Friday, January 30, 2015

ဆရာမနှစ်ဦးအသတ်ခံရမှု တရားခံမှာ တပ်မတော်သားများမဖြစ်နိုင်ဘဲ အမှုမှန်ပေါ်လျှင် တပ်ကို ပုတ်ခတ်စွပ်စွဲရေးသားမှုများ ဥပဒေနှင့်ဆောင်ရွက်မည်ဟုဆို


ကောင်းခါးကျေးရွာမှ ဆရာမနှစ်ဦး အသတ်ခံရသည့် အမှုတွင် ရဲတပ်ဖွဲ့၏ မျက်မြင်စစ် ဆေးချက်များနှင့် ပူးပေါင်းစစ် ဆေးရေးအဖွဲ့၏ စစ်ဆေးဖော် ထုတ်ချက်များအရ တရားခံမှာ တပ်မတော်သားများမဖြစ်နိုင်ဟု နိုင်ငံပိုင်သတင်းစာများတွင် ဖော် ပြထားသည်။ ထို့အပြင်စုံစမ်းစစ် ဆေးမှုများပြီးဆုံး၍ အမှုမှန်ပေါ် ပေါက်လျှင် တပ်မတော်ကို ပုတ် ခတ်စွပ်စွဲမှုများပေါ်ပေါက်ပါက ဥပဒေနှင့်အညီ အရေးယူသွား မည်ဖြစ်ကြောင်း သတင်းထုတ် ပြန်ထားသည်။
ဇန်န၀ါရီ ၂၉ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများမှ တစ်ဆင့် သတင်း ထုတ်ပြန်လိုက်ခြင်း ဖြစ် ပြီး ဆရာမနှစ်ဦးသေဆုံးမှုနှင့်ပတ် သက်၍ အစိုးရတပ်မတော်က ပထမဆုံးအကြိမ် သတင်းထုတ် ပြန်ခြင်းဖြစ်သည်။

ယင်းအမှုကို အမှုစစ်ဆေးနေ သည့် ရဲတပ်ဖွဲ့ကမူ စစ်ဆေးနေ ဆဲအခြေအနေတွင် အသေးစိတ် သတင်းထုတ်ပြန်မည် မဟုတ် ကြောင်း ပြောသည်။
တပ်မတော်က သတင်း ထုတ်ပြန်ရာတွင် တပ်မတော်စစ် ကြောင်းအနေဖြင့် ဇန်န၀ါရီ ၁၉ ရက် နံနက်၌ ကောင်းခါးရွာသို့ ရောက်ရှိအခြေပြုခဲ့ပြီး တပ်မ တော်စစ်ကြောင်း တည်းခိုသည့် အိမ်နှင့် အခင်းဖြစ်ပွားသည့် အိမ်မှာ မီတာ ၅၀၀ ခန့်ကွာဝေးကြောင်း၊ စစ်ကြောင်းရောက်ရှိချိန်နှင့် ပြဿနာဖြစ်ပွားချိန် တိုက်ဆိုင်ခဲ့၍ ယုံမှားသံသယရှိမှုအပေါ် လိုအပ် သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ် ခဲ့ပြီး သက်ဆိုင်ရာစစ်ဆေးရေး အဖွဲ့များကိုလည်း ကူညီမှုများ ပေးခဲ့ကြောင်းပါရှိသည်။ ကောင်းခါး ရွာအနီးရောက်နေသည့် စစ်ကြောင်းကို နယ်မြေလုံခြုံရေးအ တွက် သီးခြားတာဝန်ပေးရန်ရှိ သော်လည်း မပေးတော့ဘဲ အမှုမှန်ပေါ်ပေါက်စေရေး ကူညီရန် အဆိုပါရွာ၌ပင် အခြေပြုနေထိုင် စေကြောင်း သတင်းထုတ်ပြန် သည်။ ထို့အပြင်သေဆုံးသူ ဆရာမတစ်ဦး၏ လက်ထဲတွင် တွေ့ရ သည့် ဆံပင်များနှင့် ပတ်သက်၍လည်း တပ်မတော်သားများ၏ ဆံပင်နမူနာနှင့် DNA တိုက်ဆိုင် စစ်ဆေးစေခဲ့ပြီး ရွာသို့လာရောက် သည့် စစ်ဆေးရေး အဖွဲ့၏ လုံခြုံ ရေးကိုလည်း စောင့်ကြည့်ပေးနေ ကြောင်း သတင်းထုတ်ပြန်သည်။ကောင်းခါးရွာဒေသခံများ က ၎င်းတို့ရွာတွင် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ အစီအစဉ်ဖြင့် စာသင်ကျောင်း ဖွင့်ခဲ့သည်မှာ၆ နှစ်ကျော်ပြီဖြစ်သော် လည်း မည်သည့်ပြဿနာမှ မဖြစ်ခဲ့ဘဲ အစိုးရတပ်မတော်စစ်ကြောင်း ရွာသို့ရောက်သည်နေ့နှင့် တိုက် ဆိုင်စွာ ဖြစ်ပွားခဲ့သည့်အတွက် တပ်မတော်သားများအပေါ် သံသယ၀င်ခဲ့ကြောင်းပြောသည်။ အမှုမှာ ဇန်န၀ါရီ ၁၉ ရက် ညဥ့်သန်းခေါင်အချိန်တွင် ဖြစ်ပွားခဲ့ဖွယ်ရှိပြီး ဇန်န၀ါရီ ၂၀ ရက်နံနက် အစောပိုင်းချိန်တွင် တပ်မတော်သားအချို့ကားဖြင့် ရွာမှ ထွက်သွားခဲ့သည်ကို တွေ့ရသောကြောင့် ရွာသားများက သံသယပိုကြီးခဲ့ကြောင်း ပြောသည်။ကားဖြင့် ထွက် သွားသည်ဆိုသည့် တပ်မတော် သားသုံးဦးမှာ တပ်ကိစ္စဖြင့် သွား ခြင်းဖြစ်ပြီး ၎င်းတို့ကို မူဆယ်ရဲစ ခန်းတွင် စစ်ဆေးခဲ့ကြောင်း တပ်မတော် အရာရှိတစ်ဦးက ပြောသည်။
နောက်ဆုံးရရှိသော သတင်းများအရ ဇန်န၀ါရီ ၂၉ ရက်တွင် ကောင်းခါးရွာသား ခြောက်ဦးအားစစ်ဆေးရေးအဖွဲ့က လာရောက် စစ်ဆေးမေးမြန်းခဲ့သည်။ယင်း မတိုင်မီက ရွာသားနှစ်ဦးကို စစ်ဆေးရန် နှစ်ရက်ကြာ ခေါ် ဆောင်သွားပြီး ယခုအခါရွာသို့ ပြန်ရောက်နေပြီဖြစ်ကြောင်း သတင်းရရှိ သည်။
7Day Daily

No comments:

Post a Comment