အင်းစိန်မြို့နယ် ပြည်တော်သာလမ်းပေါ်ရှိ ထရိုင်စတားတာယာစက်ရုံ အနီးရှိ ဆုံဆည်းရာ စားသောက် ဆိုင်တွင် နိုဝင်ဘာ ၃ ရက် နံနက် ၂ နာရီခန့်က အနုကြမ်းစီးမှုဖြစ်ပွားခဲ့ကြောင်း အင်းစိန်မြို့မရဲစခန်းမှူး ဒုရဲမှူးမျိုးမြင့်ကြိုင်က အတည်ပြုပြောကြား သည်။
အနုကြမ်းစီးကာ ပစ္စည်းများယူဆောင်ထွက်ပြေးသွားမှုကျူးလွန်ရာတွင် အမျိုးသားလေးဦးပါဝင်ပြီး ၎င်းတို့သည် ကျူးလွန်စဉ်အတွင်း ဓားကိုင်ဆောင်ထားကြောင်း သိရသည်။
အခင်းဖြစ်ပွားခဲ့သည့် ဆုံဆည်းရာစားသောက်ဆိုင်အနီးတွင် တာယာစက်ရုံနှင့် စတီးစက်ရုံတို့သာရှိပြီး အခြားစားသောက်ဆိုင်၊ လူနေအိမ်ခြေများမရှိဘဲ အသွားအလာတိတ်ဆိတ်သည့်နေရာဖြစ်ြေ ကာင်း
"စားသောက်ဆိုင်မှာ အနုကြမ်းစီးမှုဖြစ်ပွားတာပါ။ ငွေနဲ့ရွှေတွေပါသွားတယ်လို့ သိရတယ်။ ကျူးလွန်သူတွေ ကိုတော့ လိုက်လံဖမ်းဆီးနေဆဲဖြစ်ပါတယ်" ဟု အင်းစိန်မြို့မရဲစခန်းမှူး ဒုရဲမှူးမျိုးမြင့်ကြိုင် က နိုဝင်ဘာ ၃ ရက် ည ၁၂ နာရီခန့်က ပြောကြားသည်။
အခင်းဖြစ်ပွားခဲ့သည့် ဆုံဆည်းရာစားသောက်ဆိုင်အနီးတွင် တာယာစက်ရုံနှင့် စတီးစက်ရုံတို့သာရှိပြီး အခြားစားသောက်ဆိုင်၊ လူနေအိမ်ခြေများမရှိဘဲ အသွားအလာတိတ်ဆိတ်သည့်နေရာဖြစ်ြေ ကာင်း ယင်းပတ်ဝန်းကျင်အနီး နေထိုင်သူများထံမှ သိရသည်။
အနုကြမ်းစီးမှုအားကျူးလွန်ခဲ့သည့်  အမျိုးသားလေးဦးကို နိုဝင်ဘာ ၄ ရက် နံနက် ၁ နာရီခန့်အထိ ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း အင်းစိန်မြို့မရဲစခန်းမှ စုံစမ်းသိရှိရသည်။
အဆိုပါအနုကြမ်းစီးမှုဖြစ်စဉ်ကြော င့် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း အင်းစိန်မြို့မရဲစခန်းမှ စခန်းမှူးက ပြောကြားသည်။
အဆိုပါဖြစ်စဉ်ကို လုယက်မှုအဖြစ် (ပ) ၁၁၄၂/၂၀၁၄ ပုဒ်မ- ၃၉၂ ဖြင့် အမှုဖွင့်ထားကြောင်း အင်းစိန်မြို့မရဲ စခန်းမှ သိရသည်။
Eleven Media Group
No comments:
Post a Comment