Thursday, April 9, 2015

သင်္ကြန်မဏ္ဍပ်များတွင် နေ့စဉ် ဗုံးအန္တရာယ်စစ်ဆေးမည်


ရန်ကုန်၊ သင်္ကြန်မဏ္ဍပ်များ၌ ဗုံးအန္တရာယ် ကင်းရှင်းစေရန် နေ့စဉ်စစ်ဆေးမှုများ ပြု လုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေး ဝန်ကြီး ဦးတင်ဝင်းက ပြောသည်။
ယင်းစစ်ဆေးမှုအား တစ်နေ့လျှင် နှစ်ကြိမ် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိ ရသည်။
''ရေကစားရပ်နားတဲ့ အချိန်တွေမှာ စစ်ဆေးသွားမှာပါ။ တစ်နေ့ကိုနှစ်ကြိမ် မဏ္ဍပ်အားလုံးကို စစ်ဆေးသွားမှာပါ။ ဗုံးအန္တရာယ် ကင်းရှင်းရေးအပြင် မှုခင်း ကင်းရှင်းရေးတွေပါ ဆောင်ရွက်သွားမှာ ပါ''ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မဏ္ဍပ်အပြည့်မြင်နိုင်ရန် စီစီတီဗွီ ကင်မရာများအားလည်း တပ်ဆင်ခိုင်း ထားကြောင်းလည်း ကမာရွတ်မြို့နယ် ရဲမှူးဇော်ဝင်းက ပြောသည်။
''မဏ္ဍပ်အနီးအနားတွေမှာလဲ ကျွန် တော်တို့ လုံခြုံရေး ချမှတ်သွားမှာပါ။ မဏ္ဍပ်တွေကိုလဲ လုံခြုံရေး ငှားရမ်းသုံးစွဲ ဖို့အတွက် ညွှန်ကြားထားပါတယ်''ဟု ပြောသည်။

ဗုံးစစ်ဆေးခြင်းအား နံနက် ၇ နာရီ မထိုးခင်နှင့် ည ၆ နာရီနောက်ပိုင်း စစ် ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်္ကြန်တွင်း ဖြစ်ပွားလေ့ရှိသည့် အန္တရာယ်များအား မိဘများအနေနှင့် စိတ်ပူရကြောင်းကိုလည်း မိဘတစ်ဦး ဖြစ်သူ ဒေါ်အေးသန်းက ''စိတ်ပူရပါ တယ်။ တစ်နှစ်မှ တစ်ခါဆိုတော့လဲ တား လို့မရပါဘူး။ ရန်ပွဲတွေ၊ မူးယစ်ဆေးသုံး စွဲတာတွေ၊ နောက်ဆုံး ဗုံးပေါက်တဲ့အ ထိပါပဲ။ စိတ်ပူရတယ်။ မိန်းကလေးမိဘ တွေဆို ပိုပြီးစိတ်ပူရမှာပါ''ဟု ပြောသည်။

ယင်းကဲ့သို့ စစ်ဆေးခြင်းမှာ ၂ဝ၁ဝ ပြည့်နှစ် မဏ္ဍပ်တစ်ခုအနီးတွင် ဗုံးသုံး လုံး ပေါက်ကွဲမှုဖြစ်ပြီးနောက် နှစ်စဉ် စစ် ဆေးခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ဗုံးအန္တရာယ် ကင်းရှင်း ရေးအတွက် စစ်ဆေးမှုများ၊ လုံခြုံရေး ချ မှတ်မှုများအပြင်၊ မဏ္ဍပ်အတွင်း အလုံ ပိတ်အခန်းများ ရှိ၊ မရှိအားလည်း စစ် ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါး၊ လိင်စိတ်ကြွဆေး များ၊ အရက်သေစာ စသည်တို့ ရောင်းချ မှု၊ အလုံပိတ်အခန်းများတွေ့ရှိပါက မဏ္ဍပ် အား ပိတ်သိမ်းသည်အထိ အရေးယူသွား မည်ဖြစ်ကြောင်း သိရသည်။

Yangon Media Group 

No comments:

Post a Comment