Monday, December 15, 2014

အပြုသဘောဆောင်သည့်စိတ်ဓာတ်ဖြင့် ပူးပေါင်း ဆောင်ရွက်သင့်သည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ အားလုံးနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

နိုင်ငံနှင့် ပြည်သူအတွက် အပြုသဘောဆောင် သည့်စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင် ရွက်သင့်သည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အ စည်းအားလုံးနှင့် ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်က ပြောသည်။
''ကျွန်မတို့ပြည်သူတွေကိုလဲ ဒုက္ခမခံစေချင်ဘူး။ အားလုံးဟာ အေးအေးချမ်းချမ်း သာသာယာယာ နဲ့ နေနိုင်ဖို့အတွက် ကျွန်မတို့ရဲ့ နိုင်ငံ ချမ်းသာဝပြောဖို့အတွက် ဒါကို ပဲကျွန်မလိုလားတာဖြစ်ပါတယ်။ ဒီတော့ အပြုသဘောဆောင်တဲ့ စိတ်ဓာတ်နဲ့ ဆက်ပြီးတော့အားလုံး နဲ့ ပူးပေါင်းဆောင်ရွက်သင့်တဲ့ ပုဂ္ဂိုလ် များ၊ အဖွဲ့အစည်းများအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ပါမယ်'' ဟု ဒေါ် အောင်ဆန်းစုကြည်က ပြောသည်။



ဒီဇင်ဘာ ၁၄ရက်တွင်ကျင်းပ သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ပထမအကြိမ်ဗဟိုကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးနောက် ဆုံးနေ့တွင် ယင်းကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။

၂ဝ၁၅ ရွေးကောက်ပွဲကာလ တွင် အောင်ပွဲခံမည့်ပါတီမှာ မည် သည့်ပါတီမှမဟုတ်ဘဲ ရွေးကောက် ပွဲအောင်ပွဲခံမည့်သူများသည် ပြည် သူများသာ ဖြစ်ရမည်ဟု ဒေါ်အောင် ဆန်းစုကြည်ကပြောသည်။
''၂ဝ၁၅ခုနှစ်ဟာ ရွေးကောက် ပွဲလုပ်မယ့်နှစ်လို့ ဒီလိုပဲအားလုံးဟာ ယူဆထားပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ရှိရင် ကျွန်မပြောချင် တာက ရွေးကောက်ပွဲမှာ အောင်ပွဲ ခံရမယ့်သူတွေဟာ ပြည်သူတွေပဲ ဖြစ်စေရမယ်လို့ မနေ့ကပြောသွား တဲ့အတိုင်းပဲ ထပ်ပြီးတော့ ပြောပါ ရစေ။ ရွေးကောက်ပွဲမှာ အောင်ပွဲ ခံမယ့်သူတွေဟာ ပြည်သူတွေပဲဖြစ် ရပါမယ်။ ဟိုပါတီ၊ ဒီပါတီတွေလဲ မဟုတ်ဘူး။ ပြည်သူတွေပဲ ဖြစ်ရ မယ်။ ပြည်သူတွေက ယုံကြည်ကိုး စားအားထားတဲ့ပါတီဟာ ပြည်သူ့ ရဲ့တာဝန်ကို ထမ်းဆောင်နိုင်မယ်ဆို ရင် ဒီနိုင်ငံအတွက် အများကြီး ကောင်းမှာဖြစ်ပါတယ်''ဟု ယင်းက ဆိုသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ဗဟိုကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးတွင် တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေးတို့ကို ဆက်လက်လုပ်ဆောင် ရန် ထပ်မံအတည်ပြုခဲ့သည်။

ယင်းအပြင် ၂ဝ၁၅ခုနှစ်ကို ပါတီစည်းရုံးရေးနှစ်အဖြစ် သတ်မှတ် ခဲ့ပြီး ဗိုလ်ချုပ်ရာပြည့်နှစ်အဖြစ် အထိမ်းအမှတ်ပွဲများကို နိုင်ငံအဝန်း လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

YM,SYMZ
- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။

Yangon Media Group

No comments:

Post a Comment