Wednesday, November 19, 2014

မြန်မာလုပ်သားနှစ်ဦးအား အမှုတွဲဆက်မတင်ပါက တရားရှင်လွှတ်ရန်နှင့် အမှုတွဲဆက်တင်ပါကလည်း အာမခံဖြင့်လွှတ်ရန် ထိုင်းရှေ့နေများကောင်စီနှင့် မြန်မာသံရုံးအထူးအဖွဲ့ တောင်းဆိုမည်

ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီနှင့် မြန်မာသံရုံးအထူးအ ဖွဲ့သည် မြန်မာလုပ်သားနှစ်ဦး၏ ရမန်လေးကြိမ်မြောက်တွင် မြန် မာ လုပ်သားနှစ်ဦးအား အမှုတွဲ ဆက်မတင်ပါက တရားရှင် လွှတ် ပေးရန်နှင့် အမှုတွဲဆက် တင်ပါက အာမခံဖြင့် လွှတ်ပေးရန် နိုဝင် ဘာ ၁၉ ရက် (ယနေ့) တွင် ကော့ စမွီတရားရုံးသို့ သွားရောက် တောင်းဆိုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦးသည် နိုဝင် ဘာ ၂၀ ရက်တွင် ရမန် လေးကြိမ် ပြည့်မည် ဖြစ်သည်။ ထိုနေ့တွင် ထိုင်းရဲတပ်ဖွဲ့က အမှုတည် ဆောက်တင်ပြနိုင်ခြင်းမရှိပါက ခရိုင်တရားသူကြီးသည် ရမန် ဆက်ပေးခြင်း၊ မပေးခြင်း ဆုံး ဖြတ်မည် ဖြစ်သည်။

ခရိုင်တရားသူကြီးက ရမန် ဆက်ပေးပါက ရှေ့နေများကောင် စီနှင့် မြန်မာသံရုံးအထူးအဖွဲ့ကမြန်မာလုပ်သားနှစ်ဦးအတွက် အာမခံရရန် တောင်းဆို သွားမည်ဖြစ်ပြီး ရမန်ဆက်မပေးပါက တရားရှင်လွှတ်ပေးရန် တောင်းဆိုသွားမည်ဖြစ်သည်။

ဖမ်းဆီးခံ လုပ်သားနှစ်ဦး သည် နိုဝင်ဘာ ၂၀ ရက်တွင် ရမန်လေးကြိမ်ပြည့်မည်ဖြစ်၍ ရှေ့နေများကောင်စီနှင့် မြန်မာသံရုံးအထူးအဖွဲ့သည် နိုဝင်ဘာ ၁၉ ရက်(ယနေ့)တွင် ကော့စမွီခရိုင် တရားရုံးသို့ တစ်ရက်ကြိုတင်၍ သွားရောက် တောင်းဆိုမည်ဖြစ်ကြောင်းမြန်မာသံရုံး အထူးအဖွဲ့ ရှေ့နေဦးအောင်မျိုးသန့်က ပြောသည်။

‘‘၂၀ ရက်က ထူးခြားမယ့် ရက်ပဲ။ ရမန်ဆက်မပေးရင် တရားရှင်လွှတ်ပေးရမယ်။ ရမန်ဆက် ပေးရင်လည်း အာမခံနဲ့ လွှတ်ပေးအောင် တောင်းဆိုမယ်။ အခုအချိန်မှာ ကလေးတွေက ဘာမှအ ပြစ်မရှိ သေးပါဘူး။ အဲဒါကြောင့် သူတို့လွှတ်ပေးရမယ်။ အန်ကယ် တို့ မနက်ဖြန်ပဲ သွားပြီးတောင်း ဆိုမှာပါ’’ ဟု ရှေ့နေဦးအောင် မျိုးသန့်က ပြောသည်။

ဖမ်းဆီးခံမြန်မာလုပ်သား နှစ်ဦးသည် တရားရှင်(သို့မဟုတ်) အာမခံဖြင့် အပြင်သို့ ရောက်ရှိ လာပါက ၎င်းတို့လုံခြုံရေးကို မြန်မာသံရုံးက တာဝန်ယူသွား မည်ဟု ဦးအောင်မျိုးသန့်က ဆက်လက်ပြောသည်။

ထိုင်းနိုင်ငံဥပဒေသည် ရမန် တစ်ကြိမ်လျှင် ၁၂ ရက်ယူပြီး အမှု တစ်ခုတည်ဆောက်ရန် ရမန် ခုနစ်ကြိမ် ယူလေ့ရှိသည်။ ထို ရမန် ခုနစ်ကြိမ် (ရက်ပေါင်း ၈၄ ရက်) အတွင်း အမှုတည်ဆောက် နိုင်ခြင်းမရှိပါက တရားခံကို တရားသေလွှတ်ရမည်ဟု ထိုင်းနိုင်ငံဥပဒေတွင် ဖော်ပြထားကြောင်းမြန်မာသံရုံးအထူးအဖွဲ့ ရှေ့နေဦးအောင်မျိုးသန့်က ပြောသည်။

7Day Daily

No comments:

Post a Comment