Sunday, April 26, 2015

ဒလမြို့ မင်းရွာဆိပ်ကြီး ကျေးရွာတွင် နေရောင်ခြည်စွမ်းအင်သုံးစနစ်ဖြင့် လျှပ်စစ်မီးပေးမည်

မင်းရွာဆိပ်ကြီးရွာတွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်မီးရရှိရန် ဆိုလာပြားများ တပ်ဆင်ထားစဉ် (ဓာတ်ပုံ - ဟိန်းသာ)
မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းနှင့် ဘရိုက်ဖောင်ဒေးရှင်း တို့ ပူးပေါင်း၍ ဒလမြို့နယ်ရှိ မင်း ရွာဆိပ်ကြီး ကျေးရွာတွင် နေရောင်ခြည် စွမ်းအင်သုံး (ဆိုလာပြား)စနစ်ဖြင့် အချိန်ပြည့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက် မည် ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါကျေးရွာတွင် အိမ် ခြေပေါင်း ၁၄၄အိမ်ရှိကာ လူဦး ရေ ၆၀၀ခန့်နေထိုင်ပြီး လျှပ်စစ်မီး မရရှိသေး ခြင်းကြောင့် ယခုကဲ့သို့ တစ်အိမ်လျှင် ဘက်ထရီအိုးတစ်လုံးနှင့် မီးအိမ်တစ်လုံးစီ ထောက်ပံ့မည်ဖြစ် ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမော က္ခ ဒေါက်တာ သာလှရွှေက ပြော ကြားသည်။

‘‘ဒီရွာကို ခုကစပြီးတော့ မီးပေးနိုင်ပါပြီ။ ကျွန်တော်တို့အနေနဲ့ ငါးနှစ်စီမံကိန်းနဲ့ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ပြီးတော့ နောက်ငါးနှစ်တာကာလအထိ အစိုးရက လျှပ်စစ်မီးမပေးနိုင်သေးတဲ့ ရွာတွေကိုလည်း ဒီလိုပဲ ထောက်ပံ့ မှု စီမံချက်မျိုးတွေလုပ်ဖို့ ရှိပါတယ်’’ဟု ၎င်းကပြောသည်။ 

နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်မီးစက်မှာ တစ်နာရီလျှင် ၄၀ ကီလိုဝပ်ထုတ်လုပ်နိုင်၍ ယင်းစနစ်ဖြင့် လျှပ်စစ်ဓာတ်အားသွင်းလျှင် ငါးရက်ကြာမြင့်သည်အထိ လျှပ် စစ်မီးအသုံးပြုနိုင်ပြီး ရေမော်တာများလည်း အသုံးပြုနိုင်ကြောင်း သိရသည်။

လျှပ်စစ်မီးအလင်းရောင် အသုံးပြုလာနိုင်ပါက အဆိုပါ ကျေးရွာတွင် ပညာရေး၊ ကျန်းမာ ရေးနှင့် သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ အာမခံချက်များ ရရှိ လာခြင်း၊ ကျေးရွာဝင်ငွေတိုးပွား ရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ခြင်းစသည့် အကျိုးသက် ရောက်မှုများ ဖြစ်ပေါ်လာနိုင် ကြောင်း ဘရိုက်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ဒလမြို့နယ် မင်းရွာဆိပ် ကြီးကျေးရွာမှာ လျှပ်စစ်မီးမရရှိ ခြင်းအပြင် သောက်ရေသန့်မရ ခြင်းနှင့် ကျေးလက် ကျန်းမာရေး ဆေးပေးခန်းများ မရှိခြင်းစသည့် အခက်အခဲများ ဖြစ်ပေါ်နေ ကြောင်း ဒေသခံ အချို့ က ပြော သည်။ ‘‘အခုမှ ပထမဦးဆုံးမီးရတာ ပါ။ အရင်ကဆို တစ်နေ့ကို မီး တစ်ပွင့် တစ်ရာပေးပြီး မီးစက် မောင်းတဲ့အိမ်ကနေ ၀ယ်သုံးရ တယ်။ ပြီးတော့ မီးက ည၁၀နာရီ ထိပဲ ပေးတော့ အခက်အခဲဖြစ် တယ်။ အခုလို အချိန်ပြည့် မီးရ မယ်ဆိုတော့ ကောင်းပါတယ်’’ ဟု ဒေသခံဦးတင်အေးက ပြော သည်။

ဘရိုက်ဖောင်ဒေးရှင်းသည် ဆိုလာပြားထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး လျှပ်စစ်မီးလိုအပ် လျက်ရှိသော နေရာများသို့ ယင်း ဆိုလာစနစ်ကို ထောက်ပံ့ပေး လျက်ရှိသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ မြန်မာ နိုင်ငံတွင် ယင်းစနစ်ကို ပထမဦးဆုံးအကြိမ်အ ဖြစ် ကူညီထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှသိရသည်။

7Day DAILY

No comments:

Post a Comment