Tuesday, January 27, 2015

လမ်းခင်းကျောက်အလုပ်သမားများအား KIA အဖွဲ့မှ ရိက္ခာများ တောင်းခံ


Photo: လမ်းခင်းကျောက်အလုပ်သမားများအား KIA အဖွဲ့မှ ရိက္ခာများ တောင်းခံ

Tuesday, January 27, 2015

ကချင်ပြည်နယ်၊ မိုညှင်းမြို့နယ်၊ ဘီးလူးကျေးရွာအုပ်စု၊ အုန်းဆံဆိုင်ကျေးရွာ၊ နန့်ဟန်ဂါးချောင်းဘေး တစ်လျှောက်၌ လမ်းခင်းကျောက်တူးဖော်နေသော အလုပ်သမားများထံမှ ဇန်နဝါရီလ ၂၆ ရက်နေ့က ကချင် လွတ်မြောက်ရေး တပ်မတော် KIA အဖွဲ့မှ ရိက္ခာများတောင်းခံသွားကြောင်း သိရသည်။

“အလုပ်သမားတွေက ပိုက်ဆံမရှိလို့ လမ်းခင်းကျောက် တူးဖော်နေကြတာ များပါတယ်၊ တစ်နေ့ရတဲ့လုပ်အားခ လေးနဲ့ သူတို့မှာ ထမင်း၊ဟင်း ချက်ပြုတ်စားသောက်နေရတာ၊ မရှိလို့ အလုပ်လုပ်နေတဲ့သူတွေကိုမှ သူတို့တွေက အနိုင်ကျင့်နေတယ်”ဟု ရွာသားတစ်ဦးက ပြောသည်။
KIA အဖွဲ့မှ ရိက္ခာနှင့် အစားအသောက်များ အတင်းအကြပ်ကောက်ခံမှုကြောင့် လမ်းခင်းကျောက်တူးဖော်နေ သူများအနေဖြင့် စားဝတ် နေရေးအခက်အခဲများ ရှိနေကြောင်း လမ်းခင်းကျောက်တူးဖော်သူများထံမှသိရသည်။
“တောင်ယာလုပ်ကိုင်စားသောက်စရာမရှိလို့ လမ်းခင်းကျောက်တွေ လိုက်လံတူးဖော်နေရတာပါ၊ တစ်နေ့ ကိုယ်တူးနိုင်တဲ့အနေအထားနဲ့ပဲ ပိုက်ဆံကရတာ၊ ငွေပိုငွေလျှံဆိုတာမရှိပါဘူး၊ လုပ်အားခလေးရမှ ဆန်လေး ဘာလေးဝယ်နေရတဲ့ဘဝပါ၊ နည်းနည်းပါးပါး ထမင်းလေးဘာလေး အကူညီတောင်းရင်းတော့ ကျွေးနိုင်ပါ တယ်”ဟု ဒေသခံလမ်းခင်းကျောက် တူးဖော်နေသောအလုပ်သမားတစ်ဦးက ပြောသည်။

ယခုလို KIA အဖွဲ့နေဖြင့် ဒေသခံတိုင်းရင်းသားများထံမှ မကြာခဏ ဆက်ကြေးကောက် ခံ လျက်ရှိသည့်အပြင် လမ်းခင်းကျောက် တူးဖော်နေသောအလုပ်သမားများထံမှလည်း ရိက္ခာတောင်းခံခြင်း များ ပြုလုပ်လျက်ရှိနေသော ကြောင့် ကချင်ပြည်နယ်ကြီးတိုးတက်ရေးလို့ ပါးစပ်ကသာပြောနေပြီး လက်တွေ့မှာတော့ ၎င်းတို့ အပြောတွေနဲ့ မညီ လုပ်ကိုင်ဆောင်ရွက်နေသောကြောင့် ဒီဒေသကြီးဟာ ငြိမ်းချမ်းရေး၊ တိုးတက်ရေးတို့နဲ့ အလှမ်းဝေး နေအုံးမှာပဲဖြစ်ကြောင်း မြစ်ကြီး နားမြို့ခံစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသွားခဲ့သည်။

ဇော်လွှမ်းအောင်
Kachin Daily News
ကချင်ပြည်နယ်၊ မိုညှင်းမြို့နယ်၊ ဘီးလူးကျေးရွာအုပ်စု၊ အုန်းဆံဆိုင်ကျေးရွာ၊ နန့်ဟန်ဂါးချောင်းဘေး တစ်လျှောက်၌ လမ်းခင်းကျောက်တူးဖော်နေသော အလုပ်သမားများထံမှ ဇန်နဝါရီလ ၂၆ ရက်နေ့က ကချင် လွတ်မြောက်ရေး တပ်မတော် KIA အဖွဲ့မှ ရိက္ခာများတောင်းခံသွားကြောင်း သိရသည်။

“အလုပ်သမားတွေက ပိုက်ဆံမရှိလို့ လမ်းခင်းကျောက် တူးဖော်နေကြတာ များပါတယ်၊ တစ်နေ့ရတဲ့လုပ်အားခ လေးနဲ့ သူတို့မှာ ထမင်း၊ဟင်း ချက်ပြုတ်စားသောက်နေရတာ၊ မရှိလို့ အလုပ်လုပ်နေတဲ့သူတွေကိုမှ သူတို့တွေက အနိုင်ကျင့်နေတယ်”ဟု ရွာသားတစ်ဦးက ပြောသည်။
KIA အဖွဲ့မှ ရိက္ခာနှင့် အစားအသောက်များ အတင်းအကြပ်ကောက်ခံမှုကြောင့် လမ်းခင်းကျောက်တူးဖော်နေ သူများအနေဖြင့် စားဝတ် နေရေးအခက်အခဲများ ရှိနေကြောင်း လမ်းခင်းကျောက်တူးဖော်သူများထံမှသိရသည်။

“တောင်ယာလုပ်ကိုင်စားသောက်စရာမရှိလို့ လမ်းခင်းကျောက်တွေ လိုက်လံတူးဖော်နေရတာပါ၊ တစ်နေ့ ကိုယ်တူးနိုင်တဲ့အနေအထားနဲ့ပဲ ပိုက်ဆံကရတာ၊ ငွေပိုငွေလျှံဆိုတာမရှိပါဘူး၊ လုပ်အားခလေးရမှ ဆန်လေး ဘာလေးဝယ်နေရတဲ့ဘဝပါ၊ နည်းနည်းပါးပါး ထမင်းလေးဘာလေး အကူညီတောင်းရင်းတော့ ကျွေးနိုင်ပါ တယ်”ဟု ဒေသခံလမ်းခင်းကျောက် တူးဖော်နေသောအလုပ်သမားတစ်ဦးက ပြောသည်။

ယခုလို KIA အဖွဲ့နေဖြင့် ဒေသခံတိုင်းရင်းသားများထံမှ မကြာခဏ ဆက်ကြေးကောက် ခံ လျက်ရှိသည့်အပြင် လမ်းခင်းကျောက် တူးဖော်နေသောအလုပ်သမားများထံမှလည်း ရိက္ခာတောင်းခံခြင်း များ ပြုလုပ်လျက်ရှိနေသော ကြောင့် ကချင်ပြည်နယ်ကြီးတိုးတက်ရေးလို့ ပါးစပ်ကသာပြောနေပြီး လက်တွေ့မှာတော့ ၎င်းတို့ အပြောတွေနဲ့ မညီ လုပ်ကိုင်ဆောင်ရွက်နေသောကြောင့် ဒီဒေသကြီးဟာ ငြိမ်းချမ်းရေး၊ တိုးတက်ရေးတို့နဲ့ အလှမ်းဝေး နေအုံးမှာပဲဖြစ်ကြောင်း မြစ်ကြီး နားမြို့ခံစီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသွားခဲ့သည်။

ဇော်လွှမ်းအောင်
Kachin Daily News

No comments:

Post a Comment