြုံရေးအင်အားက နေ ပြည်တော်အပြင် တခြားတိုင်းဒေ သကြီးနဲ့ ပြည်နယ်တွေက ရဲတပ် ဖွဲ့ဝင်တွေပါ လာစောင့်မှာ။ စုစု ပေါင်း အင်အားနှစ်သောင်းကျော် မယ်။ တချို့ဆို ပြင်ဆင်ထားတဲ့ အနေနဲ့ အခုကတည်းက လုံခြုံရေး ၀င်နေကြပြီ’’ဟု နေပြည်တော် ရဲဦးစီးချုပ်ရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။

သမ္မတအိုဘားမားသည် နိုဝင်ဘာ ၁၃ ရက်တွင် လာရောက်မည်ဖြစ်ပြီး ၎င်းတည်းခိုမည့် ဟိုတယ်ကို လုံခြုံရေး စည်းကမ်းအရ ကြိုတင်အသိပေးမထားသေးဘဲ နေပြည်တော်ရှိ ကြယ်ငါးပွင့် အ ဆင့် ဟိုတယ် သုံးလုံးတွင် ၎င်းအ တွက် Proposal တင်ထားကြောင်းသတင်းရရှိသည်။

7 Day Daily

No comments:

Post a Comment