Wednesday, April 22, 2015

လောက်ကိုင်ဒေသတိုက်ပွဲများတွင် နိုင်ငံတော်အတွက်အသက်ကိုပဓာနမထားဘဲရဲဝံ့စွန့်စားစွာတာဝန်ထမ်းဆောင်ရင်းထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသောတပ်မတော်သားများအား တပ်ချုပ်ရင်းနှီးနွေးထွေးစွာတွေ့ဆုံဂုဏ်ပြုအားပေး

တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ဇနီးဒေါ်ကြူကြူလှ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးလှဌေးဝင်း၊ ကာကွယ် ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီးသူရ သက်ဆွေ၊ ကာကွယ်ရေးဦးစီးချုပ် (လေ)ဗိုလ်ချုပ်ကြီးခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ် မတော်အရာရှိကြီးများနှင့်ဇနီးများ၊ တာဝန်ရှိသူများနှင့်သတင်းမီဒီယာ များလိုက်ပါလျက် ယခုလ၁၈ရက် နံနက်ပိုင်းက လားရှိုးတပ်နယ် တပ်မတော်ဆေးရုံသို့သွားရောက် ကာ ယခုကာလအတွင်းဖြစ်ပွားခဲ့ သည့် လောက်ကိုင်ဒေသတိုက်ပွဲ များတွင် နိုင်ငံတော်နှင့်တပ်မတော် အတွက်စွန့်လွှတ်စွန့်စားသည့် စိတ် ဓာတ်ဖြင့် စွမ်းစွမ်းတမံသက်စွန့် ကြိုးပမ်းတာဝန်ထမ်းဆောင်ရင်း ထိခိုက်ဒဏ်ရာရရှိပြီးဆေးကုသမှု ခံယူနေသည့်အရာရှိ၊စစ်သည်များကို ရင်းနှီးနွေးထွေးစွာတွေ့ဆုံ၍ဂုဏ်ပြု အားပေးစကားပြောကြားသည်။

ရှေးဦးစွာ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များ သည် ဆေးရုံတက်ရောက်ကုသမှု ခံယူနေသော အရာရှိ၊ စစ်သည်နှင့် ၄င်းတို့၏မိသားစုများအား တစ်ဦး ချင်းရင်းရင်းနှီးနှီးတွေ့ဆုံ၍ ထိခိုက် ဒဏ်ရာရရှိမှုနှင့်ဆေးကုသမှု အခြေ အနေအသေးစိတ်ကိုမေးမြန်းကာ ဆေးကုသမှုဆိုင်ရာလိုအပ်ချက်များ၊ စစ်သည်တစ်ဦးချင်း၏တင်ပြချက် များကို ဖြည့်ဆည်းဆောင်ရွက်ပေး ပြီး ထောက်ပံ့ငွေ၊ ပစ္စည်းနှင့်စား သောက်ဖွယ်ရာများပေးအပ်ကာ ထိခိုက်ဒဏ်ရာရရှိသော အရာရှိ၊ စစ်သည်များ၊ တိုင်းပြည်အတွက် အသက်စွန့်လွှတ်ခဲ့ရသောအရာရှိ၊ စစ်သည်များ၏ မိသားစုများနှင့် မစွမ်းမသန်ဖြစ်သွားသော အရာရှိ၊ စစ်သည်များ၏ ဘဝရပ်တည်ရေး နှင့်နေထိုင်နိုင်ရေးအတွက် ပူပင် ကြောင့်ကျမှုမရှိစေရန်နှင့် ဘဝ အာမခံချက်ရှိရန် ဆောင်ရွက်ပေး ထားသည့်အခြေအနေများနှင့်ဆက် လက်ဆောင်ရွက်ပေးမည့် အစီအစဉ် များကို နှစ်သိမ့်အားပေးစကား ပြောကြားပြီး လိုအပ်သောအုပ်ချုပ် မှုကိစ္စရပ်များကို ဖြည့်ဆည်းဆောင် ရွက်ပေးသည်။

ထို့အတူတပ်မတော်ကာကွယ် ရေးဦးစီးချုပ်၏ဇနီးဒေါ်ကြူကြူလှ နှင့်အဖွဲ့ဝင်များသည် ဆေးကုသမှု ခံယူနေသော အမျိုးသမီးလူနာ ဆောင်ရှိ မိသားစုဝင်များကို တွေ့ ဆုံအားပေးစကားပြောကြားပြီး ထောက်ပံ့ငွေနှင့်ပစ္စည်းများ၊ စား သောက်ဖွယ်ရာများပေးအပ်သည်။

ဆက်လက်၍ ညနေပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်တပ် နယ်ရှိတပ်မတော်ဆေးရုံသို့ ရောက် ရှိပြီး နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို သက်စွန့်ကြိုးပမ်း ထမ်းရွက်ရင်း ထိခိုက်ဒဏ်ရာရရှိ ပြီး ဆေးရုံတက်ရောက်ကုသမှုခံယူ လျက်ရှိသော အရာရှိ၊ စစ်သည် များအား တစ်ဦးချင်းရင်းနှီးစွာ တွေ့ဆုံ အားပေးစကားပြောကြား ကာ ထောက်ပံ့ငွေ၊ ပစ္စည်းနှင့်စား သောက်ဖွယ်ရာများပေးအပ်ခဲ့သည်။

အလားတူ Red Link ကုမ္ပဏီ၊ စကိုင်းဝမ်းဆောက်လုပ်ရေးကုမ္ပဏီ၊ Adventure Myanmar Group ကုမ္ပဏီလီမိတက်နှင့်မင်းဒင်ဖောင် ဒေးရှင်းတို့မှတာဝန်ရှိသူများကလည်း ဆေးရုံတက်ရောက်ကုသမှုခံယူနေ သည့် အရာရှိ၊ စစ်သည်များအား ထောက်ပံ့ငွေနှင့် ပစ္စည်းများကို တစ်ဦးချင်းပေးအပ်ခဲ့ကြသည်။

လားရှိုးတပ်နယ်နှင့်ပြင်ဦးလွင် တပ်နယ်ရှိ တပ်မတော်ဆေးရုံတွင် နိုင်ငံတော် ကာကွယ်ရေးတာဝန် များအတွက် အသက်ကိုပဓာန မထားဘဲ စွန့်လွှတ်စွန့်စားစွာတိုက် ပွဲဝင်ရင်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြ သည့် အရာရှိ၊ စစ်သည်များနှင့် ဆေးကုသမှုများဆောင်ရွက်ပေးနေ သည့် တပ်မတော်ဆေးရုံမှ တာဝန် ရှိသူများကိုသတင်းမီဒီယာများက သိရှိလိုသည်များမေးမြန်းခဲ့ကြသည်။

၎င်းအပြင် ယနေ့တွင် တပ် မတော် (ကြည်း၊ရေ၊လေ)မိသားစု များက လောက်ကိုင်ဒေသ၌ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲ ရေးအတွက် ကိုယ်ကျိုးစွန့်တိုက်ပွဲ ဝင်နေကြသော တပ်မတော်သား များနှင့်မိသားစုများ အာဟာရဖြည့် စားသုံးရန် ထောပတ်ထမင်းအထုပ် ၅ဝဝဝ၊ ရွှေပုစွန်ကိတ်အလုံး၈၁ဝနှင့် အချိုရည်ဘူး၅ဝဝဝတို့ကို ရဟတ် ယာဉ်၊ မော်တော်ယာဉ်များဖြင့် လောက်ကိုင်ဒေသသို့ ပို့ဆောင်ပေး ခဲ့သည်။

ယခုလ ၁၇ ရက်ကလည်း လောက်ကိုင်ဒေသတွင် တိုက်ပွဲဝင် နေသော တပ်မတော်သားများ အတွက် ခေါက်ဆွဲကြော်အထုပ် ၅ဝဝကိုပေးပို့ခဲ့ကြောင်းသိရသည်။

ဖုန်ကြားရှင်ဦးဆောင်သော ကိုးကန့်သောင်းကျန်းသူများသည် ပြည်ထောင်စုနေ့မတိုင်မီ လောက် ကိုင်မြို့ကိုသိမ်းပိုက်ပြီး နိုင်ငံတော် အစိုးရအကျပ်အတည်းဖြစ်စေရန် နိုင်ငံရေး၊ စစ်ရေး အကျပ်ကိုင်မှု များ ပြုလုပ်ရန်ရည်ရွယ်၍ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်မှ စတင် ကာ လောက်ကိုင်ဒေသကို တိုက် ခိုက်မှုများပြုလုပ်လာခဲ့သည်။ ကိုး ကန့်သောင်းကျန်းသူများသည် အခြား လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ များနှင့်ပူးပေါင်း၍ လောက်ကိုင် ဒေသကို သိမ်းပိုက်ရရှိရေးတိုက် ပွဲများစတင်ဆင်နွှဲတိုက်ခိုက်ခဲ့သော် လည်း မြန်မာ့တပ်မတော်အနေဖြင့် နိုင်ငံတော်၏အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ကာကွယ် စောင့်ရှောက်ရန်နှင့်ဒေသတည်ငြိမ် အေးချမ်းရေးအတွက် အသက် ကိုပဓာနမထားဘဲ တပ်မတော် သားတို့၏ အသက်၊ သွေး၊ ချွေး များပေးဆပ်ကာ ရွပ်ရွပ်ချွံချွံ၊ ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်း တိုက်ခိုက်နိုင်မှုများကြောင့် ယခု အခါလောက်ကိုင်ဒေသတစ်ခုလုံးရှိ အဓိကအရေးကြီးသော တောင် ကုန်းများ၊ အချက်အချာနယ်မြေ များကို သိမ်းပိုက်ထိန်းချုပ်ထား နိုင်ပြီဖြစ်ကြောင်း သိရသည်။

The Union Daily 

No comments:

Post a Comment