Sunday, February 8, 2015

ဗိုလ်ချုပ်အောင်ဆန်း ရာပြည့် ဖွင့်ပွဲ ပြည်သူသောင်းနှင့်ချီ တက်ရောက်



ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့်ပွဲကို နတ်မောက်မြို့ တွင် ဖေဖော်ဝါရီ ၇ ရက်က စတင် ကျင်းပဖွင့်လှစ်ခဲ့ရာ အနယ်နယ် အရပ်ရပ်မှ ပြည်သူသောင်းနှင့်ချီ ၍ တက်ရောက်ဂါရ၀ပြုခဲ့ကြောင်း သတင်းရရှိသည်။
ဗိုလ်ချုပ်အောင်ဆန်းမွေး ဖွားရာဇာတိမြို့ဖြစ်သော နတ် မောက်မြို့တွင် ဗိုလ်ချုပ်နှစ်(၁၀၀) ပြည့်ပွဲကို ဖေဖော်ဝါရီ ၇ ရက် မှ ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ် မွေးနေ့အထိ သီတင်းတစ်ပတ် တိုင် ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်းမှ ဧည့်သည့် တစ်သိန်းကျော် လာရောက်မည် ဟု ခန့်မှန်းကြောင်း ဗိုလ်ချုပ်ရာ ပြည့်ဗဟို ကော်မတီက ပြောကြား သည်။
ဗိုလ်ချုပ်ရာပြည့်ပွဲသို့ အနယ် နယ်အရပ်ရပ်မှ တက်ရောက်လာ သော ပြည်သူများအား နံနက်ပိုင်း တွင် ပဲပြုတ်နှင့်နံပြားလှူဒါန်းခဲ့ကြပြီး ယနေ့ဖွင့်ပွဲမှစ၍ ဗိုလ်ချုပ်၏ မွေးနေ့ရောက်သည်အထိ ရက်သတ္တ တစ်ပတ်လုံး လှူဒါန်းကျွေးမွေးမည်ဖြစ်သည်။

၇ ရက်တိုင်တိုင်ကျင်းပမည့် နတ်မောက်မြို့ ဗိုလ်ချုပ်အောင် ဆန်းနှစ်(၁၀၀)ပြည့်ပွဲတွင် လာ ရောက်ကြသော အနယ်နယ်အ ရပ်ရပ်မှဧည့်သည်များအား နတ် မောက်မြို့တွင်နေထိုင်တည်းခို ရန် တည်းခိုခန်းမရှိခြင်းကြောင့် ယင်းကိစ္စများ အဆင်ပြေစေရန် ဗိုလ်ချုပ်ရာပြည့် ဗဟိုကော်မတီက တာဝန်ယူ ဆောင်ရွက်ပေးနေကြောင်း ကော်မတီမှ တာဝန်ရှိသူက ပြောကြားသည်။
‘‘အဒေါ်တို့က နီးပါတယ် နတ်မောက်နဲ့။ အဓိကကဗိုလ်ချုပ် အိမ်ကိုရောက်ဖူးချင်တာ။ မြေး တွေလည်းပါတယ်။ သူတို့ကို လည်း ရောက်ဖူးစေချင်တယ်။ အဒေါ်ကိုယ်တိုင် အသက်ကြီးပြီ။ ဒါပေမဲ့ ဗိုလ်ချုပ်အိမ်ကိုမရောက် ဖူးသေးဘူး။ ခုဒီလိုပွဲမျိုးမှာ အ ရောက်လာခဲ့တာ’’ ဟု ပိတောက် နက်ကျေးရွာမှ လာရောက်ခဲ့သူ ဒေါ်တင်ရွှေကပြောသည်။
ဗိုလ်ချုပ်ရာပြည့် ဖွင့်လှစ်ပွဲတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားခဲ့သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နာယကဦးတင်ဦးကလည်း ဗိုလ်ချုပ်အောင်ဆန်းမှာ မြန်မာနိုင်ငံ၏ ပထမဆုံးကာကွယ်ရေး ဦးစီးချုပ်ဖြစ်ပြီး ၎င်းအနေဖြင့် ကာကွယ်ရေးဦးစီးချုပ်တာဝန် ယူခဲ့ရခြင်းအပေါ် ၀မ်းသာခဲ့ရကြောင်းနှင့် ဗိုလ်ချုပ်ရာပြည့်ပွဲ ကြုံတွေ့ပြီး အမှာစကားပြောရခြင်း အပေါ် ၀မ်းသာကြောင်း ပြောကြားသည်။
နေ့စဉ် တရားပွဲများနှင့် အနုပညာရှင်များက ၂၄ နာရီလုံး ဖျော်ဖြေသွားမည်ဖြစ်သည့်အ ပြင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေး နေ့ဖြစ်သောဖေဖော်ဝါရီ ၁၃ရက် တွင် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် လာရောက်မည်ဖြစ် ကြောင်း သတင်းရရှိသည်။
နတ်မောက်မြို့တွင် ဗိုလ်ချုပ်နှစ်(၁၀၀)ပြည့်ပွဲ ဖွင့်လှစ်ကျင်းပနေစဉ် (ဓာတ်ပုံ − မိုးကျော်)
7Day Daily

No comments:

Post a Comment