Wednesday, April 22, 2015

အစိုးရတပ်နှင့် ရက္ခိုင့်တပ်မတော်ကြား တိုက်ပွဲများကြောင့် ဒေသခံ ၅၀၀ ခန့် ထွက်ပြေး

 မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ ကြောင့် ဒေသခံပြည်သူ ၅၀၀ ခန့်ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ်အကူအညီများ လိုအပ် နေကြောင်း သတင်းရရှိသည်။

မြန်မာ့တပ်မတော်နှင့် AA တပ်ဖွဲ့များသည် ကျောက်တော် မြို့ မြောက်ဘက် ပင်လုံကျေးရွာ နှင့် အောင်လံချောင်းကျေးရွာအ နီးတွင် ပြီးခဲ့သည့်ရက်ပိုင်းက ထိတွေ့တိုက်ပွဲ ငါးကြိမ် ထက်မနည်း ဖြစ်ပွားခဲ့သည်။ တိုက်ပွဲများကြောင့် ပင်လုံ၊ အောင်လံချောင်း၊  ဆင်ချောင်းစသည့် ကျေးရွာများမှ ဒေသခံ ၅၀၀ ခန့် မှာ အနီးဝန်းကျင်ရှိ စပါးဆိပ်ကျေးရွာ၌ ယာယီ ခိုလှုံနေရပြီး အကူညီများ  လိုအပ် နေကြောင်း ဒေသခံအကူအညီ ပေး ရေးအဖွဲ့များက ပြောသည်။
‘‘စာသင်ကျောင်းမှာ ခိုလှုံနေရတယ်။ စားနပ်ရိက္ခာအရေးပေါ်လိုနေတယ်’’ဟု ကျောက်တော် မြို့မိမြို့ဖတစ်ဦးကဆိုသည်။
တားမြစ်မှုအချို့ရှိသော်လည်း စစ်ဘေးရှောင် ပြည်သူများအား စပါးဆိပ်ကျေးရွာအထိ သွားရောက်၍ အကူအညီများပေးအပ်သွားမည်ဟု ကျောက်တော်မြို့နယ် အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်လှမေက ပြောသည်။
ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့အ ရာရှိတစ်ဦးက ‘‘စပါးဆိပ်ဘက်မှာ တော့ တိမ်းရှောင်သူတချို့ရှိတယ် လို့ ကြားပါတယ်။ ကျွန်တော်တို့ လည်း သေချာမသိရသေးလို့ပါ’’ ဟု ပြောသည်။
ရခိုင်ဒေသတွင် လတ်တ လောပြန်လည်ဖြစ်ပွားခဲ့သော တိုက်ပွဲများမှာ နှစ်ပေါင်း ၃၀ ခန့်အတွင်း မြန်မာ့တပ်မတော်နှင့် ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား ပထမဆုံးအကြိမ် ပြန်လည်ဖြစ်ပွားသော တိုက်ပွဲများဖြစ်သည်။
တိုက်ပွဲများနှင့် ပတ်သက်၍ AA ဘက်က  ၎င်းတို့ လှုပ်ရှား စစ် ကြောင်းများနှင့် မြန်မာ့တပ်မ တော်တို့ကြား ကျောက်တော်မြို့ မြောက်ဘက်တွင် ငါးကြိမ်ထက် မနည်းတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်သည်။ တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင်မူ AA ဟု မပါရှိဘဲ သတင်းအရ နယ်မြေရှင်းလင်းမှုဆောင်ရွက်စဉ် ရခိုင်သောင်းကျန်းသူအဖွဲ့ များနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။
7Day Daily 

No comments:

Post a Comment