Thursday, November 27, 2014

ပဲခူးတိုင်းနေသူ ကြေးမုံသတင်းစာ အလွတ်တန်းသတင်းထောက်က ၎င်းကိုရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အပေါင်းပါများက ဝိုင်းဝန်းရိုက်နှက် ခဲ့ခြင်းကြောင့် ဆေးရုံ ၁၁ ရက် တက်ရသည်ဟုဆိုကာ ရှင်းလင်း

ပဲခူးတိုင်းဒေသကြီး ဥဿာမြို့သစ်၊ အ မှတ် ၂ ရပ်ကွက်နေ ကြေးမုံ သတင်းစာ အလွတ် တန်းသတင်းထောက်ဖြစ်သူ ကိုမိုးဝင်းသူမှ ၎င်းကို အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး နှင့် အပေါင်းအပါများက ဝိုင်းဝန်းရိုက်နှက် ခဲ့ခြင်းကြောင့် ဆေးရုံသို့ ၁၁ ရက်ကြာတက်ခဲ့ ရကြောင်း သတင်းစာ ရှင်းလင်း ပွဲကို နိုဝင်ဘာ ၂၆ ရက်တွင် ရန်ကုန်မြို့ရှိ မြန်မာဂျာနယ် လစ်ရုံးခန်း၌ ပြုလုပ်ခဲ့သည်။

ယင်းသတင်းစာ ရှင်းလင်းပွဲကို ဖြစ်စဉ် တွင်ရှိနေသည့် ဇနီးဖြစ်သူနဲ့ အတူပြုလုပ်ခဲ့ပြီး ဖြစ်ပွားပုံမှာ နိုဝင်ဘာ ၁၁ ရက် ည ၈ နာရီ တွင် အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ၌ မှတ်ပုံတင်လုပ်ပေးနေသည်ကို သွားရောက် ပြုလုပ်ရာမှ ယင်းကဲ့သို့ရိုက်နှက်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။



“ရပ်ကွက်ရုံးမှာ ဇနီးဖြစ်သူက အသက် ၁၈ နှစ်ကျော် မှတ်ပုံတင်သွားလဲတာကို ကျွန် တော်က လိုက်သွားတော့ မှတ်ပုံတင်လုပ်ပေးဖို့ ရပ်ကွက်ထဲ အသိပေးကြေညာတာနဲ့ ပတ်သက် ပြီးရုံးထဲမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ စကား များတယ်။ အုပ်ချုပ်ရေးမှူးက သူ့စားပွဲမှာ တင်ထားတဲ့ အရာတစ်ခုခုနဲ့ ပစ်ပေါက်တယ်။ ကျန်တဲ့သူတစ်ယောက်လည်း ပေါက်တယ်။ကျွန်တော်က ကလေးချီထားတဲ့အတွက် ကလေးကို ထိမှာစိုးလို့ ကလေးကိုအရင် အောက်ချပြီး အကာအကွယ်ယူတဲ့အနေနဲ့ ဓာတ်ဘူးတစ်ခုကို ဆွဲကိုင်လိုက်တယ်။ အဲဒီ ချိန်မှာ ကျွန်တော်ကိုင်ထားတဲ့ ဓာတ်ဘူးကို အားပေါဆိုတဲ့ လူကဝင်လုတယ်။  သူ့ဆီက နေတစ်ဆင့် ဓာတ်ဘူးကို အုပ်ချုပ်ရေးမှူးက ယူပြီး ကျွန်တော့်ကိုပစ်ပေါက် တယ်။ ဓာတ် ဘူးက နံရံကို ထိပြီး ကျွန်တော့်ကို လာစဉ် တယ်။ ကျွန်တော့်ဗိုက်မှာ ရေနွေးပူလောင်ခဲ့ တယ်”ဟု အလွတ်သတင်းထောက်ကိုမိုးဝင်း သူက ရှင်းလင်းပွဲတွင် ပြောကြားသည်။

ထို့အပြင် ကိုမိုးဝင်းသူကို ရပ်ကွက်ရုံး အတွင်းရှိလူများက ရုံးတံခါးပိတ်ကာ ပလတ် စတစ်ခုံများဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း နှင့် ယင်းသို့ရိုက်ပြီးမှသာ တံခါးကိုပြန်ဖွင့်ခဲ့ ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ၏ အသံ ဖမ်းထားသည်ဟု ဆိုသော အသံဖိုင်မှာလည်း ဖြတ်တောက်ထားမှုများရှိကြောင်း ဇနီးဖြစ် သူက ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပဲခူးသ တင်းထောက်များ ကွန်ရက်၏ EC အဖွဲ့ဝင် နယ်ခံသတင်းထောက်ကိုသူရအောင်က “ရပ် ကွက်အုပ်ချုပ်ရေးမှူးက သူဖမ်းထားတဲ့ အသံ ဖိုင်ကိုပြတယ်။ အသံဖိုင်မှာက မှတ်ပုံတင် ကိစ္စနဲ့စပြီး စကားများသံကြားရတယ်။ ကိုမိုး ဝင်းသူဇနီးဖြစ်သူ အကူအညီတောင်းသံကြား ရတယ်။ ကိုမိုးဝင်းသူရဲ့ ညည်းတွားသံကြားရ တယ်။ ပြီးတော့ နောက်ဆုံးမှာ တံခါးတွေဖွင့် လိုက်ဆိုတာကြားရတယ်။ ဒါက အုပ်ချုပ်ရေး မှူးရဲ့ တံခါးပိတ်ခဲ့ခြင်းမရှိပါဘူးဆိုတဲ့ပြော ကြားချက်ကို သံသယဖြစ်စေတယ်။ အုပ်ချုပ် ရေးမှူးက ကိုမိုးဝင်းသူက ဓာတ်ဘူးနဲ့ ပစ် ပေါက်ရင်း သူ့ဟာသူစဉ်တာလို့ပြောတယ်။အဲ့ဒီနေ့ဖြစ်တဲ့နေရာမှပါဝင်တဲ့ ရာအိမ်မှူး တွေကိုမေးကြည့်တော့လည်း ကိုမိုးဝင်းသူက အရက်မူးပြီး ဓာတ်ဘူးကို သူ့ကိုယ်ပေါ်သူ လောင်းချတာလို့ ပြောတယ်။ သူတို့ အပြော တွေက မတူတာကိုလည်း တွေ့ရတယ်။ ကို မိုးဝင်းသူကိစ္စကို ကျွန်တော်တို့ ပဲခူးတိုင်း MJNအဖွဲ့အနေနဲ့ တရားရင်ဆိုင်တဲ့အခါ ငွေကြေးကူညီပေးဖို့ စီစဉ်ထားပါတယ်”ဟု ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးအား မေးမြန်းရန် အဆက်သွယ်မရရှိခဲ့သဖြင့် အမှုအားကိုင် တွယ် စစ်ဆေးနေသည့် ရဲအုပ်လှဝေဖုန်းအား ဆက်သွယ်မေးမြန်း၍ အမှုအတွက် သိရှိလို သည်များ၊ အုပ်ချုပ်ရေးမှူး ဖုန်းနံပါတ်အား တောင်းရန် ဆက်သွယ်ခဲ့သော်လည်း ဖုန်း ကိုင်ဆောင်ခြင်း မရှိခဲ့ပေ။ ယင်းဖြစ်စဉ်အား သက်ဆိုင်ရာရဲစခန်းတွင် နှစ်ဦးနှစ်ဖက် အ ပြန်အလှန် ပုဒ်မလေးခုဖြင့် အမှုဖွင့်တိုင်ကြား ထားသည်။

Eleven Media Group

No comments:

Post a Comment