Tuesday, November 4, 2014

ရန်ကုန်ဆေးရုံကြီး ၀န်ထမ်းအင်အားတိုးမြှင့်ရန် ပြည်ထောင်စုအစိုးရသို့ တင်ပြထား

ရန်ကုန်ဆေးရုံကြီး၌ လူနာဦးရေနှစ်ဆကျော် မြင့်တက် လာမှုကြောင့် လာမည့်နှစ်တွင် ၀န်ထမ်းအင်အား တိုးမြှင့်ပေးနိုင် ရန် ကျန်းမာရေးဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့သို့ တင်ပြတောင်းဆို ထားကြောင်း သတင်းရရှိသည်။

ယင်းဆေးရုံကြီးတွင် ယခုအ ခါ စက်ပစ္စည်းနှင့် ဓာတ်ခွဲစမ်းသပ် မှုအချို့ကို အခမဲ့ပြုလုပ်ပေးနေ ခြင်းကြောင့်    လူနာတိုးပွားလာ သည်။ လူနာဦးရေနှင့် ရှိနေသည့် ဆရာဝန်၊ သူနာပြု၊ စက်ပစ္စည်း များ ကိုင်တွယ်သော ကျွမ်းကျင် ပညာရှင်နှင့် အလုပ်သမားအင် အား    မမျှတခြင်းတို့ကြောင့် ယခုကဲ့သို့ ၀န်ထမ်းအင်အားကို တိုးချဲ့ရခြင်းဖြစ်သည်ဟု ရန်ကုန် ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာလှမြင့်က ပြောကြား သည်။



‘‘တစ်ဖက်ကလည်း လူနာ များလာလို့ ၀န်ထမ်းအင်အား လို လာသလို စက်ပစ္စည်းတွေ ကိုင် တွယ်နိုင်မယ့် ပညာရှင်တွေလည်း ပိုလိုလာတယ်။ ဒါကြောင့် ကျန်း မာရေးဝန်ကြီးဌာနနဲ့ အစိုးရအဖွဲ့ ကို   ဖွဲ့စည်းပုံတင်ထားတယ်။ နှစ်လ၊ သုံးလအတွင်းမှာ ကျဖို့ရှိ တယ်။ အရင်ကဆို လူနာက သိပ် မရှိဘူး။ အခုက နှစ်ဆကျော် လောက်တိုးလာတယ်။ အင်အား မမျှတော့ ၀န်ထမ်းအင်အား အ ရမ်းလိုအပ်ချက်ရှိနေတာပါ’’ ဟု ၎င်းက ရှင်းပြသည်။

ရန်ကုန်ဆေးရုံကြီး၌ ၂၀၀၈ တစ်နှစ်လုံးတွင်    လူနာဦးရေ နှစ်သောင်းကျော်သာ   ရှိခဲ့ပြီး ၂၀၁၃ ခုနှစ်တွင်မူ လူနာဦးရေ ငါး သောင်းကျော်အထိ တိုးပွားလာ ကြောင်း ဒေါက်တာလှမြင့်က ပြောသည်။

လက်ရှိတွင် ယင်းဆေးရုံ ကြီး၌ ၀န်ထမ်းအင်အားမှာ ၁၇၀၀ ကျော်ဖြင့်   ဖွဲ့စည်းထားသော် လည်း အမှန်တကယ်တွင် ၁၃၀၀ ကျော်သာရှိသည်။  ထို့ကြောင့် လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာ နှစ်၌ ၀န်ထမ်းအင်အားကို သုံး ထောင်ကျော်အထိ တိုးမြှင့်သွား မည်ဖြစ်သည်။

နိုင်ငံတော်အစိုးရမှ ပြည်သူ များ၏ စိုက်ထုတ်ကုန်ကျငွေ လျော့နည်းစေရေး ရန်ကုန်ဆေး ရုံကြီးသို့ ၂၀၁၃ ခုနှစ်အတွက် ကျပ် ၄ ဒသမ ၅ ဘီလီယံတိုးမြှင့် ချထားပေးခဲ့သည်။ ထို့ကြောင့် စက်တင်ဘာ ၁ ရက်မှစတင်၍ အ ရေးပေါ် လူနာနှင့် အတွင်းလူနာ များအတွက် အခြေခံဓာတ်ခွဲစမ်း သပ်မှု ခုနစ်မျိုးနှင့် ဓာတ်မှန်၊ တယ်လီဗေးရှင်း ဓာတ်မှန်၊ ကွန် ပျူတာ ဓာတ်မှန်ရိုက်ကူးခြင်းများ ကို အခမဲ့ဆောင်ရွက်ပေးလျက် ရှိသည်။

‘‘အခုက အရင်လိုမျိုး ကုန် ကျစရိတ်က သိပ်မရှိတော့ဘူး။ အရင်ကဆိုရင် သွေးသွင်းတာတို့၊ ဓာတ်မှန်ရိုက်တာတို့တွေ ပေးရ တယ်။ အခုက အကုန်လုံး အခမဲ့ လိုဖြစ်သွားတယ်။ ဒါပေမဲ့ တစ်ခု ရှိတာက လူနာကများပြီး ဆရာ ၀န်အင်အားနည်းနေတော့ အချိန် ယူပြီးတော့ စောင့်ရတယ်။ အခု လိုဝန်ထမ်းအင်အား တိုးလာမယ် ဆိုတော့လည်း ပိုအဆင်ပြေသွား တာပေါ့’’ ဟု အရေးပေါ်လူနာအ ဖြစ် လာရောက်ကုသနေသည့် လူ နာရှင်တစ်ဦးက ပြောသည်။

ရန်ကုန်ဆေးရုံကြီးကို ၁၈၉၉ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ ကာ ဆေးကုသမှုဌာနပေါင်း ၂၄ ခု၊ ရောဂါရှာဖွေရေးဌာန ငါးခု နှင့် ဆက်စပ် ဌာနပေါင်း ၁၁ ခုဖြင့်ဖွဲ့စည်းထားပြီး ခုတင် ၁၅၀၀ ဆံ့ဆေးရုံကြီး ဖြစ်သည်။  လက်ရှိတွင် အဆိုပါဆေးရုံကြီး၌  လူနာပေါင်း၁၅၀၀ ၀န်းကျင်အား  ဆေးကုသ ပေးလျက်ရှိသည်။

7 Day Daily

No comments:

Post a Comment