Tuesday, November 4, 2014

ဆိုင်ကယ်ဖြင့် ပိုက်ဆံအိတ်လုယူထွက်ပြေးသူအား ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းဖမ်းဆီး အရေးယူထား

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့ ည ၇ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃)နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လှည့်ကင်း ဆောင်ရွက်နေစဉ် (၃၃-၄၄)လမ်းကြား၊ ၇၁ လမ်းအရောက် အမျိုးသားတစ်ဦးမှ ဆိုင်ကယ်အား အရှိန်ဖြင့် မောင်းနှင်လာပြီး ၎င်း၏နောက်မှ စူပါကပ်ဆိုင်ကယ် စီးနင်းလာသည့် အမျိုးသမီးက ပိုက်ဆံအိတ်အား လုယူသွားကြောင်း အော်ဟစ်အကူအညီ တောင်းသံကြားရ၍ လုယူသွားသူအား ရပ်ကွက်နေပြည်သူ များနှင့်အတူ လိုက်လံဖမ်းဆီးခဲ့ရာ (၃၁-၇၁)လမ်းထောင့်၌ ဖမ်းဆီးရမိခဲ့သည်။



စစ်ဆေးချက်အရ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်နေ အာကာဇော်(၂၂)နှစ်ဖြစ်ကြောင်း သိရှိရပြီး ၎င်းထံမှ လုယူသွားသည့် အနက်ရောင်ခေါက်ပိုက်ဆံအိတ်အား သိမ်းဆည်းရမိခဲ့သောကြောင့် အာကာဇော်အား အမှတ်(၃)နယ်မြေရဲစခန်း (ပ)၄၅၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၂/ကျင့် ၅၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

MOI

No comments:

Post a Comment